သန်းခေါ်ယံတိုက်ပွဲငယ်မှ အစပျိုးခဲ့သည့် အီသီယိုပီးယား ပဋိပက္ခ

သန်းခေါ်ယံတိုက်ပွဲငယ်မှ အစပျိုးခဲ့သည့် အီသီယိုပီးယား ပဋိပက္ခ
Photo: AP
Photo: AP
Published 30 November 2020
ရန်မျိုးအောင်

နိုဝင်ဘာလ၏ ပထမဆုံးအင်္ဂါနေ့ ညပိုင်းတွင် အီသီယိုပီးယား ဖက်ဒရယ် စစ်သား တစ်ဦးဖြစ်သည့် ဗိုလ်ကြီး ဟက်ဆန် ဘစ်ရှီးယား သည် တီဂရေးဒေသ ဒန်ရှာမြို့ရှိ စစ်စခန်း တစ်ခုတွင် ကင်းစောင့်နေခဲ့သည်။

သန်းခေါင်အချိန်သို့ ရောက်ရှိလာချိန်တွင် ဟက်ဆန်သည် ၎င်းတို့စခန်းဆီသို့ ချဉ်းကပ်လာသည့် ကားမီးရောင်များကို မြင်တွေ့ခဲ့သည်။

ယင်းကားပေါ်မှ တီဂရေးဒေသ အထူးတပ်ဖွဲ့ဝင် လက်နက်ကိုင် ၁၀ ဦးခန့်ဆင်းလာ ခဲ့ပြီး စစ်စခန်းကို အုပ်ချုပ်သည့် တပ်မှူးကို တွေ့ချင်ကြောင်း တောင်းဆိုခဲ့ကြသည်။

“ငါတို့မင်းကိုတွေ့ဖို့လာတာ မဟုတ်ဘူး။ မင်းတို့ခေါင်းဆောင်တွေနဲ့ပဲ စကားပြောချင်တာ” ဟု ယင်းလက်နက်ကိုင်များက ပြောကြားခဲ့ကြောင်း ဟက်ဆန်က ပြန်လည် ပြောပြခဲ့သည်။

ဟက်ဆန်က ၎င်းတို့၏ တောင်းဆိုမှုများကို ငြင်းဆိုခဲ့ပြီးနောက် တိုတောင်းလှသည့်အချိန်ကာလတစ်ခုအတွင်းမှာပင် စကားအချေအတင်ပြောဆိုမှုများနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုများသည် အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်း တီဂရေးဒေသတွင် လူပေါင်းရာနှင့်ချီသေဆုံးခဲ့ပြီး လူပေါင်း ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် တိုက်ပွဲ များ အတွက် တိုက်ပွဲခေါ်သံတစ်ခုဖြစ်ခဲ့သည်။

တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ဆက်သွယ်ရေးများ အလုံးစုံနီးပါး ပြတ်တောက်ခဲ့သည့် တီဂရေးဒေသကို ကြုံ တောင့်ကြုံခဲ ဝင်ရောက်ခွင့်ရခဲ့ပြီးနောက် အေအက်ဖ်ပီ သတင်းအဖွဲ့သည် အီသီယိုပီး ယား စစ်ဘက်ဆိုင်ရာ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အမှတ် ငါး တပ်ရင်းတည်ရှိ သည့် ဒန်ရှာ စစ် တန်းလျားသို့  ပြီးခဲ့သည့် သီတင်းပတ်အတွင်း သွားရောက်ခဲ့သည်။

“ငါတို့သည် ဖွံဖြိုးတိုးတက်မှုကို ဆန့် ကျင်နေသည့် တပ်ဖွဲ့များ၏ရန်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားရန် လိုအပ် ပြီး တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ပြန်လည် ပုံဖော်သွားမည်”ဟူသည့်စာသားများရေး သားထားသည့် သတ္တုပြားကို စစ်တန်းလျား ဝင်ပေါက်တွင် ဖော်ပြထားသည်။

■ သစ္စာဖောက်မှု

TPLF  တပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် ပြည်သူစစ်များ အပါအဝင် စစ်တန်းလျားတွင် စခန်းချနေထိုင်သည့် ဖက်ဒရယ်စစ်သားအချို့ ကပါ TPLF နှင့်ပူးပေါင်းပြီး ၎င်းတို့၏ ရဲ ဘော်ရဲဘက်များကို ပြန်လည်တိုက်ခိုက်မှု သည် သစ္စာဖောက်မှုဖြစ်ကြောင်း ဟက်ဆန် နှင့် အခြားရဲဘော်များက ဖော်ပြခဲ့သည်။

စစ်တန်းလျားမှ ဖက်ဒရယ်စစ်သားများသည် စစ်ယူနီဖောင်းပင် မလဲနိုင်ခဲ့ကြဘဲ ညအိပ်ဝတ်စုံများနှင့် သေဆုံးသွားခဲ့ကြောင်း  ဟက်ဆန်က အီသီယိုပီးယား ဝန်ကြီးချုပ် အက်ဘီ အာမက်၏ အစီရင်ခံစာကို ကိုးကား ပြီး ပြောကြားခဲ့သည်။

“ဒီမှာဖြစ်ပျက်သွားခဲ့တာတွေက အခု ပြောနေတာတွေထက်တောင် ဆိုးခဲ့ပါတယ်။တစ်ယောက်လောက်က သစ္စာဖောက်ခဲ့တာ ဆိုရင် ကျွန်တော်ဒီလောက်ထိခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နဲ့အတူ စားသောက်လာခဲ့ကြတဲ့ စစ်သားတွေက ကျွန် တော်တို့ကို ပြန်တိုက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဟက်ဆန်က ပြောကြားခဲ့သည်။

အက်ဒစ် အဘာဘာ မြို့တော်ရှိ အစိုးရ ကမူ ဒန်ရှာ စစ်တန်းလျား တိုက်ခိုက်ခံနေရ ချိန်တွင် တီဂရေး မြို့တော် မီကီလီရှိ ဖက်ဒ ရယ် စစ်တန်းလျားတွင်လည်း တစ်ပြိုင်နက် တည်း တိုက်ခိုက်ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုများ ကြောင့် နိုဝင်ဘာ ၄ ရက်တွင် အစိုးရက စစ်ရေးအရ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တီဂရေးဒေသမှ လူသိများသည့် TPLF  ထိပ်သီးအရာရှိတစ်ဦးက မီဒီယာတစ်ခုနှင့် အင်တာဗျူးပြုလုပ်ခဲ့ချိန်တွင် ကြိုတင်လက်ဦး မှုရ ယူသည့် တိုက်ခိုက်မှုသည် အရေးကြီး ကြောင်း ပြောကြားခဲ့သည်။

“သူတို့လာတိုက်မယ့်အချိန်ကို ကျွန် တော်တို့က စောင့်နေသင့်လား။ လုံးဝပါပဲ” ဟု TPLF အရာရှိတစ်ဦးဖြစ်သည့် စီကူချာ ဂီတာရှော က ပြောကြားခဲ့ပြီး အီသီယိုပီးယား ဝန်ကြီးချုပ်ရုံးကမူ ယင်းပြောကြားချက်သည် ဝန်ခံချက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ အခြား TPLF ထိပ်သီး အရာရှိတစ်ဦးဖြစ်သည့် ဝန်ဒီမူ အက်ဆမ်နျူကမူ ၎င်းတို့ဘက်မှ တိုက်ခိုက်ခဲ့ခြင်းမရှိ ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် အီသီယိုပီး ယားအစိုးရသည် ၎င်းတို့၏ တိုက်ခိုက်မှုကို မှန်ကန်ကြောင်းပြသရန် လုပ်ဇာတ်ခင်းပြီး ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အက်ဘီနှင့် TPLF ကြား ထိတ်တိုက် တွေ့မှုများဖြစ်ပွားခဲ့သည်မှာ အချိန်ကြာမြင့် ခဲ့ပြီဖြစ်သည်။ TPLF သည် အီသီယိုပီးယား နိုင်ငံရေးလောကကို နှစ်ပေါင်း ၃၀ နီးပါး လွှမ်းမိုးခဲ့ပြီး ၎င်းတို့အား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ၂၀၁၈ ခုနှစ်တွင် အက်ဘီသည် အာဏာရလာခဲ့သည်။

ထိုစဉ်အချိန်မှစ၍ TPLF သည် အီသီယိုပီးယား နိုင်ငံရေးလောကတွင် ဘေးချိတ်ခံခဲ့ရပြီး ၎င်းတို့၏ ညံ့ဖျင်းမှုကြောင်း နိုင်ငံ့ ကြွေးမြီများနှင့်ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသည်။

အီသီယိုပီးယား အစိုးရက ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲများရွှေ့ဆိုင်းခဲ့ပြီးနောက် TPLF နှင့် အက်ဘီတို့ကြား ခွာပြဲမှုမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

တီဂရေးဒေသအစိုးရက ၎င်းတို့၏ ကိုယ် ပိုင်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှုမပြုဘဲ မူလအစီအစဉ်အတိုင်းပြုလုပ်ခဲ့ကာ အက်ဘီကို တရားမဝင်သည့် အုပ်ချုပ်သူအဖြစ် တံဆိပ်ကပ်ခဲ့သည်။

■ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ

ဒန်ရှာ စစ်တန်းလျားတွင် တိုက်ခိုက်မှုများဖြစ်ပွားနေချိန်တွင် အစိုးရမဟာမိတ် အမ်ဟာရာ အထူးတပ်ဖွဲ့များ၏ တပ်ကြပ် တစ်ဦးဖြစ်သူ တာဒီလို တာမီရူသည် တီဂရေး နှင့် အမ်ဟာရာ ဒေသနယ်စပ်ရှိ မြို့ငယ်တွင် ရှိနေခဲ့သည်။

ထို့နောက် ၎င်းတို့လက်နက်ကိုင်အဖွဲ့သည် တိုက်ပွဲတွင် ပါဝင်ရန် ညွှန်ကြားချက် ရခဲ့သည်ဟု ဆိုသည်။

“အီသီယိုပီးယား ကာကွယ်ရေးတပ်ဖွဲ့ တွေကို ထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုဟာ အရမ်း အရေးကြီးခဲ့ပါတယ်” ဟု တာဒီလိုက ပြောကြားခဲ့ပြီး ၎င်းတို့သည် အစိုးရတပ်ဖွဲ့များနှင့်အတူ ရင်ဘောင်တန်း ပြီး TPLF တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမ်ဟာရာနှင့် တီဂရေးတို့သည် အိမ်နီးချင်း ဒေသများဖြစ်သည့်တိုင် အမ်ဟာရာ တပ်ဖွဲ့များသည် အစိုးရစစ်တပ်မှ အရာရှိ များ အမိန့်ကို နာခံပြီး ငြိမ်းချမ်းရေးထိန်း သိမ်းရေးလုပ်ငန်းစဉ်ရှိနေသရွေ့ တီဂရေး တွင် စခန်းချနေထိုင်သွားမည်ဟု တာဒီလိုက ပြောကြားခဲ့သည်။

■ ပြင်းထန်သည့် တိုက်ခိုက်မှုများ

တိုက်ပွဲများဖြစ်ပွားနေသည့် နေရာကို ဝင်ရောက်ကြည့်ရှုခွင့်များ ကန့်သတ်ခဲ့သဖြင့် နှစ်ဖက်စလုံး၏ ကြေညာချက်များကို အတည် ပြုရန်ခက်ခဲခဲ့သော်လည်း ဒန်ရှာစစ်တန်း လျား သို့သွားရောက်ခဲ့ချိန်တွင် စစ်တန်းလျား တွင် ထိမှန်ထားသည့် ကျည်ဆံရာများ အများ အပြားတွေ့ရှိခဲ့ပြီး ဒန်ရှာမြို့တွင်းတွင်မူ အထိ အခိုက်မရှိခဲ့ကြောင်း တွေ့ခဲ့ရ သည်။

 ယင်းမြို့တွင် ဆိုင်များကို ပိတ်ထားသော်လည်း အခြားမြို့များကဲ့သို့ စွန့်ခွာထွက်ပြေး မည့်အရိပ်ယောင်မျိုးကို မတွေ့ရပဲ မြို့ခံများ မှာလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေ ကြသည်။

မြို့ခံတစ်ဦးဖြစ်သည့် ကီဘရွမ် ဂျာမေက မူ ဒန်ရှာမြို့ရှိ ယခင် အုပ်ချုပ်ရေးအဖွဲ့သည် TPLF ပါတီမှဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တွင် ယင်းအုပ်ချုပ်ရေးအဖွဲ့က ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့၏ ရာထူးနေရာမှာ လစ် လပ်သွားခဲ့သည်ဟု ဆိုသည်။ထို့ပြင် နောက်တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့သစ်သည်လည်း မြို့ခံများကို ဖယ်ကြဉ်ထားလိမ့်မည် မဟုတ်ကြောင်း အမ်ဟာရာလူမျိုးဖြစ်သည့် ကီဘရွန်က ပြောကြားခဲ့သည်။

“TPLF ရဲ့ အစီအစဉ်က အီသီယိုပီးယားမှာ ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော် ဖို့ဖြစ်ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကို သာမကဘဲ အာဖရိက ဦးချိုဒေသနဲ့ တစ်ကမ္ဘာလုံးကိုပါ မတည်မငြိမ်ဖြစ်စေချင်နေကြတာပါ” ဟု ကီဘွန်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်တွင်မူ အီသီယိုပီးယား ဝန်ကြီးချုပ် အက်ဘီက တီဂရေးဒေသတွင်ပြုလုပ်နေသည့် စစ်ဆင်ရေးများသည် အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာသည် တီဂရေးဒေသ၏ မြို့တော် မီကီလီကို ထိန်းချုပ်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိပြီ ဖြစ်ကြောင်းကြေညာခဲ့သော်လည်း ယင်းဒေသတွင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် အချိန်ယူရဦးမည်ဖြစ်သည်။      

 

Ref: AFP

Most Read

Most Recent