■ ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု(D)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု(D)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 22 June 2021

■ ချက် - အင်္ဂလန်(မြန်မာစံတော်ချိန် ဇွန်လ ၂၃ ရက် နံနက် ၁း၃၀ နာရီ)

အင်္ဂလန်အတွက်ကတော့ အုပ်စုဒုတိယနေရာက ပိုကောင်းပြီး အုပ်စုဗိုလ်ဆိုရင် မရဏအုပ်စုက ဒုတိယနေရာရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်လို့ ပိုခက်ခဲမယ့် သဘောဖြစ်နေတယ်။ လက်ရှိအနေအထားအရ ချက်နဲ့ အင်္ဂလန်က နိုင်တဲ့အသင်း အုပ်စုဗိုလ်နေရာ သေချာနေပြီး သရေဆိုရင်တော့ ချက်က အုပ်စုဗိုလ်၊ အင်္ဂလန်က အုပ်စုဒုတိယ ဖြစ်ပြီး ပိုကောင်းတဲ့အနေအထားကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါပေမဲ့ ရှုံးသွားခဲ့ရင် အုပ်စုဒုတိယတောင် မသေချာတော့တဲ့အနေအထားလည်းဖြစ်သွားနိုင်လို့ Plan ချကစားဖို့ ခက်ပြီး တွေ့ချင်တဲ့အသင်းနဲ့ တွေ့ဆိုတဲ့ စိတ်နဲ့ ကစားရမယ့် အခြေအနေမျိုးလည်းဖြစ်နေတယ်။ ဒီပွဲက ခြေစွမ်းနဲ့ သိပ်မဆိုင်တော့ဘဲ ရွေးချယ်မှုနဲ့ ပိုသက်ဆိုင်တဲ့သဘောလည်းဖြစ်တယ်။ ခြေစွမ်းသက်သက်ဆိုရင်တော့ ချက်က အကောင်းဆုံးစုစည်းမှုကို ပြသနေတယ်ဆိုရင်တောင် အင်္ဂလန်ပဲ အနိုင်ရဖို့ များပါတယ်။

■  ခရိုအေးရှား - စကော့တလန်(မြန်မာစံတော်ချိန် ဇွန်လ ၂၃ ရက် နံနက် ၁း၃၀ နာရီ)

ခရိုအေးရှားရော၊ စကော့တလန်ရော တစ်မှတ်စီသာ ရထားကြတယ်။ ခရိုအေးရှားက အသင်းကြီးတစ်သင်းဖြစ်ပြီး အတွေ့အကြုံရင့် အသင်းလည်းဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်း၊ စိတ်ဓာတ်နဲ့ မာကျောမှုတွေအရဆိုရင် စကော့တလန်ကိုတောင် ပိုကြိုက်တယ်။

Most Read

Most Recent