အာဆီယံသံတမန်များနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံမှုအတွင်း အထူးသံတမန်အမည်စာရင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ဟု အာဆီယံ ထုတ်ပြန်

အာဆီယံသံတမန်များနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံမှုအတွင်း အထူးသံတမန်အမည်စာရင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ဟု အာဆီယံ ထုတ်ပြန်
Photo:Dsinfo
Photo:Dsinfo
Published 7 June 2021
Ref:BenarNews

အာဆီယံသံတမန်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ရေးအတွက် အဆိုပြုအမည်စာရင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း အာဆီယံက ထုတ်ပြန်ခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူးနိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး အဲရီဝမ်ပါဟန်ယူဆက်ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့သည် ဇွန်လပထမပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြားထိပ်တန်းတာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးခဲ့ကြတဲ့ကိစ္စတွေထဲမှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ခန့်အပ်ရေးနဲ့ အဲဒီအထူးသံတမန်ရဲ့ လုပ်ငန်းတာဝန်တို့ ပါဝင်ပါတယ်” ဟု ဇွန် ၆ ရက်နောက်ပိုင်း အာဆီယံ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အာဆီယံသံတမန်များ၏ အထူးသံတမန်ဖြစ်လာနိုင်သူ သို့မဟုတ် အကျဉ်းသားများ လွှတ်ပေးရန်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တု့ံပြန်ချက်ကိုမူ အာဆီယံ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အာဆီယံ၏ ဘုံလူသားချင်းစာနာမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများ ပြန်လည်စတင်ရန် မြန်မာ၏ကတိကို အာဆီယံဥက္ကဋ္ဌက ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

နိုင်ငံတွင်း တည်ငြိမ်မှုမရမချင်း အာဆီယံသံတမန်တစ်ဦး၏ အလည်အပတ်ခရီးကို သဘောတူမည်မဟုတ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်က ပြောကြားနေဆဲဖြစ်သည်။

Most Read

Most Recent