■ ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အေစီမီလန်အသင်း သဘောတူညီမှုရရှိ

■ ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အေစီမီလန်အသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 24 May 2024

အေစီမီလန်အသင်းသည် လိုင်လီနည်းပြ ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

အေစီမီလန်အသင်းသည် လက်ရှိနည်းပြ ပီအိုလီနှင့် လမ်းခွဲတော့မည်ဖြစ်သည့်အတွက် နည်းပြသစ်ရှာဖွေနေရာ ဖွန်ဆီကာကို ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အေစီမီလန်အသင်းအနေဖြင့် ဖွန်ဆီကာ၏ တောင်းဆိုမှုများကို လိုက်လျောပေးခဲ့သည့်အတွက် ယခုကဲ့သို့ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အေစီမီလန်အသင်းသည် နည်းပြသစ်ခန့်အပ်မှုကို လာမည့်ရက်သတ္တပတ်တွင် ကြေညာဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent