၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပတင်ပို့သည့်ပို့ကုန်များအနက် CMP အထည်ချုပ်ကဏ္ဍမှ ဒေါ်လာသန်း ၃၂၄၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၂၆၉၃ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပတင်ပို့သည့်ပို့ကုန်များအနက် CMP အထည်ချုပ်ကဏ္ဍမှ ဒေါ်လာသန်း ၃၂၄၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၂၆၉၃ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 12 October 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာသန်း ၃၂၄၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၂၆၉၃ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့်ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍက ဒေါ်လာ ၃၂၄၀ ဒသမ ၀၄ သန်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၆၉၃ ဒသမ ၇၈ သန်း၊ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၆၁ ဒသမ ၄၁ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၇၆၀ ဒသမ ၅၅ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၀၀၂ ဒသမ ၀၅ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၈၅၅ ဒသမ၂၀ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၇၂၉ ဒသမ ၉၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၅၆၆ ဒသမ ၆၆ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၃၉၇ ဒသမ ၄၂ သန်း၊စပိန်နိုင်ငံသို့ ဒေါ်လာ ၃၆၁ ဒသမ ၁၆ သန်း၊ U.K သို့ ဒေါ်လာ ၃၅၂ ဒသမ ၄၇ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၂၄ ဒသမ ၂၆ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၂၇၈ ဒသမ ၅၈ သန်း တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ - တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ဘီလျံကျော် တင်သွင်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ - တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေး ကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent