ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ဘာစီလိုနာအသင်း ခန့်အပ်

ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ဘာစီလိုနာအသင်း ခန့်အပ်
Photo: Marca
Photo: Marca
Published 10 August 2021

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီနှင့် လမ်းခွဲလိုက်ပြီဖြစ်သောကြောင့် ကွင်းလယ်ကစားသမား ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် တာဝန်ပေးလိုက်ကြောင်း သိရသည်။

မက်ဆီ ရှိစဉ်က ဘူးစကွက်စ်၊ ပီကေးနှင့် ဆာဂျီရောဘတ်တိုတို့မှာ ဒုတိယအသင်းခေါင်းဆောင်များဖြစ်ခဲ့ပြီး ယခုအခါ ယူရို-၂၀၂၀ ပြိုင်ပွဲမှ ဘူးစကွက်စ်၏ ဦးဆောင်မှုအရည်အသွေးကြောင့် ၎င်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း Marca က သုံးသပ်ခဲ့သည်။

ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီးနောက် ပီကေး၊ ဆာဂျီရောဘတ်တိုတို့နှင့်အတူ အယ်လ်ဘာကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။

ဘူးစကွက်စ်သည် ယိုအန်ဂမ်ပါဖလားပွဲတွင် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent