မြန်မာ့အရေးတွင် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာက အားပေးသင့်ပြီး ပိတ်ဆို့မှုနှင့် ဝင်ရောက် စွက်ဖက်မှုများအား ရှောင်ရှားသင့်ဟု တရုတ် တိုက်တွန်း

မြန်မာ့အရေးတွင် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာက အားပေးသင့်ပြီး ပိတ်ဆို့မှုနှင့် ဝင်ရောက် စွက်ဖက်မှုများအား ရှောင်ရှားသင့်ဟု တရုတ် တိုက်တွန်း
Published 19 June 2021
Ref: CGTN

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လေးစားမှုအပေါ်အခြေခံပြီး မျှတသည့်သဘောထားနှင့် ဒေသတွင်း အာဆီယံနိုင်ငံများ၏ ကြိုးပမ်းချက်များကို အားပေးသင့်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် သင့်လျော်သောအခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောကြားသည်။

ဇွန် ၁၈ ရက်က မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ်က ယခုကဲ့သို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းက သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုမှ သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံက အမှန်တကယ် မျှော်လင့်ထားကြောင်း၊ အိမ်နီးချင်းနိုင်ငံအ နေဖြင့် တရုတ်သည် မြန်မာ့အခြေအနေများ ကို သေချာစောင့်ကြည့်လျက်ရှိပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီအတွင်း သဘောတူ ညီမှုရရေးတွင်လည်း တက်ကြွစွာ ပါဝင်လျက် ရှိကြောင်း တရုတ်ကိုယ်စားလှယ်က အစည်းအဝေး၌ ပြောကြားသည်။

ဆက်လက်၍ ၎င်းပြောဆိုခဲ့သည့်အထဲတွင် မြန်မာ့အရေးအတွက် အာဆီယံက အပြုသဘော ဆောင်သည့်နေရာ၊ ဖျန်ဖြေရေးနေရာမှပါဝင်ခြင်းကို တရုတ်နိုင်ငံက အားပေးကြောင်းနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေမှုများသည် မြန်မာ၏ ပြည်တွင်းရေး ဖြစ်ကာ အရေးယူပိတ်ဆို့မှုများမှ တင်းမာမှု၊ ထိပ်တိုက်တွေ့မှုများကို ပိုဆိုးလာစေခြင်း၊ အခြေအနေကို ပိုရှုပ်ထွေးစေခြင်းသာ ဖြစ်လာ စေမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြော ကြားခဲ့သည်။

မြန်မာ့အရေးကို သံတမန်ရေးနှင့် ဖြေရှင်းရန် အာဆီယံက ဦးဆောင်ကြိုးပမ်းနေသော်လည်း အာဆီယံသည် သံတမန်သြဇာနှင့်ပတ်သက်ပါက ထင်ရှားသည့်အဖွဲ့အစည်းတစ်ခုမဟုတ်ပေ။

 ထို့ကြောင့်လည်း အာဆီယံသည် မြန်မာ့အရေးတွင် မည်မျှအထိ လွှမ်းမိုးမှုရှိနိုင် သနည်းဆိုသည်ကို  လေ့လာစောင့်ကြည့်သူ များက မေးခွန်းထုတ်နေကြသည်။

ယခုပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာလည်း ဝင်ရောက်ဆွေးနွေးခဲ့သည်။

မစ္စစ်ဘာဂနာသည် ကြာမြင့်သည့် အရှေ့တောင်အာရှ ခရီးစဉ်မှ ပြန်ရောက် ထားသည်မှာ မကြာသေးသော်လည်း မြန်မာနိုင်ငံကို လာရောက်ခွင့်မရသေးပေ။

အစည်းအဝေးတွင် မစ္စစ်ဘာဂနာက မြန်မာ့အခြေအနေနှင့်ပတ်သက်ပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီက အချိန်မီတုံ့ပြန် ဆောင်ရွက်ပေးရန် တညီတညွတ်တည်းရှိ ပေးရန် တောင်းဆိုခဲ့သည်။