အသက် ၆၇ နှစ်အရွယ်ရှိ လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန်

အသက် ၆၇ နှစ်အရွယ်ရှိ လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန်
Published 2 August 2021

အသက် ၆၇ နှစ်အရွယ်ရှိ လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ သြဂုတ် ၂ ရက် နေ့လယ် ၁၂ နာရီခန့် တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဦးမေတ္တာမှာ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်အရင်းမှာ ကိုခင်မောင်မြင့် ဖြစ်ကာ စီးပွားရေးဘွဲ့ B.Com(Eco) ရရှိထားသူ ဖြစ်သည်။

ကွယ်လွန်ခဲ့ပြီဖြစ်သော လူရွှင်တော် ကွမ်းသီးနှင့် တွဲဖက်ညီခဲ့သူဖြစ်ပြီး သရုပ်ဆောင် အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သူဖြစ်သည်။

တက္ကသိုလ် အနုပညာလောကမှ လာသူဖြစ်ပြီး တက္ကသိုလ် အငြိမ့်ထဲတွင် လူရွှင်တော်အဖြစ် ပါဝင်ခဲ့သည်။

အငြိမ့်တွင် မေတ္တာ၊ ချစ်စရာ၊ ကရုဏာ၊ သစ္စာ ဆိုပြီး လူရွှင်တော် လေးဦး ပေါ်ပေါက်ခဲ့သည်။

မေတ္တာဆိုသော အမည်ကို စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ညွန့် က ပေးလိုက်ခြင်း ဖြစ်သည်။

Most Read

Most Recent