မနက်ဖြန်မှာ ရောက်ရှိလာမယ့် သတင်း

မနက်ဖြန်မှာ ရောက်ရှိလာမယ့် သတင်း
Published 1 March 2021
ထူး (Glory)

အဲဒီကတည်းက ဒီသတင်းဆိုးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရိပ်မိခဲ့ဖို့ကောင်း တယ်။ အခုတလော ရေဒီယိုကလည်း ဘာဖြစ်နေတယ်မသိဘူး။ ဆူနေတဲ့ ရေနွေးအိုးဆီက လာတဲ့အသံတွေလို တရှီးရှီး တရှဲရှဲနဲ့ လေသံတွေ သိပ်ကိုများနေတယ်။ သတင်းကို သေချာ နားထောင်ယူရတယ်။ ဒီနှစ်နွေဦးမှာ မုန်တိုင်းဝင်တာ စောတယ်လို့ ပြောလို့ရတယ်။ 

ရာသီဥတု ဖောက်ပြန်မှုတွေက ...

မနက်ဖြန်မှာလည်း  လောလောလတ်လတ်ဆိုတဲ့သတင်းတွေဟာ  လေယာဉ်ပျံတွေ တစ်စင်းပြီး တစ်စင်း ပျက်ကျလာသလို ကျွန်တော်တို့ ရှေ့‌မှောက်ကို တဖြုတ်ဖြုတ်နဲ့ ကြွေကျလာဦးမှာ အသေအချာပါပဲ။ အဲဒီလို ကြွေကျလာမယ့် လောလောလတ်လတ်ဆိုတဲ့ သတင်းတွေဟာလည်း မနေ့က ကြွေကျလာခဲ့ တဲ့ ထူးမခြားနား ညှိုးနွမ်းသတင်းတွေပဲဆိုတာ ကြိုသိနေပါရဲ့။ မင်္ဂလာပါလို့ နှုတ်ဆက်ပြီး အမင်္ဂလာသတင်းတွေကို စီတန်းရွတ်ဆိုသွား မယ့် ရေဒီယိုတစ်လုံးဆီက သတင်းတွေကို ရှေ့ဆက် နားမထောင်ရဲတော့တာတော့ သေ ချာတယ်။ နားမထောင်ရဲဘူးဆိုပေမဲ့ နား မထောင်လို့ မဖြစ်လို့ ကျွန်တော်တို့ ဆက်လက် နားထောင်ဖြစ်နေကြတာပါပဲ။ ဒီအချိန်မှာ ကျွန်တော်တို့ဆီ အမြန်ဆုံးရောက်လာတာ ဆိုလို့ အဲဒီရေဒီယိုသတင်းတွေပဲ ရှိတာလေ။ မကောင်းတဲ့သတင်းတွေ ဖြစ်နေစေဦးတော့ မကောင်းတဲ့အကြောင်းတွေ သိရအောင်လို့ မကောင်းသတင်းတွေကိုပဲ ကြိတ်မှိတ် နား ထောင်ရပါတယ်။ ဒီည ညဦးပိုင်းက မက်တဲ့ အိပ်မက်ထဲမှာ ဘီလူးစီးတယ်လို့ မက်ပြန် တယ်။ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲလို့ ကျွန်တော့်အတွေ့အကြုံအရ စိတ်က သိနေ တယ်။ ဒီမနက်သတင်းမှာ ပျက်ကျမှုနည်းပါ စေလို့သာ ဆုတောင်းနေမိတော့တယ်။

ရုပ်မြင်သံကြားမှာ “မင်္ဂလာပါ”ဆိုတဲ့ သတင်းအစီအစဉ် ပျက်သွားတာ တော်တော် ကြာပြီလို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် က ပြောမှ ရုပ်မြင်သံကြားကို ပြူးပြဲရှာကြည့်မိ တယ်။ ဘယ်အချိန်ကတည်းက ပျောက်သွား မှန်း ဘယ်သူမှ သတိမထားမိကြဘူး။ သူ ပြော တာကတော့ လွန်ခဲ့တဲ့ တစ်လနှစ်လလောက် ကလို့တော့ ပြောတာပဲ။ သိပ်အတိအကျကြီး မဟုတ်တောင် သူကမှ သတိထားမိလို့ ကိုယ့် ထက်စာရင် တော်သေးတယ်လို့ ပြောလို့ရ တယ်။ အဲဒီကတည်းက ဒီသတင်းဆိုးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရိပ်မိခဲ့ဖို့ကောင်း တယ်။ အခုတလော ရေဒီယိုကလည်း ဘာဖြစ် နေတယ်မသိဘူး။ ဆူနေတဲ့ ရေနွေးအိုးဆီက လာတဲ့အသံတွေလို တရှီးရှီး တရှဲရှဲနဲ့ လေသံ တွေ သိပ်ကိုများနေတယ်။ သတင်းကို သေချာ နားထောင်ယူရတယ်။ ဒီနှစ်နွေဦးမှာ မုန်တိုင်း ဝင်တာ စောတယ်လို့ ပြောလို့ရတယ်။ ရာသီ ဥတု ဖောက်ပြန်မှုတွေက အခုတလော ဆက် တိုက်ကြီးကို ဖြစ်နေတာ။ နွေခေါင်ခေါင်ကြီး မှာ မိုးတွေ ဆက်တိုက်ကြီးရွာတော့မယ် ထင် တယ်။ မိုးလေဝသသတင်းမှာတော့ မုန်တိုင်း က တစ်ဖက်နိုင်ငံကို ရွေ့သွားပြီလို့ ပြောတာ ပဲ။ အပြင်မှာ လူသွားလူလာ ကျဲသွားပြီ။

မနက်ဖြန် ရောက်ရှိလာမယ့် သတင်း ဟာ မနေ့ညကရရှိထားတဲ့သတင်းတွေပဲ ဖြစ် မယ်ထင်တယ်။ ဖြစ်ပျက်ပုံသာ ကွဲသွားမယ်၊ အကြောင်းအရာကတော့ တစ်ထပ်တည်းပဲ။ မနေ့က ညဦးပိုင်းက ရရှိထားတဲ့သတင်းတွေ ထဲမှာ ဆောင်းခိုငှက်တွေ အပြန်လမ်းမှာ တိုက်ခိုက်ခံရလို့ လေယာဉ်တွေပျက်ကျသလို ပျက်ကျတဲ့အကြောင်း တိတိကျကျသတင်း ရပ်ကွက်က ကြားသိထားတယ်။ ဘယ်လိုဖြစ် ကြတာပါလိမ့်။ ဘယ်သူတွေက ဘယ်လို တိုက်ခိုက်တာပါလိမ့်။ ဆောင်းခိုငှက်တွေ သူ တို့ဘာသာသူတို့ သူတို့နေရပ်ကို အေးအေး လူလူ ပြန်ကြတာလေ။ ဘာဖြစ်လို့ တိုက်ခိုက် ကြတာပါလိမ့်။ နှစ်တိုင်းတော့ ဆောင်းခိုငှက် တွေဟာ အပြန်လမ်းကို မျက်စိလည်လမ်းမှား တတ်ရုံကလွဲလို့ ဘာပြဿနာမှ သိပ်ကြီးကြီး မားမား မဖြစ်တတ်ကြဘူး။ မျက်စိလည် လမ်း မှားလို့ မပြန်တတ်ဘူးဖြစ်နေရင်လည်း မြို့ ထဲက ဆောင်းခိုငှက်ကယ်ဆယ်ရေးအဖွဲ့ရဲ့အကူအညီနဲ့ လမ်းလိုက်ပြလိုက်ရုံပဲ။ အခုဟာ က ဘယ်လိုဖြစ်လို့ ပျံသန်းနေကြရင်းနဲ့ ပျက် ပျက်ကျနေကြရတာလဲ။ သူတို့ပျံသန်းရာ လေ ထုထဲမှာ အန္တရာယ်တစ်ခုခု ရှိနေတာတော့ သေချာတယ်။ သူတို့မမြင်နိုင်တဲ့ ဗိုင်းရပ်စ်တွေ သူတို့ပျံသန်းရာလမ်းကြောင်းထဲမှာ တစ် ယောက်ယောက်ကများ ကျဲပက်ထားခဲ့လို့ လား။ ဒါမှမဟုတ်  အဲဒီလေထုထဲမှာ မကောင်း ဆိုးရွားဝိညာဉ်တွေများ ရှိနေလို့လား။ မ ကောင်းဆိုးရွား ၀ိညာဉ်ဆိုတာတွေကလည်း လေထုထဲမှာ အကြာကြီး မရပ်နိုင်ပါဘူး။ ဒီ သတင်းသာ မနက်ဖြန် အတည်ဖြစ်တယ်ဆို ရင် တော်တော်ထိတ်လန့်စရာကောင်းတဲ့ သတင်းတစ်ခု မြို့ထဲမှာ ခဏချင်း ပျံ့နှံ့သွား မှာ သေချာတယ်။ အခုချိန်မှာ ဘယ်လို သတင်းပဲဖြစ်ဖြစ် ပျံ့နှံ့လွယ်တယ် မဟုတ် လား။

လူတွေက ယုံလွယ်လွန်းတယ်။ ဒီတော့ မနက်ဖြန်ရောက်လာမယ့် သတင်းကိုလည်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်‌စေ အတင်း စွတ်မှိတ်ယုံကြဦးမှာပဲ။  တစ်လောက မြို့ထဲ မှာရှိတဲ့ သစ်ပင်ကြီးတွေ လေမတိုက်၊ မြေ ငလျင်မလှုပ်ဘဲ သူ့အလိုလို သစ်ပင်ခြေရင်း တွေကနေ ထက်ပိုင်းကျိုးကြကုန်ကြတယ်လို့ တစ်ယောက်က ဖွလိုက်တာ မြို့ထဲကလူတွေ အကုန်ထိတ်လန့်ကုန်ကြတယ်။ ဖြစ်နိုင်၊ မ ဖြစ်နိုင်ကို နောက်မှ စဉ်းစားမယ်။ ထိတ်လန့် စရာဆို အရင်ထိတ်လန့်မယ်။ ဝမ်းသာစရာ ဆို အရင်ဝမ်းသာမယ်။ ဝမ်းနည်းစရာဆို အရင် ငိုေ<ကးမယ်။ ဒီမြို့ထဲမှာ  ဒီလိုလူတွေ ချည်းပဲဆို‌တော့ ဒီလိုသတင်းတွေပျံ့နှံ့နေတာ သိပ်တော့ မထူးဆန်းပါဘူး။ တချို့ဆို အဲဒီ သစ်ပင်တွေကို သွားကြည့်တဲ့သူတွေတောင် ရှိရဲ့။ မယုံလို့ သွားကြည့်တယ်ဆိုရင်တောင် အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး သူတို့ရင် ထဲမှာ ရှိနေလိုပဲ။ အရင်းအမြစ် ဘယ်က မှန်း မသိတဲ့ သတင်းဆိုးတွေဟာ မြို့ထဲကို ပြန့် သွားပြီဆိုတာနဲ့ မြို့ထဲကလူတွေ အကုန် လှုပ် လှုပ်ခတ်ခတ်ဖြစ်သွားတော့တာပဲ။ အမှန် တော့ ဘယ်သစ်ပင်မှ ထက်ပိုင်းကျိုးတယ်ဆို တာ မရှိပါဘူး။ လူတစ်ယောက်ယောက်က ဒီမြို့ထဲက လူတွေရဲ့ ဆင်ခြင်နိုင်စွမ်းကို စမ်း သပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုစမ်း သပ်တာ အမှန်ဆိုရင် ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပဲဆိုတာတော့ သူ သိအောင် တစ်နည်းနည်းနဲ့ ပြောကြရမှာပဲ။

ဒီရက်ပိုင်းအတွင်း ရေထဲက မြွေနဂါး ကြီးတစ်ကောင်  လာမယ်ဆိုတဲ့ ကောလဟလ သတင်းတစ်ခုကို ဘယ်သူက စပြောလိုက် တယ်မသိဘူး။ လူတိုင်း ကျီးလန့်အစာစား သလို လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်ကြတယ်။ အခုတစ်လော အဲဒီလို မဟုတ်တမ်းတရား သတင်းတွေက ဘယ်ချောင်ကြိုချောင်ကြား က ပေါ်လာတာလဲဆိုတာ ဘယ်လိုမှကို စဉ်း စားလို့ကို မရဘူးဖြစ်နေတယ်။  ဘယ်သူက ဘယ်နေရာမှာ ပြောလိုက်တာလဲလို့ မေးတော့ လည်း ဘယ်သူက ပြောလို့ပြောမှန်းမသိကြ ဘူး။ အဲဒီ ေ>မနဂါးကြီးက ဘယ်ရေထဲကနေ လာမှာလဲ မေးတော့လည်း ရေရေရာရာ ဖြေ ထားတဲ့အဖြေမရှိဘူး။ တချို့က ကန်တော် ကြီးထဲကလာမယ်လို့ ပြောနေကြတာကြောင့် ဘယ်ကန်တော်ကြီးထဲက လာမှာလဲလို့ ခဏ ခဏ မေးမိသေးတယ်။ ရွှေဘိုမဟာနန္ဒာကန် တော်ကလား၊ မိတ္ထီလာကန်တော်ကလား မေးတော့လည်း မဟုတ်ပြန်ဘူးတဲ့။ တချို့က လည်း မြစ်တစ်မြစ်ထဲကနေ ပေါ်လာမှာတဲ့။ ဘယ်မြစ်ထဲကလဲ။ ဧရာဝတီမြစ်ထဲကလား။ သံလွင်မြစ်ထဲကလား။ စစ်တောင်းမြစ်ထဲက လား။ ချင်းတွင်းမြစ်ထဲကလား။ နိုင်းလ်မြစ်ထဲ ကဆိုရင်တော့ ဒီကို အလွယ်တကူ ရောက်လာ နိုင်ပါမလား။ မစ္စစ္စပီမြစ်ထဲကလည်း မဖြစ် နိုင်ပါဘူး။ ဒီလိုပြောတော့ “ဘာလဲ ဆရာ တော်ကြီးကို မယုံတာလား”တဲ့။ ဘယ်က ဆရာတော်ကြီးလဲ မေးပြန်တော့ ဘယ်က ဆရာတော်ကြီးမှန်း မသိဘူး။ သတင်းတွေဟာ လိုက်လေ ဝေးလေ၊ ဝေးလေ ယုတ္တိကင်းလေ။ ဒါဆို ဘယ်သတင်းကိုမှ မယုံရတော့ဘူးလား ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ တချို့ မယုံနိုင် လောက်တဲ့သတင်းတွေကပဲ အတည်ကြီးဖြစ် သွားတဲ့အခါ ကျွန်တော်တို့ပဲ အံ့သြဝမ်းနည်း ဖြစ်ကြရတာပဲ။

မနေ့က မနက်ပိုင်းကရထားတဲ့ သတင်း ကတော့ တကယ့်ကို မယုံနိုင်စရာကောင်း လောက်အောင် အံ့သြမိရပါတယ်။ ကြားကြား မိချင်းတုန်းကတော့ လူတိုင်း အကုန်တုန်လှုပ် သွားကြတာပဲ။ သတင်းက တုန်လှုပ်မယ်ဆို လည်း တုန်လှုပ်စရာပဲ။ ဂြိုဟ်တစ်စင်း ကမ္ဘာ ပေါ်ကို အလုံးလိုက်ကြီး ပြုတ်ကျလာသတဲ့။ ဂြိုဟ်ရဲ့ အမှုန်အစကလေး ပြုတ်ကျတာမျိုး မဟုတ်ဘူး။ ဂြိုဟ်ကြီးတစ်စင်းလုံး ပြုတ်ကျ တာတဲ့။ ပြုတ်ကျတဲ့နေရာကိုလည်း အတိ အကျဖော်ပြထားလေတော့ မယုံလို့မရတော့ ဘူး။ အဲဒီဂြိုဟ်က ဂြိုဟ်ကောင်းမဟုတ်။ ဂြိုဟ်ဆိုးတစ်ခု။ စကြာဝဠာထဲမှာ ဂြိုဟ်တွေ ဒီလောက်အထိ ပေါနေတာကို တခြားဂြိုဟ် ပေါ်ကို သွားပြုတ်ကျပါလား။ ဘာလို့ ဒီကမ္ဘာ ဂြိုဟ်ပေါ်မှာမှ လာပြုတ်ကျရတာလဲ။ မနက် ခင်းကြီး နေထွက်ချိန်ကြီးမှာ တစ်ကမ္ဘာလုံး အမှောင်ကျသွားလို့ ကမ္ဘာဂြိုဟ်သားတွေ အကုန်ထိတ်လန့်တုန်လှုပ်မှု‌တွေ ဖြစ်သွားကြ တဲ့အထိပဲ။ ထိတ်လန့်ပေမဲ့ မအော်ဟစ်ကြ ဘူး။ သူတို့အသက်ရှူသံတွေ တစ်နေရာရာကို လွင့်စင်သွားသလို အားလုံးဟာ ငြိမ်သက် တိတ်ဆိတ်သွားတယ်။ မနက်ဖြန်ကျရင် မနက်လင်းပါဦးမလားလို့ သူတို့ စိတ်ပူနေကြ တယ်။ သူတို့အပေါ် ဖိမယ့် အဲဒီအရိပ်မည်း ကြီးကို ကာကွယ်ဖို့ သူတို့ နည်းလမ်းရှာကြ တယ်။ နည်းလမ်း တွေ့သွားပါပြီ။ မနက်ဖြန် လာမယ့် သတင်းထဲမှာတော့ နောက်ဆက်တွဲ သတင်းအဖြစ် ဖော်ပြပေးမယ်ဆိုပဲ။ သတင်း ဆိုးတွေကြားထဲကနေ သတင်းကောင်းဖြစ်ပါ စေလို့ ဆုတောင်းဖြစ်အောင် ဆုတောင်းမိ သေးတယ်။

ဒီရက်ပိုင်းမှာ မပါမဖြစ်သတင်းကတော့ မီးသတင်းတွေပဲ။ မနက်ဖြန်ကျရင်လည်း အဲဒီမီးသတင်းက သေချာပေါက်ပါဦးမှာပဲ။ သတင်းတစ်ခုဟာ ဒီပုံစံတစ်ခုတည်းအတိုင်း နေ့တိုင်း ပါနေမယ်ဆိုရင် ဒါ သွေးရိုးသားရိုး သတင်းမဟုတ်တာတော့ သေချာတယ်။ ဒီမြို့ ရဲ့ရပ်ကွက်တိုင်းမှာ တစ်ညကို တစ်အိမ် မီး လောင်တယ်ဆိုတဲ့သတင်းက တကယ်ကို သံ သယဖြစ်ဖွယ်ပဲ။ မီးက ဘာလို့ ဆက်တိုက်ကြီး လောင်နေတာလဲ။ တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် လောင်တယ်လို့လည်း မ ပြောရဲဘူး။ ရပ်ကွက်ထဲက တစ်ယောက် ယောက်ဟာ ကိုယ့်အနီးအနားမှာလည်း ရှိ‌ နေနိုင်တာပဲ။  တချို့ကလည်း အဲဒီသတင်းက ဖွသတင်းပဲလို့ ပြောနေကြတယ်။ ဒီလို ဖွ သတင်းတွေ တက်နေတာ ကောင်းခြင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖွသတင်းတွေဆိုပြီး မယုံခဲ့တဲ့လူတွေဟာ တကယ်ကျားကြီးလာမှ လမ်းပေါ်တက်အိပ်ဆိုသလို ဖြစ်ကုန်မှ ငါး ပါးတွေ မှောက်နေပါဦးမယ်။ တချို့ကတော့ ဒါဟာ လူတိုင်းနီးပါးက ပြောနေကြတဲ့ သတင်း ဖြစ်တာကြောင့် သတင်းမှန်ဖြစ်တယ်လို့ အတိ အလင်းပြောနေကြတယ်။ ဒါပေမဲ့ လူတိုင်းနီး ပါးက ပြောနေတိုင်းလည်း သတင်းအမှန်မှ မဖြစ်နိုင်တာပဲ။ မနက်ဖြန်ရောက်လာမယ့် သတင်းထဲမှာ ပါမှာ သေချာပါတယ်။ မကြည့် ရဲပေမဲ့ မြင်ရမယ့်မြင်ကွင်းတွေ၊ မကြားရဲ ပေမယ့် ကြားရမယ့် သတင်းတွေဟာ မနက် ခင်းကနေ ကြိုစောင့်နေပါလိမ့်မယ်။

မနက်ဖြန်မှာ ရောက်လာမယ့် သတင်းတွေထဲမှာ ရေဒီယိုဓာတ်ခဲစျေးတွေ တက်သွားပြီဆိုတဲ့ သတင်းမျိုးတွေ မပါပါစေနဲ့လို့ ဆု တောင်းရမှာပဲ။ သတင်းဆိုးတွေ ဖြစ်နေစေဦး တော့ ရေဒီယိုသတင်းကတော့ နားမထောင် လို့ မဖြစ်ဘူး။ အရေးထဲမှာ အခုတစ်လော ရေဒီယိုက ဓာတ်ခဲစားလွန်းတယ်။ ဘယ်တတ် နိုင်မလဲ။ ကြွေကျလာမယ့် သတင်းတွေက မကောက်လို့မှ မဖြစ်တာ။