Squid Game သရုပ်ဆောင် Wi Ha Joon က People မဂ္ဂဇင်း၏ ၂၀၂၁ အတွင်း ရုပ်သံပေါ်ရှိ စွဲဆောင်မှုအရှိဆုံး အမျိုးသား ၂၅ ဦးစာရင်းတွင် ပါဝင်လာ

Squid Game သရုပ်ဆောင် Wi Ha Joon က People မဂ္ဂဇင်း၏ ၂၀၂၁ အတွင်း ရုပ်သံပေါ်ရှိ စွဲဆောင်မှုအရှိဆုံး အမျိုးသား ၂၅ ဦးစာရင်းတွင် ပါဝင်လာ
Published 14 November 2021

People မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်တွင်း ရုပ်သံပေါ်ရှိ စွဲဆောင်မှုအရှိဆုံးအမျိုးသားများတွင် သရုပ်ဆောင် Wi Ha Joon လည်း ပါဝင်ခဲ့သည်။

အမေရိကန်မဂ္ဂဇင်းဖြစ်သည့် People မဂ္ဂဇင်းတွင် ရုပ်သံပေါ်ရှိ စွဲဆောင်မှုအရှိဆုံးအမျိုးသားများ စာရင်းကို နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပြတ် ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်၏ စွဲဆောင်မှု အရှိဆုံးအမျိုးသားစာရင်းကို လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့်ရုပ်မြင်သံကြားပေါ်ရှိ စွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းတွင် အမေရိကန်နိုင်ငံသား အများစုရွေးချယ်ခံရသော်လည်း ယင်းစာရင်း၌ Squid Game သရုပ်ဆောင် Wi Ha Joon မှာ ပထမဆုံးရွေးချယ်ခံခဲ့ရပြီး ၎င်းသည် dalgona candy သကြားမုန့်ကဲ့သို့ ပြီးပြည့်စုံသည့် ခမ်းနားထည်ဝါမှုရှိပြီး နှစ်လိုဖွယ်ကောင်းသည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၏ ရုပ်သံပေါ်က စွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် အဓိကရွေးချယ်ခံရသူမှာ ဟောလိဝုဒ်အနုပညာရှင်တစ်ဦးဖြစ်ပြီး Ant Man သရုပ်ဆောင် Paul Rudd ဖြစ်သည်။

Wi သည် Netflix ၏အောင်မြင်မှုရရှိခဲ့သည့် Squid Game ရုပ်သံဇာတ်လမ်းတွဲတွင် ရဲအရာရှိနေရာက ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာတွင် ထင်ရှားကျော်ကြားခဲ့သူတစ်ဦးဖြစ်ကာ People မဂ္ဂဇင်း၏ ယင်းစာရင်းတွင် ပါဝင်သည့်ပထဆုံး အမေရိကန်နိုင်ငံသားမဟုတ်သည့် အာရှသားတစ်ဦးဖြစ်လာခဲ့သည်။

Most Read

Most Recent