ဘွန်ဒစ်လီဂါ နှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါ နှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 14 February 2021

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဖရန့်ဖတ် နှင့် ကိုလုံး (တနင်္ဂနွေည ၉:၀၀ နာရီ)

ကိုလုံးက ရလဒ်တွေ အတော်တက်လာပေမဲ့ ဖရန့်ဖတ်လို အသင်းကိုတော့ တားဆီးနိုင်မယ်မထင်ဘူး။ အိမ်ရှင် အနိုင်သေချာပါတယ်။

ဝုလ်ဖ်ဘတ် နှင့် မိုချန်ဂလာဘတ် (တနင်္ဂနွေည ၁၁:၃၀ နာရီ)

မိုချန်ဂလာဘတ်အသင်း ရလဒ်ပြန်တက်လာပြီးမှ အိမ်ကွင်းမှာ ကိုလုံးအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ ဒီရာသီ မိုချန်ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကတော့ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုရမယ်။ အဝေးကွင်း (၉)ပွဲမှာ ဒေါ့မွန်နဲ့ လေဗာကူဆင်အသင်းတွေကိုသာ အရေး နိမ့်ထားခဲ့တာပါ။ ဝုလ်ဖ်ဘတ်ကတော့ ဘယ်အချိန်ခြေချော်မလဲ စောင့်ကြည့်ခံနေရင်းကပဲ အမြင့်ဆုံးအနေအထားကို တက်လှမ်းလာတယ်။ (၄)ပွဲဆက် Clean Sheet ရထားတဲ့ ဝုလ်ဖ် ဘတ်အသင်း မိုချန်တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းရှိ၊ မရှိကပဲ အဆုံးအဖြတ်ပေးမှာပါ။ အိမ်ရှင် အမှတ်ရဦးမယ်ထင်တယ်။

ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မိုနာကို နှင့် လော်ရီယန့် (တနင်္ဂနွေညနေ ၆:၃၀ နာရီ)

မိုနာကိုက (၇)ပွဲဆက် အနိုင်ကစားထားပြီး (၂၂)ဂိုးအထိသွင်းကာ တိုက်စစ်အစွမ်းပြနေတယ်။ လော်ရီယန့်ကိုလည်း အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ယူသွားဦးမယ်။

အန်ဂါစ် နှင့် နန့်စ် (တနင်္ဂနွေည ၈:၃၀ နာရီ)

အန်ဂါစ်က ခြေစွမ်းကျဆင်းနေတဲ့အချိန်ပါ။ နန့်စ်ကတော့ တန်းဆင်းဇုန်အထိရောက်နေပြီး ဂိုးသွင်းအားနည်းလွန်းခြင်းက ပြဿနာဖြစ်နေပါတယ်။ သရေကျဖို့ များတဲ့ပွဲပါ။

ဒီယွန်း နှင့် နီးစ် (တနင်္ဂနွေည ၈:၃၀ နာရီ)

အမှတ်ပေးဇယားအောက်ဆုံးက နှစ်သင်းရဲ့ အမှတ်လုပွဲ ဖြစ်ပြီးနိုင်ပွဲ အသည်းအသန် လိုနေပါတယ်။ ဒီယွန်း အိမ်ရှင်အားနဲ့ မရှုံးအောင်တော့ ကစားလိမ့်မယ်ထင်တယ်။

မက်ဇ် နှင့် စထရာဘိုး (တနင်္ဂနွေည ၈:၃၀ နာရီ)

ဥရောပဝင်ခွင့် မျှော်လင့်ချက်ခပ်ရေးရေးအတွက် မက်ဇ် အားထုတ်နေတယ်။ စထရာဘိုးက ခြေမမှန်တဲ့အသင်းပါ။ အိမ်ကွင်းမှာ မက်ဇ် အနိုင်ကစားဖို့ များပါတယ်။

ရန်းစ် နှင့် စိန့်အက်တီယန် (တနင်္ဂနွေည ၈:၃၀ နာရီ)

ရန်းစ်အတွက် အဆင့်(၅)နေရာမှာမြဲဖို့ အမှားအယွင်း မခံတော့ပါဘူး။ စိန့်အက်တီယန်က ရလဒ်တွေ တိုးတက်လာတယ်။ ရန်းစ် နိုင်ဖို့ခက်ပြီး အလွန်ဆုံး ကပ်နိုင်ရုံပါပဲ။

လိုင်လီ နှင့် ဘရက်စ် (တနင်္ဂနွေည ၁၀:၃၀ နာရီ)

(၆)ပွဲဆက်နိုင်ထားပြီး (၄)ပွဲဆက် ဂိုးမပေးခဲ့ရတဲ့ လိုင်လီ က ခိုင်မာလွန်းပါတယ်။ ဘရက်စ်ရဲ့ ခြေစွမ်းမဆိုးပေမဲ့ လိုင်လီကို တားဆီးနိုင်ဖို့ မရှိဘူး။ (၁-ဝ)၊ (၂-ဝ)နဲ့ပဲ နိုင်ဦးမယ်။

ဘော်ဒိုး နှင့် မာဆေးလ် (တနလာၤနံနက် ၂:၃၀ နာရီ)

မာဆေးလ်ဟာ အသင်းတွင်းပြဿနာများစွာရှိနေပြီး ပရိသတ်တွေက လေ့ကျင့်ရေးကွင်းကို မီးရှို့တဲ့အထိ ဒုက္ခများနေတဲ့ အသင်းပါ။ ဘော်ဒိုးက အိမ်ကွင်းအားကောင်းတဲ့ အသင်းဖြစ်ပြီး  ခံစစ်၊ တိုက်စစ် မျှတတယ်။ ဒီပွဲကိုလည်း အိမ်ကွင်းအားနဲ့ ဘော်ဒိုးပဲ အနိုင်ယူသွားဖို့ များတယ်။

Most Read

Most Recent