အာဆင်နယ်အသင်းနှင့်အတူ ဝီလ်ရှိုင်းယား လေ့ကျင့်မှု ပြုလုပ်နေ     

အာဆင်နယ်အသင်းနှင့်အတူ ဝီလ်ရှိုင်းယား လေ့ကျင့်မှု ပြုလုပ်နေ     
Photo: Getty Images
Photo: Getty Images
Published 9 October 2021

အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယားသည် အသင်းနှင့်အတူ လေ့ကျင့်မှုပြုလုပ်နေကြောင်း သိရသည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝီလ်ရှိုင်းယားသည် ဘုန်းမောက်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အသင်းသစ်ရှာဖွေရာတွင် အဆင်မပြေသောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြောင်းလည်း သိရသည်။ 

အာဆင်နယ်နည်းပြ အာတီတာက ၎င်းအတွက် တံခါးဖွင့်ထားကြောင်း ဆိုခဲ့သော်လည်း လက်ရှိအချိန်၌ ယူ-၂၃ အသင်းနှင့်သာ လေ့ကျင့်မှုပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။ 

သို့သော် ကြံ့ခိုင်မှုအပေါ် မူတည်၍ ကာလတိုခေါ်ယူအသုံးပြုဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်းရှိနေသည်။

Most Read

Most Recent