အာရှအားကစားပြိုင်ပွဲ Esports အားကစားနည်းတွင် EA Sports FIFA အပါအဝင် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး ပါဝင်မည်

အာရှအားကစားပြိုင်ပွဲ Esports အားကစားနည်းတွင် EA Sports FIFA အပါအဝင် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး ပါဝင်မည်
Published 11 September 2021

 

တရုတ်နိုင်ငံ$ကျင်းပမည့် ၂၀၂၂ အာရှ အားကစားပြိုင်ပွဲ Esports အားကစားနည်းတွင် EA Sports FIFA ဂိမ်းအပါအဝင် ပြိုင်ပွဲ အမျိုးအစား ရှစ်မျိုး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အာရှဒေသတွင်း အားကစားပြိုင်ပွဲများ တွင် Esports အားကစားနည်းကို ပုံမှန်ထည့် သွင်းကျင်းပနေပြီဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် သရုပ်ပြအား ကစားနည်းအဖြစ် ပါဝင်ပြီးနောက် လာမည့် ပြိုင်ပွဲတွင် ဆုတံဆိပ်ချီးမြင့်မည့်အားကစားနည်းအဖြစ် ပထမဆုံး ထည့်သွင်းကျင်းပမည် ဖြစ်သည်။ 

လာမည့်အာရှအားကစားပြိုင်ပွဲ တွင် Arena of Valor (Asian Games Version),Dota-2, Dream Three Kingdoms-2, EA Sports FIFA Branded Soccer Games, Hearth Stone, League of Legends, PUBG Mobile (Asian Games Version)နှင့် Street Fighter V ပြိုင်ပွဲအမျိုးအစားများ ပါဝင်မည်ဖြစ်သည်။ လာမည့် အာရှအားကစားပြိုင်ပွဲတွင် နာမည်ကြီးဂိမ်းစ် ပြိုင်ပွဲအများစု ပါဝင်လာပြီး ရွှေတံဆိပ်ရှစ်ခု အထိ ချီးမြှင့်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ ရွေးချယ်ရခြင်းမရှိသေး သောကြောင့် Esports အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိ မဆုံးဖြတ်ရသေး ကြောင်း သိရသည်။ မြန်မာ Esports အား ကစားအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအပါအဝင် အခြား Esports အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အားကစား နည်းများတွင် Esports အားကစားနည်း ပါဝင် ခြင်းမရှိသေးကြောင်း သိရသည်။  

ဆီးဂိမ်းစ် ပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းထားသော ကြောင့် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ အပြောင်းအလဲ အချို့ရှိနိုင်ပြီး အားကစားနည်းများ ထပ်တိုးလာဖွယ်ရှိကြောင်း သိရသည်။ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ 

အာရှ အားကစားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံအနေဖြင့် သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင် ရန် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသဖြင့် ရွှေ့ဆိုင်းထားရ သည့် အားကစားပြိုင်ပွဲများကိုလည်း လာမည့် နှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ရာ ၂၀၂၂ ခုနှစ်တွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ ငါးခုနှင့်အထက်ရှိ ကြောင်း သိရသည်။ ၂၀၁၈ အာရှအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သည်။

Most Read

Most Recent