နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ အား မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်လိုက်သဖြင့် အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ကုမ္ပဏီ ၂၀၀ ကို မှတ်ပုံတင်စာရင်းမှပယ်ဖျက်

နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ အား မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်လိုက်သဖြင့် အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ကုမ္ပဏီ ၂၀၀ ကို မှတ်ပုံတင်စာရင်းမှပယ်ဖျက်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 19 October 2021

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်ခြင်း (Struck.Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ ကုမ္ပဏီ ၁၀၀ နှင့် အောက်တိုဘာ ၁၅ ရက်စွဲဖြင့် ကုမ္ပဏီ ၁၀၀ အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

MyCO တွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return - AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟုု သိရသည်။ Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသည်။

Annual Return တင်ပြရမည့် ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန်ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း  ထပ်မံပေးသွင်းရမည် ဖြစ်သည်။

Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့်အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ်ကျန်ရှိနေမည် ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူးဂရုပြုဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။    

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ (က)အရ ကုမ္ပဏီများအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏အသေးစိတ် ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။

Most Read

Most Recent