‘Emily in Paris’ Season 2 တွင် လီလီကောလင်းစ်ကို အချစ်သစ်နှင့် မြင်ရမည်

‘Emily in Paris’ Season 2 တွင် လီလီကောလင်းစ်ကို အချစ်သစ်နှင့် မြင်ရမည်
Photo: Netflix
Photo: Netflix
Published 19 November 2021

ရှေ့လတွင်ပြသတော့မည့် Emily in Paris Season 2 ဇာတ်လမ်းအမြည်းကို Netflix က နိုဝင်ဘာ ၁၈ ရက်က ချပြလိုက်ပြီ ဖြစ်သည်။

ပြင်သစ်မားကတ်တင်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရန် ပဲရစ်သို့ပြောင်းရွှေ့သွားသည့် အမေရိကန်မလေး အမ်မလီကူပါ (လီလီကောလင်းစ် သရုပ်ဆောင်ထား) ကို Season 2 တွင် အချစ်သစ်နှင့် တွဲမြင်ရမည် ဖြစ်သည်။

ဇာတ်လမ်းအမြည်းတွင် အမ်မလီက အိမ်နီးချင်း ဂါဘရီယယ် (အမ်မလီသူငယ်ချင်းနှင့် ပြတ်သွားသည့်ရည်းစား) နှင့် ပတ်သက်မိသွားသည်ကို အပြစ်ရှိသဖွယ်ခံစားနေရသူ၊ နောက်ပိုင်းဗြိတိန်သား အယ်လ်ဖီနှင့် ငြိသွားသည်ကို ပြသထားသည်။

Netflix က အမ်မလီနှင့် အယ်လ်ဖီတို့ အခန်းပါသည့် Season 2 ဓာတ်ပုံများကို အစောပိုင်းတွင် ပြသထားပြီးလည်းဖြစ်သည်။ အယ်လ်ဖီက အရွဲ့တိုက်တတ်သည့် အတ္တသမားနေရာမှ သရုပ်ဆောင်ထားသည်။

Emily in Paris ကို အမေရိကန် ဒါရိုက်တာ ဒယ်ရင်စတားက ဖန်တီးရိုက်ကူးထားပြီး Season 1 ကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် Netflix မှ ပြသခဲ့သည်။ Season 2 ရိုက်ကူးမှုကို ၂၀၂၁ ခုနှစ် မေတွင် စတင်ခဲ့ပြီး အက်ရှ်လီပါ့ခ်၊ ဆမ်မျူယယ်အာနယ်၊ ဘရူနိုဂိုယရီ၊ ကမ်မီလာရာဇတ်နှင့် ဝီလျံအဘာဒီတို့ ပါဝင်သရုပ်ဆောင်ထားသည်။

Emily in Paris ပရိသတ်များက Season 2 ကို Netflix တွင် ဒီဇင်ဘာ ၂၂ ရက်၌ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်သည်။

Most Read

Most Recent