ဂျူဗင်တပ်စ်အသင်း၏ အရှုပ်အထွေးကို အယ်လီဂရီ စိုးရိမ်မှုမရှိ

ဂျူဗင်တပ်စ်အသင်း၏ အရှုပ်အထွေးကို အယ်လီဂရီ စိုးရိမ်မှုမရှိ
Photo: Getty Images
Photo: Getty Images
Published 6 December 2021

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက လက်ရှိအချိန်တွင် ရင်ဆိုင်နေရသည့် သူ၏အသင်းအရှုပ်အထွေးများအတွက် စိုးရိမ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဘဏ်စာရင်းအတုပြုလုပ်ကာ ကစားသမားများ၏ အပြောင်းအရွှေ့နှင့် မှတ်ပုံတင်ကိစ္စရပ်များတွင် မသမာမှုပြုလုပ်ခဲ့သည်ဆိုသောစွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။

အယ်လီဂရီက ''အသင်းတာဝန်ရှိသူတွေက ကျွန်တော်တို့အသင်းကို တည်ငြိမ်အောင် ဆောင်ရွက်ပေးထားပါတယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲတွေအနိုင်ရအောင်ပဲ ရည်ရွယ်ထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ စုံစမ်းစစ်ဆေးမှုအပေါ် ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ ကျွန်တော်တို့အသင်းက ပရော်ဖက်ရှင်နယ်ဆန်ဆန် တည်ဆောက်ထားပါတယ်'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့်ဒု-ဥက္ကဋ္ဌ နက်ဗက်တို့အပါအဝင် ဒါရိုက်တာများ စုံစမ်းခံနေရသည်။

Most Read

Most Recent