မေခရိုစီးပွားရေး မတည်ငြိမ်မှုများနှင့် ဆက်လက်အားနည်းနေဦးမည့် မြန်မာ့စီးပွားရေး

မေခရိုစီးပွားရေး မတည်ငြိမ်မှုများနှင့် ဆက်လက်အားနည်းနေဦးမည့် မြန်မာ့စီးပွားရေး
Published 16 June 2024

 

 

မြန်မာနိုင်ငံ၏စီးပွားရေးသည် ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေသည့် ပဋိပက္ခ၊ မေခရို စီးပွားရေး မတည်ငြိမ်မှုနှင့် နေရပ် ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ် မှုများနှင့် ဆက်လက်ရင်ဆိုင်နေရ ပြီး စီးပွားရေးတိုးတက်မှုဆက်လက် နှေးကွေးနေမည်ဟု ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့ ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်လေ့လာမှု အစီရင်ခံစာအရ သိရသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့်ကြည့်လေ့လာမှု အစီရင် ခံစာအရ မတ်လ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်တာကာလ ပြည်တွင်းထုတ် လုပ်မှုတန်ဖိုးသည် တစ်-ရာခိုင်နှုန်း ရှိမည်ဟုခန့်မှန်းသည်။ ယင်းမှာ ယ ခင်နှစ်ကခန့်မှန်းချက်များနှင့် ကိုက် ညီမှုရှိသော်လည်း ၂၀၂၃ ခုနှစ် ဒီ ဇင်ဘာတွင်ခန့်မှန်းခဲ့သည့် နှစ်-ရာ ခိုင်နှုန်းအောက် လျော့နည်းသည်။ စီးပွားရေးထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ကရှိခဲ့သည့် အနေအထား အောက်တွင် ကိုး-ရာခိုင်နှုန်းဆက် လက်ရှိနေမည်ဟု ခန့်မှန်းထားပြီး ယင်းမှာ ဒေသတွင်းရှိ အခြားတိုင်း ပြည်စီးပွားရေးများနှင့် နှိုင်းယှဉ် ကြည့်ပါက သိသာထင်ရှားသည့် ကွာဟချက်ဖြစ်သည်။ အဆိုအစီ ရင်ခံတွင် မြန်မာ့စီးပွားရေးနှင့် မြန် မာပြည်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာကို တင်ပြထား သည်။

ငွေကြေးဖောင်းပွနှုန်းနှင့် အ လုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့် တက်နေဖွယ်ရှိသည့်အတွက် ဆင်း ရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအ နှံ့အပြားတွင် ဆိုးရွားနေမည်ဖြစ် သည်။

သွင်းကုန်များ ပြတ်လတ်မှု၊ လုပ်သားစျေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု များကလည်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းများကို အတားအဆီးဖြစ် စေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

အာဆီယံထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ခိုင်ခိုင်မာမာတိုး တက်မှု ရလာခဲ့ကြောင်း၊ ထုတ်လုပ် ရေးနှင့် အမှာစာအသစ်များရရှိမှု နှစ်မျိုးစလုံးတွင် ပိုမိုလျင်မြန်သော တိုးတက်မှုများ မှတ်တမ်းဝင်ခဲ့ ကြောင်း ၂၀၂၄ ခုနှစ် မေလအတွက် ထုတ်ပြန်သည့် S&P Global မှ မေလ PMI ဒေတာအရ သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုအခြေအနေများမှာမူ ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာကြောင်း ၂၀၂၄ ခုနှစ် မေလအ တွက်ထုတ်ပြန်သည့် ထည့်ကုန်ဝယ် ယူရေး မန်နေဂျာများ၏ အညွှန်း ကိန်း Purchasing Manager's Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ယခင်စစ်တမ်းကောက်ယူ သည့်ကာလတွင် ကျယ်ကျယ်ပြန့် ပြန့်တည်ငြိမ်ခဲ့ပြီးနောက် မြန်မာ နိုင်ငံအတွက် ရာသီအလိုက်ချိန်ညှိ ထားသော ထည့်ကုန်ဝယ်ယူရေးမန် နေဂျာများ၏ အညွှန်းကိန်း PMI Purchasing Manager's Index သည် မေလတွင်အလယ်မှတ်ဖြစ် သော ၅၀ ဒသမ ၀ အထက်တွင်ရှိ ကာ ခုနစ်လဆက်တိုက်အဆက်မ ပြတ်ယိုယွင်းမှုများနောက်ပိုင်း လုပ် ငန်းဆောင်ရွက်မှု အခြေအနေများ တွင် တိုးတက်မှုရှိသောလဖြစ် ကြောင်းပြသနေသည်။

ထုတ်လုပ်ရေးကဏ္ဍ၏ အခြေ အနေကောင်းမွန်မှုတွင် ယေဘုယျ အားဖြင့် တိုးတက်မှုမှာအကြီးမား ဆုံး PMI အစိတ်အပိုင်းနှစ်ခုဖြစ် သော အမှာစာအသစ်များနှင့်ထုတ် လုပ်ရေးတို့တွင် ထိန်းထားနိုင်ခဲ့ခြင်း နှင့် ပိုမိုသိသာစွာတိုးလာခြင်းများ ကြောင့် အဓိကဖြစ်သည်။

ဝယ်လိုအားတွင် တိုးတက်မှု နှင့်အတူရှိနေခဲ့သည်မှာ ဝယ်ယူမှု ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုအဖိုး အခနှစ်ရပ်စလုံး ရှစ်လအတွင်းအား အကောင်းဆုံးနှုန်းများဖြင့် မြင့်တက် ခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှု ဆိုင်ရာဖိအားများ ပိုမိုပြင်းထန်ခဲ့ ခြင်းဖြစ်သည်။

“နောက်ဆုံးစစ်တမ်း ကောက် ယူခဲ့တဲ့ကာလအတွင်းမှာ စက်ရုံအ မှာစာအသစ်တွေနဲ့ ထုတ်လုပ်ရေး ပိုမိုလျင်မြန်စွာ တိုးတက်မှုတွေမှတ် တမ်းဝင်ခဲ့ပြီး ရှစ်လအတွင်း ပထမ ဆုံးအကြိမ်အဖြစ် PMI အညွှန်းကို တိုးတက်တဲ့အပိုင်းမှာ မြင်ခဲ့ရပါ တယ်။ ဒါပေမဲ့လည်း ဝယ်စျေးမြင့် တက်မှုနဲ့ ဝယ်ယူမှုတွေအတွက်ပို့ ဆောင်ချိန်ကြာရှည်မှုတို့က ထုတ် လုပ်မှုအပေါ် ဖိအားတွေရှိနေပြီး ပစ္စည်းပေးသွင်းရေးပိုင်းက စိန်ခေါ် မှုတွေက ကဏ္ဍတစ်ဝန်းမှာ တိုး တက်မှုကိုဆက်လက်ပြီး အကန့်အ သတ်ဖြစ်စေပါတယ်။ မျှော်ကြည့် မယ်ဆိုရင် နိုင်ငံတစ်ဝန်းမှာမရေရာ မှုက ကြီးစိုးနေပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေးမရေရာမှုအ ပေါ်ကြောက်ရွံ့မှုတွေက ယုံကြည် စိတ်ချမှုအပေါ် ဖိအားပေးနေပါ တယ်။ သို့သော်လည်းလုပ်ငန်းအ ချို့ကတော့လာမယ့် ၁၂ လအတွင်း ထုတ်လုပ်ရေးတိုးတက်လာဖို့ မျှော် မှန်းကြပါတယ်”ဟု S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluchက ပြောကြားသည်။

အသက်မွေးမှု စီးပွားရေးလုပ် ငန်းများအပေါ် တိုက်ရိုက်သက် ရောက်မှုများအပြင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုများနှင့် ပြည်တွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက် ခဲ့ကြောင်း တွေ့ရသည်။ မတ်လ ၂၀၂၄  ခုနှစ်အထိ ခြောက်လတာ ကာလအတွင်း ယခင်နှစ်ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ကုန်သွယ် ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ နှင့်မေ နှစ်လအတွင်း ပြည်ပပို့ကုန် တန်ဖိုးဒေါ်လာ ၂၃၀၇ ဒသမ ၂၄၃ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ၂၂ ၄၃ ဒသမ ၇၁၇ သန်းဖြင့် ကုန်သွယ် မှုပမာဏ ဒေါ်လာ ၄၅၅၀ ဒသမ ၉၆၀ သန်းရှိသည်။ ယခင်နှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှု               ပမာဏ ဒေါ်လာ ၇၇၁ ဒသမ ၉၇၀ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၇ ရက်အထိ ပို့ကုန် ဒေါ်လာ ၂၆၂၃ ဒသမ ၆၇၈ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ၂၅၃၂ ဒ သမ ၄၆၃ သန်းရှိခဲ့ကာ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၁၅၆ ဒသမ၁၄၁ သန်းရရှိခဲ့သည်။ ယင်းအနက် ပို့ ကုန်တင်ပို့မှုမှာ သွင်းကုန်တင်သွင်း မှုထက် ဒေါ်လာ ၉၁ ဒသမ ၂၁၅ သန်းအထိပိုများကာ ကုန်သွယ်မှု             ပိုငွေ ဒေါ်လာ ၉၁ သန်းကျော်ဖြစ် ပေါ်ခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍသည် ရာသီ ဥတုကောင်းမွန်နေမှု၊ စပါးနှင့် ကောက်ပဲသီးနှံများ အထွက်နှုန်း တိုးတက်လာမှုကြောင့် ကြံ့ကြံ့ခံနေ နိုင်သည့် အရိပ်လက္ခဏာများမြင် တွေ့ရသည်။ သို့ရာတွင် လောင်စာ ဆီစျေးနှုန်းများ မြင့်မားခြင်း၊ ချေး ငွေရရှိနိုင်ရန် ခက်ခဲခြင်းနှင့် ပဋိပက္ခ ဖြစ်စဉ်များကြောင့် အထွက်နှုန်း ထိခိုက်နိုင်ခြေ မြင့်မားနေဆဲဖြစ်ပြီး လာမည့်ကာလတိုအထိ ကုန်ထုတ် လုပ်မှုအပေါ် အတားအဆီး ဆက် လက်သက်ရောက်နေမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထား သည်။

“ကျန်းမာရေးနှင့် ပညာရေး တို့တွင် ရင်းနှီးမြှုပ်နှံမှုလျော့ကျလာ ခြင်း၊ အလုပ်အကိုင် ကျဆင်းခြင်း နှင့် ကောင်းမွန်တဲ့အလုပ်များ ရှား ပါးလာခြင်း၊ ပြည်ပရွှေ့ပြောင်းသည့် လူဦးရေများလာတဲ့အတွက် ပြည် တွင်းမှာ လူ့စွမ်းအားအရင်းအမြစ် များဆုံးရှုံးနေရခြင်းက ရေရှည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီး နှောင့်နှေးစေနိုင်ပါတယ်” ဟု ကမ္ဘာ့ ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာ အစီအစဉ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွား ရေးပညာရှင် ကင်မ်အယ်လန်အဒ် ဝပ်က ပြောကြားသည်။

မြန်မာ့စီးပွားရေးသည် လုပ်ရ ကိုင်ရခက်ခဲနေခဲ့သည်မှာ ကြာမြင့် နေပြီဖြစ်ပြီး လျှပ်စစ်မီးအခက်အခဲ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ နိုင်ငံ ခြားငွေလဲနှုန်းအကျပ်အတည်းများ က တစ်ပူပေါ်နှစ်ပူဆင့်ကာထိလွယ် ရှလွယ် မြန်မာ့စီးပွားရေးအပေါ် ထပ်မံထိုးနှက်နေခဲ့သည်။

လုပ်ငန်းရှင်များအပေါ် မှီခို နေရသည့် အလုပ်သမားထု၊ မိသား စုများနှင့် ပြည်သူအများစုမှာမူ စီး ပွားရေးအကျပ်အတည်းအောက် ရောက်နေကြပြီး ဝင်ငွေထွက်ငွေ           မမျှတမှုနှင့် စားဝတ်နေရေးအတွက် လုံးပန်းနေရသည်ဆိုသည့်အသံများ  ပို၍ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့သည်။

ဝင်ငွေကျဆင်းမှုနှင့် အိမ် ထောင်စုများ အသုံးစရိတ်ခြွေတာ ရမှုများကလည်း စားသုံးမှုနှင့် လက် လီရောင်းဝယ်ဖောက်ကားရေးအ တွက် အတားအဆီးဖြစ်စေခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ စီးပွားရေးလုပ်ငန်းများအပေါ် ဆက်လက်ဖိစီးနေမည်ဖြစ်ကြောင်း၊ အဆိုပါဖိအားများက အိမ်ထောင်စု များအပေါ် အကျပ်အတည်းများ ဆက်လက်တွေ့နိုင်ဖွယ်ရှိကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။

Most Read

Most Recent