၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၆၉၃ သန်းကျော်ရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၆၉၃ သန်းကျော်ရရှိ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - MOEE)
Published 29 October 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၆၉၃ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၆၉၃ ဒသမ ၇၈ သန်းရရှိခဲ့ခြင်းဖြစ်သည်။

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း)ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း) ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း) ရရှိခဲ့သည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈ သန်း၊၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၂၇၀၀၇ သန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်း ထုတ်လုပ်ထားနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက်  လူတစ်ဦးချင်းလျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းချက်များတွင် ဖော်ပြထားချက်အရ သိရသည်။