ခရီးသွားဧည့့်သည် မျှော်နေတဲ့ မြိတ်ကျွန်းစု

ခရီးသွားဧည့့်သည် မျှော်နေတဲ့ မြိတ်ကျွန်းစု
Published 14 November 2021
ဇော်မိုးဦး

ခရီးသွားဧည့်သည်မလာတာ နှစ်နှစ်ခန့် ကြာပြီဖြစ်တဲ့ မြိတ်ကျွန်းစုအတွင်းက ကျွန်းတွေဟာ ခြောက်ကပ် တိတ်ဆိတ်နေပြီး အထီး ကျန်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်များက ယခု လိုပွင့်လင်းရာသီရောက်လာပြီဆိုရင် ပင် လယ်ထဲမှာ ဥဒဟိုသွားလာနေတဲ့ စပိတ်ဘုတ် လေးတွေကိုတွေ့နိုင်သလို အရောင်အသွေး စုံတဲ့ ခရီးသွားများဟာလည်း ကျွန်းတွေမှာ စည်ကားနေတာ တွေ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံမှာစတင် ဖြစ်ပွားပြီးနောက် ပထမဆုံးအထိနာသွားတဲ့ လုပ်ငန်းတွေထဲမှာ ခရီးသွားလုပ်ငန်းက ထိပ်  ဆုံးမှာ ပါနေပါတယ်။ ဟိုတယ်တွေ၊ ကျွန်းခရီး စဉ်တွေမှာ လာရောက်လည်ပတ်တဲ့ဧည့်သည် တွေမရှိတော့တာကြောင့် အလုပ်အကိုင်အ ခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးသွားတဲ့အ ပြင် ဝင်ငွေများလည်း လုံးဝမရှိတော့တဲ့အနေ အထားကို ရောက်သွားကြတော့ပါတယ်။ ွှသကမ ွကငိန တွေ အလုပ်လက်မဲ့ဖြစ်သွားပြီး တချို့ခရီးသွားအေဂျင်စီတွေအနေနဲ့ တစ်နှစ် ခန့်တောင့်ခံထားပေမဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကာ လတစ်ခုကို ရောက်ရှိလာတဲ့အခါမှာမတောင့် ခံနိုင်ကြတော့ပါဘူး။

၂၀၂၁ ခုနှစ်အစပိုင်းမှာ ကိုဗစ်ကပ် တတိယလှိုင်းနဲ့ နိုင်ငံရေးအခြေအနေများက  ထပ်နှိပ်စက်လိုက်တဲ့အခါမှ ခရီးသွားလုပ်ငန်းက ဇီးရိုးဖြစ်ပြီး ဘုန်းဘုန်းလဲကျသွားပါ တော့တယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ရောက် လာတဲ့အခါမှာ ရာသီဥတုလည်း ပွင့်လင်း အချိန်အခါ ရောက်လာသလို ကိုဗစ်ကပ်ရော ဂါများလည်း ကူးစက်မှုကျဆင်းသွားတာ တွေ့ ရပါတယ်။ ခရီးသွားလုပ်ငန်းများအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာတဲ့ ဒီလို ကာလမှာ ကျွန်းတွေကို ခရီးစဉ်လေးတွေကို မွန်းကျပ်နေတဲ့ ပြည်သူလူထုများအတွက်ရည် ရွယ်ပြီး အပန်းဖြေခရီးစဉ်များ ရေးဆွဲလာကြ ပါတယ်။

“ကပ်ရောဂါအခြေအနေတွေလည်း ကျ ဆင်းလာနေတယ်။ ဒီလိုပွင့်လင်းရာသီရောက် လာတဲ့အချိန်မှာ ကျွန်တော်တို့ ဒီအတိုင်းထိုင် ကြည့်နေရမယ့် အနေအထားတစ်ခုမဟုတ် တော့ဘူးလို့ ယူဆတယ်။ ကျွန်တော်တို့ ကျွမ်း ကျင်တဲ့လုပ်ငန်း၊ ၀ါသနာပါတဲ့လုပ်ငန်းတစ်ခု ကို အခြေအနေတွေ အေးဆေးဖြစ်လာတဲ့  အချိန်မှာ ပြန်လည်အကောင်အထည်ဖော်ချင် တဲ့ ဆန္ဒတွေရှိကြတယ်။ အခုလောလောဆယ် မှာ ဒေသအတွင်းက မိသားစုလိုက်ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းတွေစုပြီးဖြစ်စေ  ကျွန်းတချို့ကို သွားချင်ကြလို့ပို့ပေးဖြစ်တယ်။  စီးပွားရေးအရ တွက်ချက်မကိုက်ပါဘူး။ လောင်စာဆီစျေးနှုန်းကလည်း ကြီးနေသလို  ငွေကြေးအခက်အခဲဖြစ်နေတဲ့ အချိန်အခါ လည်းဖြစ်တဲ့အတွက် စျေးနှုန်းကိုအနိမ့်ဆုံးစီ စဉ်ပေးပြီး ပို့ ဆောင်ပေးလာကြတယ်”လို့ မြိတ်ခရိုင်အတွင်း ခရီးသည်များပို့ဆောင်ပေး နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ ပါတယ်။

ဒေသတွင်းခရီးသွားများက လက်ရှိအနေ အထားမှာ စပိဘုတ် အစီးလိုက်ငှားရမ်းခြင်း  (ချာတာ)၊ လူတစ်ဦးချင်းစီအလိုက် ကုန်ကျ စရိတ်ကျခံပြီး သွားလာခြင်းများ လုပ်ဆောင် နေပါတယ်။ ခရီးသည်တင်ကားလိုင်းများနဲ့  လေကြောင်းလိုင်းများ ပြေးဆွဲခြင်းမရှိသေး တဲ့အတွက် ပြည်တွင်းခရီးသွားများဝင်ရောက် မှုမရှိဖြစ်နေသေးကြောင်း သိရပါတယ်။

 “လက်ရှိအနေအထားမှာတော့ ရန်ကုန် ကနေ ကော့သောင်းကို လေကြောင်းလိုင်းပြေး  ဆွဲနေတာရှိတယ်။ ကော့သောင်းဘက်က ကျွန်းတွေကိုတော့ နေ့ချင်းပြန်ခရီးစဉ်လေး တွေ သွားချင်တယ်လို့ ကုမ္ပဏီတွေက တင်ပြ လာတာရှိနေပါတယ်။ ကျွန်တော်တို့လည်း တိုင်းဒေသကြီးအစိုးရကို တင်ပြပေးထားပါ တယ်။ ကိုဗစ်ကပ်ရောဂါအခြေအနေတွေ ကြောင့် အစိုးရပိုင်းကလည်း ချိန်ဆနေရတာ ပါ။ ခရီးသွားရာသီပြန်ဖွင့်ဖို့ တရားဝင်ညွှန် ကြားလာတာတော့ မရှိသေးပါဘူး။ ကျွန်တော် တို့စမယ်ဆိုရင် ူသခေူ နဲ့ စရမှာပေါ့။ နိုင်ငံခြား ခရီးသွားတွေတော့ မျှော်လင့်လို့ မရနိုင်သေး ဘူး”လို့ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့ပါတယ်။

လေကြောင်းခရီးစဉ်ကို ရန်ကုန်မှ ကော့  သောင်းကို ပြေးဆွဲနေပေမဲ့ မြိတ်နဲ့ ထားဝယ် မြို့ကိုတော့ ပြေးဆွဲခြင်းမရှိသေးတဲ့အပြင် ကုန်းလမ်းမှ မော်တော်ယာဉ်လိုင်းများလည်း ခရီးသည်များ တင်ဆောင်ကာတရားဝင်ပြေး ဆွဲပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 “အဓိကအခက်အခဲက ပို့ဆောင်ရေး ကဏ္ဍတွေ ပြန်လည်ဆောင်ရွက်ခြင်းမရှိသေး လို့ဖြစ်တယ်။ လေကြောင်းလိုင်းတွေ၊ မော် တော်ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲလာရင် တော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေ လည်း မျှော်လင့်ချက်ရှိလာနိုင်တယ်။ အခုချိန် မှာတော့ ခရီးသွားလုပ်ငန်းက ဇီးရိုးပါပဲ။ ခရီး သွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့အတွက် အေဂျင်စီတွေမှာ အစိုးရချေးငွေတွေလိုမယ်။ ဆိပ်ကမ်းတစ်လျှောက်မှာ ခရီးသွားလှေတွေ သီးသန့်ဆိုက်ကပ်ဖို့ တံတားတစ်ခုလိုမယ်။ ဒါတွေလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်”လို့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းကို ဖြတ်ကျော်လုနီး ပါး အခြေအနေရောက်ရှိနေပေမဲ့ ကာကွယ် ဆေးထိုးနှံမှု လွမ်းခြုံတဲ့အနေထားက ၅၀ ရာ ခိုင်နှုန်းကျော်ကို မရောက်ရှိသေးတဲ့အနေထား လည်းဖြစ်နေပါတယ်။

“ကျွန်တော်တို့ သိထားရသလောက်က တော့ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးတဲ့အနေအထားက ၄၂ ရာ ခိုင်နှုန်းလောက် တော့ပြီးသွားပြီ။ ၅၀ ရာခိုင်နှုန်းကျော်အထိ လိုအပ်မယ့် အနေအထားပါ။ ကျွန်တော်တို့ ဒေသကို ခရီးသွားဧည့်သည်တွေ ဝင်ရောက် လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖော်ဆောင်လာနိုင်မှာဖြစ်သလိုဝင် ငွေတွေလည်း တိုးတက်လာမယ်ပေါ့။ ကျွန် တော်တို့လည်း ဒါကိုဖြစ်စေချင်ပါတယ်။ ဌာန အနေနဲ့လည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်။  ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်ချက် လေးတွေ၊ ဆောင်ရွက်ချင်တဲ့ အပိုင်းလေးတွေ ကို တင်ပြပေးလာရင် ပိုသင့်တော်မှာပါ။ ကျွန် တော်တို့တိုင်းဒေသကြီးကနေတစ်ဆင့် ထပ် မံတင်ပြပေးပါ့မယ်”လို့ တာဝန်ရှိသူက ဆက် လက်ပြောကြားခဲ့တယ်။

မြိတ်ကျွန်းစုအတွင်း လှပတဲ့ကျွန်းများ ဟာ ခရီးသွားဧည့်သည်များကို မျှော်နေပေမဲ့ ရောဂါအခြေအနေများ၊ နိုင်ငံရေးအခြေအနေ များကြောင့် အနီးအနား ကျွန်းတချို့ကိုသာ လူဦးရေကန့်သတ်ချက်လေးတွေနဲ့ ပို့ဆောင် ပေးနေတာဖြစ်ပါတယ်။ နေ့ချင်းပြန်ခရီးစဉ် များအဖြစ်သာ စတင်ပို့ဆောင်ပေးနေတာဖြစ် ပြီး ညအိပ်ခရီးစဉ်အဖြစ် ပို့ဆောင်ပေးနိုင်ပါ က မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းက အလျင် အမြန် ဖွံ့ဖြိုးလာဖို့ရှိကြောင်း လုပ်ငန်းရှင်များ က သုံးသပ်ပြောကြားပါတယ်။

မြိတ်ကျွန်းစုနဲ့ အနီးစပ်ဆုံးရှိနေတဲ့အိမ် နီးချင်း ထိုင်းနိုင်ငံအနေနဲ့ နိုဝင်ဘာလမှစတင် ပြီး နိုင်ငံပေါင်း ၆၃ နိုင်ငံက ခရီးသွားများဝင် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းကနေ အကျိုးအမြတ်အ များကြီးရသည်ကို ထိုင်းနိုင်ငံအနေနဲ့ ကောင်း စွာသဘောပေါက်တဲ့အတွက် ရောဂါကူးစက်မှု  ကျဆင်းလာတဲ့အချိန်မှာ လက်ဦးမှုရယူလိုက် တဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်းပေါင်း ၈၀၄ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစု အတွင်း လူတို့ မထိမတို့ရသေးတဲ့အပျိုစင်ကျွန်း များစွာရှိသေးသလို ဆလုံတိုင်း ရင်းသားများရဲ့ လူနေမှုပုံစံကလည်း ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေဆဲပါ။ မြိတ်ခရိုင်အ  တွင်းရှိ ကြယ်လိပ်ကျွန်း၊ ဘေလီကျွန်း၊ စမတ် ကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း (ဆလုံရွာ)၊ လေးကျွန်း၊ သမီးလှကျွန်း၊ မင်းသားကျွန်း၊ ငှက်သိုက်ကျွန်း၊ ကျောက္ကာရေပေါ်ရွာ၊ ဒန်း ကျွန်း၊ သန္တာကျွန်းများက ခရီးသွားများအကြား ထင်ရှားသလို ကော့သောင်းခရိုင်အတွင်းရှိ အသည်းပုံကျွန်း၊ မြင်းခွာကျွန်း၊ စေတန်ကျွန်း၊ ဇာဒက်ကြီးကျွန်း (ဆလုံရွာ)၊ ညောင်ဦးဖီးကျွန်း၊ ၁၁၅ ကျွန်း၊ ဟန်းနီးမွန်းကျွန်း၊ လေသာပြင် ကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်၊ မကြုံဂလက် (ဆလုံရွာ)၊ ညောင်ဝီး ကျွန်း(ဆလုံရွာ)များကလည်း လှပထင်ရှားတဲ့ ကျွန်းများအဖြစ် တည်ရှိနေပါတယ်။ အဲဒီခရီး စဉ်များအပြင် ကျောက်ငါးဖောင်လေ့လာရေး၊ ကျောက်ပုစွန်မွေးမြူရေးစခန်း လေ့လာရေး၊ သဘာဝငှက်သိုက်အိမ်၊ မြို့တွင်းလည်ပတ် စရာများနဲ့ နာမည်ကြီးဘုရားများကိုပို့ဆောင် ပေးခြင်းများကိုလည်း ခရီးသွားအေဂျင်စီများ က ထည့်ရေးဆွဲထားကြပါတယ်။ ခရီးသွား ဧည့်သည်များအနေဖြင့် မိမိကြိုက်နှစ်သက် ရာခရီးစဉ်များကို လိုက်လံအပန်းဖြေနိုင်ဖို့စီစဉ်ထားကြပါတယ်။

မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ကျွန်းခရီးစဉ် များတွင် လူတစ်ဦးချင်းစီအလိုက် ခရီးစဉ် ဝယ်ယူလိုပါက ကျပ် ရှစ်သောင်းမှ  ကျပ် တစ် သိန်းသုံးသောင်းအထိရှိပြီး ပင်လယ်စာ စိတ် ကြိုက်ကျွေးမွေးခြင်း၊ နံနက်စာကျွေးမွေးခြင်း များလည်း ပါဝင်မှာဖြစ်ပါတယ်။ မိမိတို့အုပ်စု အလိုက် စပိဘုတ်အစီးလိုက် ငှားရမ်းကာသွား လာလိုပါကလည်း စီစဉ်ပေးလျက်ရှိကြောင်း လုပ်ငန်းရှင်များကပြောကြားခဲ့ပါတယ်။ အဲဒီ ခရီးစဉ်များကတော့ တကယ်လို့ ခရီးသွားလုပ် ငန်း ပြန်လည်စတင်လာပါက မြိတ်ကျွန်းစုအ တွင်း စီစဉ်ထားတဲ့ခရီးစဉ်များပဲဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ မြိတ်ကျွန်းစု အတွင်းက အပျိုစင်ကျွန်းများဟာ ခရီးသွား  ဧည့်သည်များ အပန်းဖြေနိုင်ဖို့စောင့်မျှော်နေ ကြပါပြီ။ နိုဝင်ဘာ ၁၂ ရက်မှာတော့ မြိတ်နဲ့ ထားဝယ်ခရိုင်များကို  Stay at Home သတ် မှတ်ထားမှုကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါ တယ်။ ကပ်ရောဂါအခြေအနေများ၊ နိုင်ငံရေး အခြေနေများကြား မွန်းကျပ်နေတဲ့ပြည်သူများ အနေဖြင့် စိတ်ထွက်ပေါက်တစ်ခုအဖြစ် အပန်းဖြေခရီးထွက်ချင်ပါက မြိတ်ကျွန်းစုအ တွင်းက ကြည်လင်တဲ့ရေပြင်၊ လှပတဲ့ကမ်းခြေ တွေနဲ့ ပင်လယ်စာ အကြိုက်စားနိုင်တဲ့ခရီးစဉ် လေးတွေကို သတိရလိုက်ကြပါလို့။ မြိတ်ကျွန်း စုကခရီးသွားဧည့်သည်များကိုစောင့်မျှော်နေ ပါတယ်။

Most Read

Most Recent