စီးရီးအေပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်
Photo: Nowgoal
Photo: Nowgoal
Published 6 December 2021

■ အမ်ပိုလီ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

နှစ်သင်းစလုံး ရလဒ်ပိုင်း သိပ်မကွာခြားဘူး။ အမ်ပိုလီက တောင်ပံတိုက်စစ်ကစားပုံ ပိုကောင်းပြီး ဖြတ်တင်ဘောတွေ၊ အဝေးကန်ချက်တွေနဲ့ ပြိုင်ဘက်ကို ဖိအားပေးလေ့ရှိတယ်။ အူဒီးနီးစ်က တစ်ဦးချင်းလုပ်အားနှုန်းကို အဓိကထားပါတယ်။ သရေပွဲ ဖြစ်လာပါလိမ့်မယ်။

■ ကာဂလီယာရီ နှင့် တိုရီနို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ရှုံးပွဲဆက်မှတ်တမ်းကို သရေပွဲတွေနဲ့ ကာဂလီယာရီ ရပ်တန့်နိုင်ခဲ့ပြီ။ ကီတာဘယ်လ်ဒီ၊ ဂျော်အိုပတ်ဒရိုတို့နဲ့ တိုက်စစ်ကစားပုံက လိုအပ်ချက်ရှိနေသေးပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရအောင် ရုန်းကန်ပါလိမ့်မယ်။ အဝေးကွင်းမှာ ရှုံးပွဲဆက်နေတဲ့ တိုရီနို အမှတ်လျော့ပါဦးမယ်။

Most Read

Most Recent