ဖာဂူဆန်အတွက် ထုလုပ်မည့်ရုပ်တုကို အဘာဒင်း အတည်ပြု

ဖာဂူဆန်အတွက် ထုလုပ်မည့်ရုပ်တုကို အဘာဒင်း အတည်ပြု
Photo: Daily Mail
Photo: Daily Mail
Published 6 December 2021

မန်ယူနည်းပြဟောင်း ဖာဂူဆန်၏ ဇာတိမြေ စကော့တလန်မှ အသင်းဟောင်းတစ်သင်းဖြစ်သည့် အဘာဒင်းအသင်းသည် ဖာဂူဆန်အတွက် ဂုဏ်ပြုထုလုပ်မည့် ရုပ်တုကို စနေနေ့က အတည်ပြုကြေညာခဲ့သည်။

အဆိုပါရုပ်တုကို လာမည့်နှစ် အစောပိုင်းတွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ဖာဂူဆန်သည် အဘာဒင်းအသင်းကို (၈)နှစ်ကိုင်တွယ်ခဲ့ရာတွင် လိဂ်ချန်ပီယံဆု (၃)ကြိမ်နှင့် Cup Winners'Cup တစ်ကြိမ် ရယူပေးခဲ့သည်။

ယခုရုပ်တုမှာ အဘာဒင်းအသင်းနှင့်အတူ ပထမဆုံးအမှတ်ပေးချန်ပီယံဆုရရှိစဉ်က အောင်ပွဲခံခဲ့သည့်ပုံဟု သိရသည်။

Most Read

Most Recent