COVID-19 ထိခိုက်မှုအပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ် ခံစားလာရသည့် မြန်မာ့စီးပွားရေး ပြန်လည်နိုးထလာစေရန် MERRP မူကြမ်းရေးဆွဲထားပြီး ကာလလတ်လုပ်ငန်းများအနက် အမြန်ဆုံးသိသာနိုင်သည့် လုပ်ငန်းစဉ်များ ရွေးချယ်အကောင်အထည်ဖော်မည်

COVID-19 ထိခိုက်မှုအပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ် ခံစားလာရသည့် မြန်မာ့စီးပွားရေး ပြန်လည်နိုးထလာစေရန် MERRP မူကြမ်းရေးဆွဲထားပြီး ကာလလတ်လုပ်ငန်းများအနက် အမြန်ဆုံးသိသာနိုင်သည့် လုပ်ငန်းစဉ်များ ရွေးချယ်အကောင်အထည်ဖော်မည်
COVID-19 Fund မှ ချေးငွေရရှိရန် လျှောက်ထားနေသူများကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 Fund မှ ချေးငွေရရှိရန် လျှောက်ထားနေသူများကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 2 January 2021

COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေရန်အပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ခံစားလာရသည့် မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေရန် MERRP မူကြမ်း ရေးဆွဲထားပြီး ကာလလတ်လုပ်ငန်းများအနက် အမြန်ဆုံးသိသာနိုင်သည့် လုပ်ငန်းစဉ်များ ရွေးချယ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အတွက် COVID-19 ထိခိုက်မှု သက်သာရေးစီမံချက် CERP ကို ရေးဆွဲခဲ့ပြီး အဲဒီစီမံချက်မှာပါတဲ့ကာလတိုလုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုအချိန်မှာ COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အပြင်  တစ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ခံစားလာရတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေဖို့ ပြည့်စုံကျယ်ပြန်တဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်လို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် MERRP မူကြမ်းကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲဒီစီမံချက်မှာပါတဲ့  ကာလလတ်လုပ်ငန်းစဉ်များအနက် အမြန်ဆုံးသိသာနိုင်တဲ့လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ MERRP ဟာ စီးပွားရေးကဏ္ဍကို ပိုမိုဇောင်းပေးထားပြီး အဲဒီစီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို လက်ခံစိစစ်ခွင့်ပြုပေးခြင်းထက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများဖန်တီးပြီး     ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ပြည်တွင်းပြည်ပနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော်သည့် အခြေခံအဆောက်အအုံများ ပေါ်လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလအလွန်များမှာပါ စီးပွားရေးတု့ံ ပြန်မှုများအပေါ် အခြေခံပြီး ဘဏ္ဍာရေးနဲ့ ငွေကြေးလှုံ့ဆော်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အသုံးစရိတ်များကိုလည်း ထိရောက်တဲ့နေရာများမှာ ပိုမိုသုံးစွဲပြီး ပုဂ္ဂလိကကဏ္ဍကို ပိုမိုတွန်းအားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေးလျင်မြန်စွာဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် MERRP ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP နှင့်ချိတ်ဆက်၍ ရေးဆွဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။

Most Read

Most Recent