The Silent Sea ဇာတ်လမ်းတွဲကို ဒီဇင်ဘာတွင် Netflix မှ ပြသမည်

The Silent Sea ဇာတ်လမ်းတွဲကို ဒီဇင်ဘာတွင် Netflix မှ ပြသမည်
Photo: Allkpop
Photo: Allkpop
Published 23 November 2021

မင်းသမီး Bae Doo Na နှင့် မင်းသား Gong Yoo တို့ ပါဝင်ထားသည့် တောင်ကိုရီးယား စိတ်ကူးယဉ် သိပ္ပံဒရာမာဇာတ်လမ်းတွဲ The Silent Sea ကို Netflix ၌ ဒီဇင်ဘာတွင်ပြသရန် သေချာသွားပြီဖြစ်သည်။

ဇာတ်လမ်းတွဲပိုစတာသစ်ကို နိုဝင်ဘာ ၂၂ ရက်တွင် Netflix Korea က ပြသလိုက်ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ပြသမည်ဟု ဖော်ပြထားသည်။

၂၀၇၅ အနာဂတ်ကမ္ဘာအကြောင်းကို ရိုက်ကူးထားပြီး သုတေသီတစ်ဖွဲ့က စွန့်စွန့်စားစားဖြင့် လကမ္ဘာပေါ်ရှိ စွန့်ပစ်ခံထားရသည့် သုတေသီစခန်းတစ်ခုသို့သွားရောက် လေ့လာကြသည့် ဇာတ်လမ်းဖြစ်သည်။

Bae Doo Na ၊ Gong Yoo နှင့် Lee Joon တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပိုင်းရှစ်ပိုင်း ထုတ်လွှင့်မည်ဖြစ်သည်။

Most Read

Most Recent