ပဲရစ်ဟီလ်တန်၏ မင်္ဂလာပွဲအလွန်ပါတီသို့ Jennie နှင့် Rose တို့ တက်ရောက်ခဲ့

ပဲရစ်ဟီလ်တန်၏ မင်္ဂလာပွဲအလွန်ပါတီသို့ Jennie နှင့် Rose တို့ တက်ရောက်ခဲ့
Photo: Allkpop
Photo: Allkpop
Published 16 November 2021

မကြာသေးမီက ပဲရစ်ဟီလ်တန်၏ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲသို့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး၍မှ မကြာသေး ပဲရစ်က ကာနီဗယ်ပုံစံ မင်္ဂလာပွဲ အလွန်ပါတီတစ်ခုကို ဆန်တာမိုနီကာတွင် ကျင်းပလိုက်ပြန်သည်။

ထိုပါတီပွဲသို့ ပဲရစ်နှင့်ခင်ပွန်း ကာတာရွန်မ်တို့နှစ်ဦးက ပန်းရောင်ဝတ်စုံဖြင့် ဆင်မြန်းတက်ရောက်လာပြီး လက်ချင်းတွဲထားသည်ကိုလည်း တွေ့ရသည်။ ပါတီပွဲအတွက် ကမ်းခြေမျက်နှာစာရှိ အပန်းဖြေကွင်းတစ်ခုလုံးကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဧည့်သည်များအတွက် စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းများ စီစဉ်ပေးခဲ့သည်။

ဖိတ်ကြားခဲ့သည့်အနုပညာရှင်များထဲမှ BLACKPINK အဖွဲ့ဝင်များဖြစ်သည့် Jennie နှင့် Rose တို့နှစ်ဦး ဓာတ်ပုံများထွက်လာရာ ပရိသတ်များ အံ့သြခဲ့ရသည်။ နှစ်ဦးသား ရိုလာကိုစတာစီးပြီး Jennie က နောက်ခုံ၊ Rose က ရှေ့ဆုံးခုံတွင် ထိုင်ပြီး ရယ်မောနေကြသည်။ အမေရိကသို့ ရောက်နေသည့် Jennie ကို မကြာမီကလည်း အဆိုတော် The Weeknd နှင့် ဟိုတယ်အပြင်ဘက်တွင် ပွေ့ဖက်နေပုံကို တွေ့ရသည်။

Most Read

Most Recent