■ အင်္ဂလန်အသင်း၏ ဂိုုးပေါက်တည့်မှုထက် ချက်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ် ပိုများနေ

■ အင်္ဂလန်အသင်း၏ ဂိုုးပေါက်တည့်မှုထက် ချက်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ် ပိုများနေ
Published 22 June 2021

ချက်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်၏ ယူရို-၂၀၂၀ အုပ်စုပွဲစဉ်(၂)ပွဲတွင် စွမ်းဆောင်ခဲ့သော ဂိုးပေါက်တည့်အခွင့်အရေးမှာ အင်္ဂလန်တစ်သင်းလုံးထက် ပိုများနေကြောင်း သိရသည်။

ချက်အသင်းနှင့် အင်္ဂလန်အသင်းတို့သည် ယခုအင်္ဂ ါနေ့တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ယခုကဲ့သို့ နှိုင်းယှဉ်ဖော်ပြမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ် (၂)ပွဲ၌ ဂိုးပေါက်တည့်အခွင့်အရေး (၃)ကြိမ်သာရရှိခဲ့ပြီး ပက်သရစ်ရှစ်ခ်မှာ ဂိုးပေါက်တည့်အခွင့်အရေး (၆)ကြိမ်အထိ ရရှိထားကြောင်း သိရသည်။

ပက်ထရစ်ရှစ်ခ်သည် ယခုယူရိုပြိုင်ပွဲတွင် (၂)ပွဲကစားကာ (၃)ဂိုးအထိ သွင်းယူထားပြီး စီရော်နယ်လ်ဒို၊ လူကာကူတို့နှင့်အပြိုင်ဖြစ်နေသည်။

အသက် ၂၅ နှစ်အရွယ်သာရှိသေးသူ ပက်ထရစ်ရှစ်ခ်အနေဖြင့် နိုင်ငံအသင်းအတွက် (၂၈)ပွဲကစားရာတွင် (၁၄)ဂိုးသွင်းထားပြီး နှစ်ပွဲတစ်ဂိုးနှုန်း ရှိနေသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ရှစ်ခ်သည် ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆုကို ဆွတ်ခူးနိုင်စွမ်းရှိကြောင်း ချယ်အသင်းနည်းပြ ရှယ်လ်ဟာဗီက ဟောကိန်းထုတ်ခဲ့သည်။

ယူရိုပြိုင်ပွဲသမိုင်းတွင် ချက်ကစားသမားများထဲမှ ရွှေဖိနပ်ဆုရရှိဖူးသူမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း မီလန်ဘားရို့စ် တစ်ဦးတည်းသာရှိပြီး ယူရို-၂၀၀၄ ပြိုင်ပွဲတွင် သွင်းဂိုး(၅)ဂိုးဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent