ဆီဗီလာ - လီဗန်တေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ဆီဗီလာရဲ့ လက်ရှိခြေစွမ်း၊ အိမ်ရှင်အားနဲ့တော့ ဒီပွဲက စိုးရိမ်စရာသိပ်မရှိလှပါဘူး။ လီဗန်တေးကတော့ နိုင်ပွဲတွေရဖို့ ရုန်းနေရင်းနဲ့ပဲ ရလဒ်ပိုင်းက တက်မလာဘူးဖြစ်နေတာကို မြင် တွေ့နေရတယ်။ ဒါ့အပြင် လီဗန်တေးရဲ့ အဝေးကွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း စိတ်ပျက်စရာဖြစ်နေပြီး ဒီရာသီ လာလီဂါ အဝေးကွင်း (၅)ပွဲမှာ နိုင်ပွဲမရှိသေးဘဲ (၂)ပွဲသရေ၊ (၃)ပွဲရှုံး ရ လဒ် ထွက်ပေါ်ထားတယ်။ ဒါကြောင့် အခုပွဲမှာလည်း ဆီဗီလာ ကို တောင့်ခံကစားပြနိုင်မယ့်အင်အားမျိုး ဖြစ်မလာနိုင်သေး တာ သေချာတယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဘာစီလိုနာ - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၈း၄၅ နာရီ)
ပွဲစဉ်(၉)ကို ပွဲရွှေ့ထားတဲ့ ရီးယဲလ် နိုင်ငံတကာပွဲတွေ မဝင်မီ ယိုင်နဲ့သွားတဲ့အခြေအနေကို ဘာစီလိုနာနဲ့ပွဲမှာ ပြန် ပြောင်းလဲပြနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ရီးယဲလ်ကို ဇီဒန်း ကိုင်နေတုန်းကတော့ ဘာစီလိုနာနဲ့ နောက်ဆုံးတွေ့ထား တဲ့(၄)ပွဲစလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တယ်။ အခု အန်ဆယ် လော့တီအလှည့်ဖြစ်ပြီး ဇီဒန်းတုန်းကလို ရလဒ်ကောင်းအောင် ထိန်းနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီရာသီ နှစ် သင်းစလုံးရဲ့ ခံစစ်ပိုင်းကတော့ ခပ်ညံ့ညံ့ဖြစ်နေတယ်။ ပြိုင်ပွဲစုံ ကစားပြီးသမျှ ဘာစီလိုနာ ဂိုးမပေးရတဲ့ပွဲက (၂)ပွဲသာရှိသေး ပြီး ကျန်ပွဲတိုင်းကို ဂိုးပေးထားရသလို၊ ရီးယဲလ်ကလည်း ဒီရာသီ လာလီဂါပေးဂိုး (၁၀)ဂိုးအထိရှိနေတယ်။ ခံစစ်အားခပ်လျော့ လျော့ ဒီနှစ်သင်းရဲ့ပွဲမှာ တိုက်စစ်က ဂိုးသွင်းပြိုင်ကြမယ့်ပွဲမျိုး ဖြစ်လာမလားဆိုတာပဲ စောင့်ကြည့်ရမယ်။ အိမ်ကွင်းမှာ နိုင်ပွဲ တွေရ၊ ဂိုးတွေရအောင် ပိုစွမ်းဆောင်ပြနေနိုင်တဲ့ ဘာစီလိုနာရဲ့ အိမ်ကွင်းအစွမ်းက စကားပြောသွားမလား ထင်နေမိတယ်။ ဂိုးအများနဲ့ ဘာစီလိုနာကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။
ဘက်တစ် - ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဗယ်လက်ကာနိုရဲ့ ခပ်မြန်မြန်တိုက်စစ်ကစားနိုင်ပုံက ဘက်တစ်ကို အခက်တွေ့စေနိုင်ပေမဲ့ ဘက်တစ်ရဲ့ သမ္ဘာနဲ့ အိမ် ကွင်းအားကိုတော့ ဗယ်လက်ကာနို ကျော်ဖြတ်ပြနိုင်ဖို့အထိ ဖြစ် မလာနိုင်သေးပါဘူး။ ဘက်တစ်က အိမ်ကွင်းကစားပုံ ပိုငြိမ်တဲ့ အပြင် ဖယ်ကီယာ၊ ဝီလီယံဂျိုဆေးတို့လည်း ခြေစွမ်းပြနေတယ်။ ဗယ်လက်ကာနိုကတော့ အဝေးကွင်းကစားပုံကလည်း အားရ စရာ မရှိလှသေးတာကြောင့် ဒီပွဲကတော့ ဘက်တစ်ရဲ့ပွဲဖြစ်မှာ သေချာနေတယ်။ အိမ်ကွင်းမှာ နိုင်ပွဲရယူရမယ့် ဘက်တစ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။
အက်သလက်တီကို - ဆိုစီဒက် (တနင်္လာနံနက် ၁း၃၀ နာရီ)
ဆိုစီဒက်က ယူရိုပါလိဂ်မှာ အဝေးကွင်း၊ အခုလည်း အ ဝေးကွင်း၊ အဝေးကွင်း နှစ်ပွဲဆက်ကစားရမယ့်အခြေအနေက အဆုံးအဖြတ်ဖြစ်သွားနိုင်တယ်။ အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်ပွဲ နွှဲထားရပေမဲ့ အိမ်ကွင်းနှစ်ပွဲဆက်ဖြစ်လို့ ဆိုစီ ဒက်လောက် ခရီးမပန်းနိုင်ဘူး။ နောက်ပြီး ဒီပွဲအတွက် ဆိုစီ ဒက်ထက် ပြင်ဆင်ချိန်လည်း ပိုရထားတယ်။ ဆိုစီဒက်ကတော့ သရေကျရင်တောင် ထိပ်ဆုံးမှာဆက်ရှိနေနိုင်သေးလို့ ဒီပွဲကို သိပ်စွန့်စားမယ့်ပုံမပေါ်ဘဲ ခံစစ်လုံအောင်ပဲ အဓိကထားကစား သွားဖို့များနေတယ်။ အက်သလက်တီကိုက အိမ်ကွင်းအား ကောင်းတဲ့ အသင်းဖြစ်နေတဲ့အပြင် အိမ်ကွင်းနောက်ဆုံးပွဲမှာ လည်း ဘာစီလိုနာကို ဂိုးမပေးရဘဲ အနိုင်ယူထားနိုင်တဲ့ ခြေ စွမ်းမျိုးနဲ့ဆိုရင် ဆိုစီဒက်ကို ဖိအားကောင်းကောင်းပေးနိုင်ဖို့ရှိနေတယ်။ ဆိုစီဒက် ခံစစ်မဆိုးလှပေမဲ့ အဝေးကွင်းမှာ ဂိုးမ ပေးရတာ တစ်ပွဲသာရှိသေးပုံမျိုးနဲ့ အက်သလက်တီကိုတိုက် စစ်ကို ဂိုးမပေးရအောင် ကစားနိုင်ဖို့ မလွယ်လှဘူးထင်တယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။















