ကိုဗစ်ရောဂါ ကပ်ဆိုးကာလကို တောင်သူတွေ ဘယ်လိုရင်ဆိုင်နေကြသလဲ

ကိုဗစ်ရောဂါ ကပ်ဆိုးကာလကို တောင်သူတွေ ဘယ်လိုရင်ဆိုင်နေကြသလဲ
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေသော တောင်သူများအား တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေသော တောင်သူများအား တွေ့ရစဉ်
Published 30 November 2020
မင်းသူဝင်းထွဋ်

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ရောဂါဆိုးရဲ့ ဂယက်ကို နိုင်ငံတိုင်းမှာ ကြုံ တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးလုပ်ငန်းအများစု ရပ်တန့်သွားခဲ့ရပြီး ပြည်သူအများကြား စားဝတ်နေရေး ကျပ်တည်းမှုများကို ဆက်တိုက်ကို ကြုံ တွေ့ ခဲ့ရပါတယ်။ မူလကတည်းက ဆင်းရဲမွဲတေ မှုနှုန်းမြင့်မားတဲ့ နိုင်ငံဖြစ်တာကြောင့် ကမ္ဘာ့ကပ်ရောဂါအချိန်မှာ တောင့်ခံထားနိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလို ကပ်ဆိုးကာလ မှာ စိုက်ပျိုးရေး နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက တောင်သူတွေ ဘယ်လိုမျိုးများ ရင်ဆိုင် ဖြတ်ကျော်နေရပါသလဲ။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ် နိုင်ငံဖြစ်တယ်ဆိုပေမဲ့ ယနေ့အထိ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်တွေ၊ စိုက်ပျိုးရေးစက် ကိရိယာတွေ၊ စနစ်ကျ လယ်ယာမြေတွေကို ယနေ့အထိ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခြင်းမရှိသေးတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ တောင်သူတိုင်း လက်လှမ်းမီတဲ့ ခေတ်မီနည်းစနစ်၊ စက်ကိရိယာ၊ ခေတ်မီ လယ်ယာဆိုတာ မရရှိသေးတာ အားလုံး အသိပါပဲ။ အကျိုးတူလယ်ယာစနစ်များ ဟာလည်း နေရာတိုင်းမှာ ပြည့်မီအောင် မဖော်ဆောင်နိုင်သေးတာကြောင့် ကပ်ရောဂါကာလအကြားမှာ မြွေပူရာ ကင်းမှောင့်ခဲ့တဲ့ တောင်သူများရှိသလို သဘာဝတရားရဲ့ မျက်နှာသားပေးမှုနဲ့ မြင့်တက်ခဲ့တဲ့ စပါးစျေး များကြောင့် အဆင်ပြေချောမွေ့ခဲ့တဲ့ တောင်သူများလည်း ရှိပါတယ်။ သို့သော်လည်း တောင်သူအားလုံး ရင်ဆိုင်ခဲ့ရတာတော့ မြင့် တက်လာတဲ့ အထွေထွေကုန်ကျစရိတ်များပဲ ဖြစ်ပါတယ်။

■ တောင်သူပျော်တဲ့ စပါးစျေး

ကိုဗစ်ကာလ အကျပ်အတည်းတွေ ကြားမှာ တောင်သူများအနေဖြင့် စိတ်ချမ်းမြေ့ခဲ့ရတာတော့ ယခုနှစ် မိုးစပါးပေါ်ချိန်မှ စတင်ကာ တောက်လျှောက် မြင့်တက်ခဲ့တဲ့ စပါးစျေးနှုန်းများပါပဲ။ တရုတ်နိုင်ငံအပြင် အခြားသောနိုင်ငံများမှ အမှာရှိနေချိန် စပါး အထွက်နည်းပါးနေချိန်မှာ ဆက်တိုက်မြင့် လာတဲ့ စပါးစျေးနှုန်းများကြောင့် တောင်သူများ ပျော်ရွှင်ခဲ့ရပါတယ်။ မနောသုခ၊ ဆင်းသုခကဲ့သို့သော စပါးမျိုးများဟာ သတ် မှတ်အစိုမှတ်ကိုက်ညီ၍ စပါးအရည်အသွေး ကောင်းမွန်ပါက တင်း ၁၀၀ လျှင် ကျပ် ၆၈၀,၀၀၀ မှ ကျပ်ခုနစ်သိန်းအထိ စျေးနှုန်း ရရှိပါတယ်။ ဧရာပဒေသာကဲ့သို့ စပါးမျိုးဟာ ကျပ် ၇၅၀,၀၀၀ မှ ကျပ် ၇၇၀,၀၀၀ အထိ စျေးနှုန်းရရှိနေပါတယ်။ ပေါ်ဆန်းကဲ့သို့ သော စပါးမျိုးကတော့ ကျပ်ရှစ်သိန်းမှ ကျပ်ရှစ်သိန်းခွဲအကြားကို စျေးနှုန်းရရှိနေ ပါတယ်။ စပါးလှိုင်လှိုင်ပေါ်ချိန်မှာ ခေတ္တ စျေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပေမဲ့ ဒီရာ သီစပါးစျေးနှုန်းဟာ အမြင့်တန်းတစ်နေရာ မှာပဲ ရှိနေတာပါ။

ဆန်စျေးနှုန်းများအရဆိုလျှင်လည်း အရမ်းကြီးမြင့်တယ်လို့ မခေါ်နိုင်တဲ့ သုခ မျိုးနွယ် ၁၀၅ ပေါင်ပါ ဆန်အသစ်တစ်အိတ် ကို ကျပ် ၂၄၀၀၀ ဝန်းကျင်နဲ့ ပေါ်ဆန်းနွယ် ၁၀၅ ပေါင် ဆန်အသစ်တစ်အိတ်ကို ကျပ် ၃၂၀၀၀ ဝန်းကျင်ရှိနေခဲ့ပါတယ်။ ဆန်စက် ပိုင်ရှင်များအနေနဲ့လည်း ဆန်ကွဲစျေး ဖွဲစျေး များ သင့်တင့်နေချိန်မို့ နှစ်ဦးနှစ်ဖက်၊ သုံးဦး ဖလှယ် အကျိုးရှိတဲ့ ရာသီတစ်ခုတော့ ဖြစ် နေပါတယ်။

မြင့်တက်နေတဲ့ စပါးစျေးနှုန်းကြောင့် တောင်သူတွေ ပျော်ရွှင်ရတယ်ဆိုပေမဲ့ တောင်သူအားလုံးမဟုတ်ပါဘူး။ အချို့ သော တောင်သူတွေအနေနဲ့ ရာသီဥတု အဖျက် ကိုဗစ်ကပ်ဂယက်ကြောင့် အရှုံးများ နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာလည်း ရှိ နေပါတယ်။

■ ရိတ်သိမ်းချိန်မှာ ဖျက်တဲ့မိုး

မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးတည်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်တာ ကြောင့် ဒေသတစ်ခုနှင့်တစ်ခု သဘာဝပတ် ဝန်းကျင် ရေမြေအနေအထားဟာ မတူညီ ကြပါဘူး။ နိုင်ငံရဲ့ စပါးကျီလို့ သတ်မှတ်ထား တဲ့ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီး မှာပင် မြို့နယ်တစ်ခုနဲ့တစ်ခု ယခုနောက် ပိုင်း ဖောက်ပြန်လာတဲ့ ရာသီဥတုများ ကြောင့် ကြုံတွေ့ရပုံများ မတူညီကြပါဘူး။ ဒါ့အပြင် တောင်သူများရဲ့ ပိုင်ဆိုင်ရာ လယ် ယာမြေအနေအထားတွေဟာ မတူညီကြ သလို စနစ်တကျလယ်ယာမြေအဖြစ် အသွင် ပြောင်းလဲနိုင်ခြင်းမရှိသေးတာကြောင့် တောင်သူတစ်ဦးတည်းပိုင် လယ်ယာမြေ တစ်ခုမှာပင် နေရာအလိုက် ရွေးချယ်စိုက်ပျိုး ရတဲ့ စပါးအမျိုးအစားများဟာ ကွဲပြားခြား နားနေသလို စျေးကွက်အလိုက် စိုက်ပျိုး သီးနှံဟာလည်း ကွဲပြားခြားနားနေပါတယ်။ သီးနှံတစ်မျိုးတည်းကို ရွေးချယ်စိုက်ပျိုးနိုင်ဖို့ဆိုတာ ခက်ခဲနေဆဲပါပဲ။

ပုံမှန်အားဖြင့် မြန်မာလများဖြစ်တဲ့ တော်သလင်းလနှောင်းပိုင်းဆိုလျှင် မိုးနည်း သွားလေ့ရှိပြီး သီတင်းကျွတ်လမှစတင်ကာ တောင်သူများဟာ စပါးရိတ်သိမ်းကြပါ တယ်။ ယခုနှစ်မှာတော့ တောင်သူများ စပါး ရိတ်သိမ်းချိန်အနီးမှာ ဆက်တိုက်ရွာသွန်းခဲ့ တဲ့ မိုးကြောင့် ရိတ်သိမ်းခါနီး စပါးနှံများ လဲပြိုခြင်း၊ လယ်ယာမြေများအတွင်း မိုးရေ များ အမြောက်အမြား ဝင်ရောက်ခဲ့ခြင်း ကြောင့် အခက်တွေ့ခဲ့ရတဲ့ တောင်သူတွေ လည်း ရှိပါတယ်။

လယ်ယာလုပ်သားရှားပါးမှု၊ လုပ်သား ခများ မြင့်တက်လာမှုများကြောင့် တောင်သူ အများစုဟာ ယခုနောက်ပိုင်းမှာ ရိတ်သိမ်း ခြွေလှေ့စက်များကိုသာ အသုံးပြုလာကြပါ တယ်။ ရိတ်သိမ်းခြွေ လှေ့စက်တစ်စီးကို လယ်တစ်ဧကအတွက် ရိတ်သိမ်းရန် ငှား ရမ်းပါက လယ်ယာမြေအတွင်း ရေတင်ကျန် ရှိမှု အနေအထားအရ တစ်ဧကကို ကျပ် လေးသောင်းမှ ကျပ်ခြောက်သောင်းအထိ ငှားရမ်းခပေးချေရပါတယ်။ ရိတ်သိမ်း ခြွေလှေ့စက်များရဲ့ သဘောသဘာဝအရ မိုးရေထိ၍ မြေကပ်လဲနေသော စပါးနှံများ ကို ရိတ်သိမ်း၍ မရရှိသောကြောင့် လေ လွင့်ဆုံးရှုံးမှုတော့ များပြားလှပါတယ်။ လုပ် သားငှားရမ်းဖို့အတွက် ကိုဗစ်ကာလဖြစ်နေ တာကြောင့် လုပ်သားများမှာလည်း လာ ရောက်နိုင်ခြင်းမရှိကြဘဲ အချို့ဒေသများမှ ပေါများလှတဲ့ လုပ်သားတွေကို ရရှိပေမဲ့ အချို့ဒေသများမှာတော့ လုပ်သားလုံးဝ ငှား ရမ်းရခြင်းမျိုးမရှိသည့် ဖြစ်စဉ်များရှိနေပါ တယ်။

 “ကျွန်တော်တို့ကျတော့ ရိတ်ချိန်မှာ ရေမိုးလိုက်လိုက်တော့ စပါးတွေက အကုန် ပျက်စီးတယ်။ ရိတ်ခြွေစက်တွေ ဝင်လို့ရတဲ့ နေရာကျတော့လည်း ဝင်ပေါ့။ ဝင်လို့မရတဲ့ နေရာကျတော့လည်း ကိုဗစ်နဲ့က အလုပ် သမားတွေက သိပ်ပြီးတော့ မလုပ်နိုင်ဘူး။  ကိုယ်တိုင်ပဲဆင်းလုပ်နေရတယ် ရေကဝပ် နေတော့ စပါးတွေက လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ အရောင်အဆင်းကလည်း မရှိတော့ဘူး။ အရည်အသွေးကလည်း ကျတော့ မြို့သွားရောင်းတော့လည်း ဆန် တွေကကြေတော့။ အခု ဘေးကြားဆိုရင် အရင်က ၁၀ သိန်းစျေးလောက်ရှိနေတဲ့ ဘေးကြားက အခုဆို ခုနစ်သိန်းလောက်နဲ့ ရောင်းခဲ့ရတယ်။ တောင်သူတွေ ထိခိုက်ရ တာပေါ့။ အခုချိန်အထိက လယ်ကွက်ထဲမှာ ရေတွေအများကြီးရှိတုန်း။ ရိတ်ခြွေကလည်း ငှားရတာလည်း အခြားနယ်ကလူတွေဆီက ငှားရတာ။ စက်သမားတွေကလည်း မလွယ် ဘူး။ အရင်က တစ်ဧကမှ ငါးသောင်းပဲ ပေးရတယ်။ ရိတ်ခြွေက အခု ခြောက် သောင်း နှုန်းပေးရတယ်။ ပေးရပေမဲ့ ရေက ဝပ်နေတော့ သူတို့ကလည်း အရင်က ကျွန် တော်တို့ တစ်ဧကကို ပျမ်းမျှ ၇၀ လောက် ထွက်တယ်။ အခုစက်ကြီးနဲ့ကျတော့ သူတို့ လည်း ရိတ်မရတဲ့နေရာတွေကျတော့ နင်း ခြေသွားရတော့ လယ်တစ်ဧကမှ ၅၀ ဆိုတာ လောက်ပဲ ရတယ်။ လုပ်သားကလည်း ရွာက လူနည်းတော့ တချို့ကျတော့ ရန်ကုန်တက် နေကြတော့ ကိုဗစ်နဲ့ ပြန်လာမရ။ ရှိတဲ့ လူ တွေပဲ ဟိုလူ့ဆီ ခဏသွားလုပ် ဒီလူ့ဆီ ခဏ သွားလုပ်လုပ်ရတာပဲ။ အလုပ်သမားတော် တော်ရှားပါးသွားတယ်။ လုပ်သားခကလည်း မိန်းကလေးတွေဆို ခြောက်ထောင်လောက် ပေးရတယ်။ ယောကျ်ားလေးတွေဆိုရင် ခုနစ်ထောင်လောက်ပေးရတယ်။ စပါး အဝယ်တော်တွေလည်း ရွာကိုမလာနိုင်ဘူး။ ကိုဗစ်နဲ့ကျတော့ ရွာကထော်လာဂျီလေးတွေ နဲ့ပဲ သွားရတာပဲ။ စပါးနှစ်တင်းပါ တစ်အိတ် ကို တန်ဆာခ ၅၀၀ ပေးရတယ်။ ထောက်ခံ စာလေးတွေနဲ့ သွားရတာပေါ့။ စက်ပိုင်ဆီ ရောက်တော့ မိုးထိထားတော့ စျေးနှိမ်ခံရ တာပေါ့။ အရင်နှစ်ကနဲ့ မထူးပါဘူး။ သက် ငယ်တွေမှာကျတော့ ပိုးကျခဲ့သေးတာ။သက် ကြီးတွေမှာပဲ ပိုးလွတ်တာ။ ဒီနှစ်အဖို့ရာက တောင်သူတွေအရှုံးပဲ ရင်ဆိုင်ရပြန်တယ်။ စျေးကလည်းမကောင်းဘူး။ ရင်းနှီးမြှုပ်နှံရ တဲ့ ငှားရမ်းတဲ့စရိတ်တွေကလည်း ပိုတက် လာတာကို ကျွန်တော်တို့မှာ အရင်းထည့် ထားတဲ့ ငွေလောက်ပဲ ပြန်ရတယ်ပေါ့။ အကျိုးအမြတ်သိပ်မရှိဘူး”ဟု ၀ါးခယ်မမြို့မှ တောင်သူတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဦးက သူကြုံတွေ့နေရတဲ့ အခက်အခဲများကို ပြော ပြပါတယ်။

စပါးစျေးနှုန်းမြင့်တက်ခဲ့ပေမဲ့ မိုးအ ဖျက်ကြောင့် အချို့သော လယ်ယာမြေများ အတွင်း ရေများဝင်ရောက်နေခြင်း၊ ရိတ် သိမ်းခါနီးစပါးများ မိုးထိသောကြောင့် အရည်အသွေးကျဆင်းခြင်းများကြောင့် အချို့သော တောင်သူများမှာ အကျိုးအမြတ် မရခဲ့ပါဘူး။

ရွှေလောင်းမြို့မှ တောင်သူတစ်ဦးဖြစ် သူ ဦးမျိုးမြင့်ကလည်း “ဒီနှစ်က မိုးကလုပ် ထားတော့ ရိတ်ခြွေနဲ့တော့ လုပ်တယ်။ နောက်ဆုံးတော့ ထော်လာဂျီတွေ သွားမရ တော့ လူနဲ့ပဲ ထမ်းရတယ်။ စရိတ်စကတွေ ကုန်တာပေါ့။ ကျွန်တော်စိုက်ထားတာက ဆင်းသုခရယ်၊ ဘေးကြားရယ်၊ ပေါ်ဆန်း ယဉ်ရယ်၊ ရိတ်ခြွေက ရွာမှာရှိတော့  ငှားရ တာလည်း အဆင်ပြေသွားတယ်။ အထွက် နှုန်းကတော့ အရင်နှစ်နဲ့ယှဉ်ရင် ဆင်းသုခ ကတော့ ထွက်နှုန်းကောင်းတယ်။ ဘေးကြား ကကျတော့ ညံ့သွားတယ်။ ဆင်းသုခက ၇၀၊ ၈၀ လောက်ထွက်တယ်။ ဘေးကြားကျတော့ ၄ဝလောက်ပဲရတယ်။ အနားမှာ ရေမြုပ်နေ တော့ လူနဲ့ငှားရိတ်ရင် စရိတ်နဲ့ မလောက်လို့ ကိုယ့်အတွက်မကျန်တော့လို့ မရိတ်တော့ဘဲ ဒီအတိုင်းပစ်ထားတဲ့ လူတွေလည်းရှိတယ်၊ ကျွန်တော်ကိုယ်တိုင်တောင် ရေမကျသေးတဲ့ နေရာတွေမရိတ်ဘဲ ဒီအတိုင်းပစ်ထားတာ လူနဲ့ငှားရိတ်ရင် ရှုံးပြီလေ။ ရေအကျပဲ စောင့် နေရတယ်။ လုပ်သားကတော့ အကုန်စရိတ် ငြိမ်းကို ငါးထောင်ပေးရတယ်။ ရိတ်ခြွေက တော့ ကုန်းလယ်မှတော့ လေးသောင်းပဲ၊ အနိမ့်လယ်တွေကျတော့ ငါးသောင်းကနေ ခြောက်သောင်းလောက်အထိဖြစ်သွားရော။ စျေးကအမျိုးမျိုးပဲ။ အနိမ့်လယ်တွေမှာ ကိုယ့် အတွက် မကျန်သလောက်ပဲ။ ကျွန်တော်တို့ ဆီမှာတော့ ကုန်သည်တွေက လယ်တွေ အထိ လာဝယ်တော့ အဆင်ပြေကြတယ်” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ကျေးလက်တစ်ခုအတွင်းရှိ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်နေသော တောင်သူများအား တွေ့ရစဉ်

■ တောင်သူတိုင်း မရှုံးပါဘူး

မိုးအဖျက်ကြောင့် တောင်သူတိုင်းဟာ အရှုံးပေါ်ခဲ့ခြင်းတော့ မရှိပါဘူး။ အမြင့်ပိုင်း လယ်ယာမြေနေရာများ၊ စနစ်တကျ ပြုပြင် ပြီးသော လယ်ယာမြေကို ပိုင်ဆိုင်ထားတဲ့ တောင်သူတွေ၊ အနီးအနားမှာပင် လုပ်သား ငှားရမ်းခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်များကို ငှားရမ်းမှုအဆင်ပြေတဲ့ တောင်သူတွေမှာ တော့ အကျိုးအမြတ်ရရှိခဲ့တဲ့ နှစ်ပါ။

 “မိုးလေဝသလေး ဖျက်တဲ့အတွက် ဆုံး ရှုံးမှုတော့ နည်းနည်းတော့ရှိတယ်။ ရိတ်ခါနီး ကျမှ နောက်မိုးများတော့ ပျက်စီးမှုတော့ ရှိ တယ်။ နှစ်တိုင်းဆို ကျွန်တော်တို့လယ်က ပြု ပြင်ထားတော့ တစ်ဧကကို တင်း ၁၀၀ လောက်အထိ ထွက်တယ်။ ဒီနှစ်ကတော့ ၈၀ ကျော်ပဲထွက်တယ်။ ကျွန်တော်က ဆင်း သုခစိုက်ထားတာ။ ဒီနှစ်စျေးနှုန်းက နှစ် တိုင်းနဲ့စာရင်တော့ တော်တော်လေးကောင်း တယ်။ ရွာမှာ ရိတ်သိမ်းခြွေလှေ့ရှိနေတော့ အဆင်ပြေတယ်။ တစ်ဧကကို လေးသောင်း ခွဲပေးရတယ်။ ကိုဗစ်နဲ့မို့ ရွာကို လူတွေပြန် ရောက်နေကြတော့ လူငှားကတော့ ပေါ တယ်ဗျ။ ဒီနှစ်ကတော့ စျေးကွက်လေးသာ တော့ တခြားနှစ်တွေနဲ့စာရင် အကျိုးအမြတ် ရတယ်လို့ပြောရမယ်”ဟု ပန်းတနော်မြို့ နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးမြင့်အေးက ယခုနှစ် စိုက်ပျိုးရာသီရဲ့ အကျိုးအပြစ်ကို ဆိုပါတယ်။

■ ကိုဗစ်ကာလကန့်သတ်ချက်များရဲ့ သက်ရောက်မှု

COVID -19 ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးကြီးများအတွင်းမှ အစားအသောက်ရောင်းချသောဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ အခြားသောဆိုင်များကို ပိတ် ခိုင်းထားခြင်းဟာ တောင်သူများအနေနဲ့ အခက်အခဲတစ်ခုလို ဖြစ်ခဲ့ပါသေးတယ်။ စိုက်ပျိုးရေးဆေးဆိုင်အများစုဟာ လှေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်တွေနဲ့ နီးစပ်တဲ့ နေရာများတွင်သာ ဖွင့်လှစ်ထားရှိသည်မှာ များပြားပါတယ်။ သို့မှသာ ကျေးလက်ဒေ သမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဆေးဝါးများကို လွယ်ကူစွာ လာရောက်ဝယ် ယူနိုင်ခြင်း ကျေးရွာအရောက် သယ်ဆောင် နိုင်ရန် လွယ်ကူမှာမို့ပါပဲ။ စိုက်ပျိုးရေးဆေး ဆိုင်အများစု ပိတ်သိမ်းထားရတာကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆေး ကုမ္ပဏီများမှ ကွင်းဆင်းဝန်ထမ်းများကိုသာ မှာယူရခြင်းမျိုးဖြစ်ပေါ်ခဲ့ပါတယ်။ ထို့ပြင် အချို့သော ကျေးရွာများမှာ ပြင်ပမှ လာ ရောက်သော စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ အရောင်းဝန်ထမ်းများကို ဝင်ရောက်ခွင့်မပြု တာကြောင့် ဆေးဝါး မြေသြဇာဝယ်ယူမရရှိ ခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။ လာ မည့် နွေစပါးစိုက်ပျိုးချိန်အတွက် မျိုးစပါး ဝယ်ယူဖို့ အခက်အခဲရှိနေတဲ့ တောင်သူများ ပါ ရှိနေပါသေးတယ်။

ရိတ်သိမ်းခြွေ လှေ့စက်များမှာလည်း ကိုဗစ်ကာလ ကန့်သတ်ချက်များကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားရောက် ရိတ် သိမ်းပေးဖို့ ခက်ခဲနေဆဲပါ။ အစိုးရပိုင်းမှ ဖြေ လျှော့မှုသာ ယခုအချိန်ပြုခဲ့မည်ဆိုလျှင် ရေ ကျနောက်စိုက် လယ်ယာများအတွက် အချိန်မီကောင်းပါသေးတယ်။ လယ်ယာ လုပ်သားများကို အချိန်မီရရှိနိုင်ခြင်းမရှိမှု ဟာလည်း သွင်းအားစု ကုန်ကျစရိတ်ကို မြင့် တက်နေစေပါတယ်။

■ တောင်သူတိုင်း ဘာလို့ အကျိုးမများခဲ့လဲ

စပါးစျေးနှုန်း မြင့်တက်နေချိန်မှာ တောင်သူတွေအားလုံး အကျိုးဖြစ်ရမယ့် အချိန်မှာ အချို့သော တောင်သူတွေဟာ အရှုံးဖြင့်သာ ရင်ဆိုင်ရသည်ဆိုခြင်းဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။ ရိတ်သိမ်းချိန်မှာ မိုးဖျက်ပေမဲ့ အချို့သော လယ်ယာမြေတွေ အတွက် မထိခိုက်ခဲ့ပါဘူး။ လယ်ယာမြေတွေ ကို ရေသွင်း ရေထုတ်ကောင်းမွန်အောင်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် စနစ်ကျလယ်ယာမြေအဖြစ် အသွင် မပြောင်းနိုင်ခြင်း၊ လယ်ယာမြေတစ်ဆက် တည်းမှာပင် သီးနှံမျိုးကွဲများစွာကို စိုက်ပျိုး နေရခြင်း၊ ဒေသအတွင်းလိုအပ်သည့် သွင်း အားစု စက်ကိရိယာများဖြစ်သည့် ရိတ်သိမ်း ခြေလှေ့ကဲ့သို့သော စက်ကိရိယာများကို လွယ်ကူစွာ ငှားရမ်းမရခြင်းများဟာ တောင် သူအချို့ကို အကျိုးလျော့စေခဲ့ပါတယ်။

■ တောင်သူဘဝ မြင့်တက်ဖို့

စပါးစိုက်တောင်သူတွေဘဝ မြင့်တက်လာဖို့အရေးကို နိုင်ငံတော်အစိုးရအနေနဲ့ တောင်သူအားလုံးရဲ့ လယ်ယာမြေများကို စနစ်ကျလယ်ယာမြေအဖြစ် နှစ်ရှည်ချေးငွေဖြင့် ဦးဆောင်ပြောင်းလဲပေးခြင်း၊ သီးနှံမျိုး ကွဲများစွာကို စျေးကွက်အတွင်း စျေးနှုန်းရရှိမယ့် မျိုးစပါးတွေကို တစ်စုတစ်စည်းတည်း လုံလောက်စွာ ထုတ်လုပ်ရောင်းချပေးခြင်း၊ ဒေသတိုင်းတွင် စိုက်ပျိုးလယ်ယာမြေဧကအလိုက် ပြည့်စုံသော သွင်းအားစု စက်ကိရိယာများကို လွယ်ကူစွာ ငှားရမ်းရရှိနိုင်ရန် စီမံဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ယခုနှစ်ကဲ့သို့သော စပါးစျေးနှုန်းမြင့်မားနေတဲ့ ရာသီချိန်တွင် ရာသီအဆက်ဆက်နီးပါး အကျိုးမများခဲ့သူ တောင်သူတွေအားလုံး အကျိုးများစေမယ်လို့ မျှော်မှန်းမိပါတယ်။            

Most Read

Most Recent