ရုရှားနိုင်ငံက တိရစ္ဆာန်များကို ထိုးနှံပေးနိုင်မည့် ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မှတ်ပုံတင်

ရုရှားနိုင်ငံက တိရစ္ဆာန်များကို ထိုးနှံပေးနိုင်မည့် ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မှတ်ပုံတင်
ဒီဇင်ဘာ ၉ ရက်က ရုရှားနိုင်ငံ၏ ဖက်ဒရယ် တိရစ္ဆာန် ကျန်းမာရေး စင်တာ၏ ဓာတ်ခွဲခန်းတစ်ခုတွင် တိရစ္ဆာန်များအတွက် COVID-19 ကာကွယ်ဆေး စမ်းသပ်ရန် ပြင်ဆင်နေစဉ်
ဒီဇင်ဘာ ၉ ရက်က ရုရှားနိုင်ငံ၏ ဖက်ဒရယ် တိရစ္ဆာန် ကျန်းမာရေး စင်တာ၏ ဓာတ်ခွဲခန်းတစ်ခုတွင် တိရစ္ဆာန်များအတွက် COVID-19 ကာကွယ်ဆေး စမ်းသပ်ရန် ပြင်ဆင်နေစဉ်
Published 31 March 2021
Ref: AFP

ရုရှားနိုင်ငံသည် တိရစ္ဆာန်များကို ထိုးနှံပေးနိုင်မည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ခဲ့ပြီး ယင်းသည် တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်သည်ဟု မတ်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။

ယင်းကာကွယ်ဆေးကို ဧပြီလအတွင်း အများအပြား ထုတ်လုပ်သွားမည်ဟုလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေးကို ကြီးကြပ်သည့် Rosselkhoznadzor အေဂျင်စီ၏ ထုတ်ပြန်ချက်အရ Carnivak – Cov ဟုအမည်ပေးထားသည့် ယင်းကာကွယ်ဆေးကို ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး ခွေးများ၊ ကြောင်များ၊ မြွေပါများ၊ မြေခွေးများနှင့် အခြားတိရစ္ဆာန်များကို စမ်းသပ်ခဲ့ပြီး ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့ သည်။

“ကာကွယ်ဆေး စမ်းသပ်ခဲ့တဲ့ တိရစ္ဆာန်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ပေးနိုင် တယ်ဆိုတာ ရာနှုန်းပြည့်တွေ့ရှိခဲ့ပါတယ်” ဟု Rosselkhoznadzor ၏ လက်ထောက် အကြီးအကဲ ကွန်စတန်တင် ဆက်ဗန်ကော့ဗ် က ပြောကြားခဲ့သည်။

“ဒါဟာ တိရစ္ဆာန်တွေကို COVID-19 ကူးစက်မှုကနေ တားဆီးပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနဲ့ တစ်မျိုးတည်းသော ကာကွယ်ဆေးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

                                                           

Most Read

Most Recent