ဗီဂျေဒီဗရာကွန်ဒါနှင့် တွဲဖက်ပြီး မိုက်တိုင်ဆန် ဘောလိဝုဒ်ရုပ်ရှင် ရိုက်ကူးနေ

ဗီဂျေဒီဗရာကွန်ဒါနှင့် တွဲဖက်ပြီး မိုက်တိုင်ဆန် ဘောလိဝုဒ်ရုပ်ရှင် ရိုက်ကူးနေ
Photo: Hindustan.Times
Photo: Hindustan.Times
Published 16 November 2021

အိန္ဒိယမင်းသား ဗီဂျေဒီဗရာကွန်ဒါသည်  အမေရိကန်တွင် ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားတစ်ကား သွားရောက်ရိုက်ကူးလျက်ရှိပြီး ထိုဇာတ်ကားတွင် အမေရိကန်လက်ဝှေ့ အကျော်အမော်ဟောင်း မိုက်တိုင်ဆန်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

မိုက်တိုင်ဆန်အတွက် တောင်ပိုင်းအိန္ဒိယရုပ်ရှင် ပထမဆုံးအကြိမ်သရုပ်ဆောင်မှုဖြစ်ပြီး Liger အမည်ရှိ ၎င်းဇာတ်ကားထဲတွင် အဓိကဇာတ်ကောင်နေရာမှ ပါဝင်ထားသည်။

ဇာတ်လမ်းထဲတွင် ဗီဂျေကကိုယ်ခံပညာတတ်ကျွမ်းသူတစ်ဦးဖြစ်ပြီး အဆိုပါဇာတ်ကောင်အတွက်  ထိုင်းသို့သွားရောက်ပြီး ကိုယ်ခံပညာများလည်း သင်ယူခဲ့ရသည်။

ဟင်ဒီ-တယ်လူဂူ ဘာသာနှစ်မျိုးဖြင့် ရိုက်ကူးပြီး မင်းသမီးအနန်ညာပန်ဒေလည်း ပါဝင်သရုပ်ဆောင်ထားသည်။ နဂိုက ထိုဇာတ်ကားကို မင်းသား Jr NTR ဖြင့် ရိုက်ကူးရန်စီစဉ်ခဲ့သော်လည်း NTR က အခြားဇာတ်ကားများဖြင့် မအားသဖြင့် ဗီဂျေနှင့် ရိုက်ဖြစ်သွားခြင်းဖြစ်သည်။

Most Read

Most Recent