မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့၍ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးတိုးတက်ရေး ဆောင်ရွက်နေသကဲ့သို့ Solar Mini-grid နှင့် Solar Home System (SHS) များကို လူနေကျဲပါးသောကျေးလက်ဒေသများ၌ ဆောင်ရွက်ပေးလျက်ရှိ

မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့၍ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးတိုးတက်ရေး ဆောင်ရွက်နေသကဲ့သို့ Solar Mini-grid နှင့် Solar Home System (SHS) များကို လူနေကျဲပါးသောကျေးလက်ဒေသများ၌ ဆောင်ရွက်ပေးလျက်ရှိ
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Published 9 February 2021

မဟာဓာတ်အားလိုင်းစနစ်ကို တိုးချဲ့၍ လျှပ်စစ်ဓာတ်အားရရှိမှုအချိုးတိုးတက်စေရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း Solar Mini-grid နှင့် Solar Home System (SHS) များကို ဝေးလံပြီး လူနေကျဲပါးသော ကျေးလက်ဒေသများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ National Electrification Rate တွင် ငါးရာခိုင်နှုန်းခန့် တိုးမြင့်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ် သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင် ထုတ်လုပ်သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent