မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဂျွန်စတုန်းစ် ဆို

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဂျွန်စတုန်းစ် ဆို
Photo: Sky Sports
Photo: Sky Sports
Published 11 August 2021

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်က အသင်းနှင့်အတူ စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။     

မန်စီးတီးအသင်းသည် အင်္ဂလန် နောက်ခံလူ ဂျွန်စတုန်းစ်ကို (၅)နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သြဂုတ် (၁၀)ရက်တွင် အတည်ပြုကြေညာခဲ့သည်။ 

မန်စီးတီးအသင်းသည် ဂျွန်စတုန်းစ်ကို လွန်ခဲ့သည့်(၅)နှစ်က  အဲဗာတန်အသင်းထံမှ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၇.၅) သန်း+Add-ons ကြေး ပေါင် (၂.၅) သန်းဖြင့် ခေါ်ယူပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုအခါ ၎င်းကို ၂၀၂၆ ခုနှစ်အထိ အသင်းတွင်ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စာချုပ်သစ်အရ ဂျွန်စတုန်းစ်သည် တစ်ပတ်လျှင် ပေါင်(၂၅၀၀၀၀) အထိ တိုးမြင့်ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရတာ မြတ်နိုးစရာပါ။ အသင်းမှာ အရည်အသွေးမြင့်ကစားသမား များစွာရှိနေပြီး ကျွန်တော်တို့ ဆုဖလားတွေ ဆက်လက်ရရှိသွားဦးမယ်ဆိုတာ သိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အဓိကပစ်မှတ်ပါပဲ။ မန်နေဂျာ(ဂွါဒီယိုလာ)နဲ့ အလုပ်လုပ်ရတာ အိပ်မက်တစ်ခုပါပဲ။ သူက ကျွန်တော့်ကို ကစားပွဲအကြောင်း များစွာသင်ပေးခဲ့ပါတယ်။ နေ့တိုင်းလည်း အသစ်အသစ်တွေ သင်ယူရဦးမှာပါ"ဟု ဂျွန်စတုန်းစ်က ပြောကြားခဲ့သည်။ 

ဂျွန်စတုန်းစ်သည် မန်စီးတီးအသင်းနှင့်အတူ ပြည်တွင်းဆုဖလားအားလုံး ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ရန်သာ လိုအပ်တော့သည်။ ၎င်းသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၆၈) ပွဲကစားပြီး (၁၀) ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent