လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အတိုင်ပင်ခံ၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့အား အထူးတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သူကို စစ်ဆေးမည်

လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အတိုင်ပင်ခံ၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့အား အထူးတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သူကို စစ်ဆေးမည်
Published 11 November 2021

အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ၃ (၁) (ဂ) ဖြင့် တရားစွဲခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို  နိုဝင်ဘာ ၁၁ ရက်က နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သူကို စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် တရားရုံး၌ ရုံးထုတ်စစ်ဆေးခြင်းမပြုမီ တရားရုံးရှိ နားနေခန်းတွင် အမှုသည်များနှင့် အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့တွေ့ဆုံရာ၌ အမှုအကြောင်းအား အမှုသည်နှင့် သက်ဆိုင်သည့်ရှေ့နေတို့ ဆွေးနွေး၍ ညွှန်ကြားချက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်ရုံးချိန်းတွင် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်နှင့် ၎င်း၏ရှေ့နေဖြစ်သူတို့သည် စကားပြန်မှတစ်ဆင့် အမှုနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြောင်း၊ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အမှုနှင့်ပတ်သက်၍ အမှုသည်များဘက်မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၅ ရက်တွင် ချိန်းဆိုထားသောရုံးချိန်း၌ တရားလိုဖြစ်သူကို စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

 

Most Read

Most Recent