ခပ်ငြိမ်ငြိမ်အပြောင်းအရွှေ့စျေးကွက်နဲ့ တိတ်ဆိတ်လာလီဂါ

ခပ်ငြိမ်ငြိမ်အပြောင်းအရွှေ့စျေးကွက်နဲ့ တိတ်ဆိတ်လာလီဂါ
Photos: Getty Images, Sky Sports & Team's Twitter
Photos: Getty Images, Sky Sports & Team's Twitter
Published 11 August 2021
ဟိန်းသန့်

လာလီဂါအသင်းတိုင်းကိုကြည့်လိုက်ရင် စျေးကွက်အတွင်း အရင်လို ယူရိုတွေ၊ ပေါင်တွေ၊ ဒေါ်လာတွေ တပြပြနဲ့မလှုပ်ရှားနိုင်ကြတော့ဘူး။ အသင်းအများစုက ငွေသုံးဖို့ထက် ဘယ်ကစားသမားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ အလကားခေါ်နိုင်မလဲ၊ ဘယ်ကစားသမားကိုတော့ ငွေနည်းနည်းနဲ့ အငှားခေါ်လို့ရမလဲဆိုတဲ့ဘက်ကို ပိုလှည့်ပြီး လှုပ်ရှားလာကြတာတွေ့ရတယ်။ ဖြစ်နိုင်ရင် ကိုယ့်အသင်းက ကစားသမားကောင်းတချို့ကို စျေးကွက်တင်ရင် ဝင်ငွေရနိုင်မယ့်ဘက်ကိုတောင် ပိုပြီးဦးစားပေးလာကြတယ်။ ဒါကြောင့် အခုချိန်ထိ လာလီဂါသင်းတွေထဲမှာ စျေးကွက်အတွင်း ငွေသုံးနိုင်မှုက အတော်လေးကို လျော့ကျနေတာ တွေ့ရတယ်။ လက်ရှိသြဂုတ်လဆန်းပိုင်းအထိကြည့်ရင် ကစားသမားသစ်အားဖြည့်မှုအတွက် ယူရိုငွေသန်းဆယ်ဂဏန်း သုံးထားတဲ့အသင်းဆိုလို့ နှစ်သင်းသာရှိသေးတာ တွေ့ရတယ်။

 

Most Read

Most Recent