ဂျိုလီပါဝင်ထားသည့် Eternals ရုပ်ရှင်ဇာတ်ကား အာရပ်နိုင်ငံအချို့တွင် ရုံတင်ပြသခွင့်မရ

ဂျိုလီပါဝင်ထားသည့် Eternals ရုပ်ရှင်ဇာတ်ကား အာရပ်နိုင်ငံအချို့တွင် ရုံတင်ပြသခွင့်မရ
Published 11 November 2021

မာဗယ်ရုပ်ရှင်ဇာတ်ကား Eternals ကို ရုံတင်ပြသခွင့်မပေးသည့် အာရပ်နိုင်ငံများထဲ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ကူဝိတ် နိုင်ငံတို့အပြင် အီဂျစ်နိုင်ငံလည်း ပါဝင်လာပြီဖြစ်သည်။ 

လိင်တူဆက်ဆံရေးကို ထည့်သွင်းရိုက်ပြထားမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းမရသည့်အတွက် အီဂျစ်နိုင်ငံတစ်ဝန်း ရုံတင်ပြသ တော့မည့်ဆဲဆဲ ရုံတင်ခွင့်အပိတ်ခံလိုက်ရခြင်း ဖြစ်သည်။ အခြားအာရပ်နိုင်ငံများက အီဂျစ်ထက်ပင်ပိုစောပြီး ပြသခွင့်ပိတ်ထား သည်။

ထိုသို့ပြသခွင့်မရကြောင်းကို ဒေသတွင်း အကြီးဆုံးရုပ်ရှင်ပြသရေးလုပ်ငန်း IMAX မှ  တာဝန်ရှိသူတစ်ဦးက Facebook ပေါ်တွင်ကြေညာခဲ့ပြီး ၎င်းဇာတ်ကားထဲတွင် ပြသရန်မသင့်သည့် အခန်းများပါဝင်နေပြီး ဇာတ်ကားထုတ်လုပ်ဖြန့်ချိသူများ ဘက်က ၎င်းဇာတ်ဝင်ခန်းများကို ဖျက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း၊ ထိုအခန်းများကို မဖျက်သရွေ့ အီဂျစ်တွင်ပြသခွင့်ရမည် မဟုတ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။ နဂိုက Eternals ဇာတ်ကားကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်ရုံတင်ရန် သတ်မှတ်ထား သည်။

အာရပ်ကမ္ဘာတွင် အဆိုပါဇာတ်ကား ပြသခွင့်မရခြင်းမှာ ယခုကပထမဆုံးအကြိမ် မဟုတ်ပေ။ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ကူဝိတ်နိုင်ငံများတွင်လည်း အလားတူ ရုံတင်ခွင့် အပိတ်ခံထားရသည်။

မည်သည့်အကြောင်းကြောင့်ဆိုသည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း  Hollywood Reporter သို့ သတင်းရင်းမြစ် အချို့ပြောပြချက်အရ ၎င်းနိုင်ငံများမှ ဆင်ဆာစိစစ်သူများက ဇာတ်ကားထဲမှ အမြင်မသင့်တော်သည့်ဇာတ်ဝင်ခန်းများကို ဖျက်                       ပေးရန် တောင်းဆိုညှိနှိုင်းလာသည်ကို ဒစ္စနေကုမ္ပဏီဘက်က လက်မခံခဲ့ပေ။

သတင်းရင်းမြစ်များအဆိုအရ ဆင်ဆာတာဝန်ရှိသူများက ဇာတ်လမ်းထဲတွင် လိင်တူအတွဲပါဝင်နေခြင်း၊ ၎င်းတို့အကြား မဖွယ် မရာ ဆက်ဆံရေးကိုမြင်တွေ့ရခြင်း၊ နတ်ဘုရားသဖွယ်အရာများ ထည့်သွင်းရိုက်ပြထားခြင်းတို့အပေါ် သဘောမကျဖြစ်နေကြ သည်။ လိင်တူစုံတွဲကို မာဗယ်စူပါဟီးရိုးရုပ်ရှင်ကားများထဲ ပထမဆုံးအကြိမ် ထည့်သွင်းရိုက်ကူးထားခြင်းလည်းဖြစ်သည်။

ဇာတ်လမ်းထဲတွင် လက်ဘနွန်မင်းသား ဟတ်ဇ်ဆလေမန်နှင့် အမေရိကန်မင်းသား ဘရိုင်ယန်တိုင်ရီဟင်နရီတို့ကို ဂေးစုံ တွဲအဖြစ် ပုံဖော်ထားပြီး ၎င်းတို့တွင် သားတစ်ဦးလည်းရှိသည်။

ပင်လယ်ကွေ့နိုင်ငံများနှင့်အီဂျစ်တွင် လိင်တူစုံမက်မှုကို ယနေ့တိုင်တရားမဝင်ဘဲ ဇာတ်ကားထဲမှ ဂေးစုံတွဲ၏ အနမ်းခန်း များကြောင့် ပြသခွင့် အပိတ်ခံရခြင်းဖြစ်မည်ဟု ယူဆရသည်။ ပါဝင်သရုပ်ဆောင်ထားသည့် အန်ဂျလီနာဂျိုလီကမူ ရုပ်ရှင်ပရိ သတ်များအတွက် စိတ်မကောင်းဖြစ်မိဟု ဆိုသည်။ ယူအေအီး၊ ဂျော်ဒန်နှင့် လက်ဘနွန်တွင်လည်း ထိုဇာတ်ဝင်ခန်းများ ဖျက်ပေးမည်ဆိုလျှင် ပြသခွင့်ရမည်ဖြစ် သည်။၂၀၂၀ ခုနှစ်ကလည်း ကာတာ၊ ဆော်ဒီအာရေဗျ ၊ ကူဝိတ်နှင့် အီဂျစ်တို့တွင် မိန်းမ ချင်းစုံမက်မှုအကြောင်း ပြောဆိုလိုက်မှုကြောင့် Onward  ဇာတ်ကားပြခွင့်မရခဲ့ပေ။

Most Read

Most Recent