မြန်မာ့မီးရထားက ပြည်ပချေးငွေများဖြင့် လူစီးတွဲသစ်များ ဝယ်ယူသည့်အစီအစဉ်တွင် ကိုရီးယား ချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ နှင့် တရုတ်အတိုးမဲ့ ချေးငွေဖြင့် တွဲသစ် ၂၈ တွဲ ဝယ်ယူထားပြီး ယင်းတွဲအားလုံး ယခုနှစ်အတွင်းရရှိမည်

မြန်မာ့မီးရထားက ပြည်ပချေးငွေများဖြင့် လူစီးတွဲသစ်များ ဝယ်ယူသည့်အစီအစဉ်တွင် ကိုရီးယား ချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ နှင့် တရုတ်အတိုးမဲ့ ချေးငွေဖြင့် တွဲသစ် ၂၈ တွဲ ဝယ်ယူထားပြီး ယင်းတွဲအားလုံး ယခုနှစ်အတွင်းရရှိမည်
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံက ပေးပို့သည့် ရထားတွဲဆိုင်းသစ်များကို တွေ့ရစဉ်
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံက ပေးပို့သည့် ရထားတွဲဆိုင်းသစ်များကို တွေ့ရစဉ်
Published 18 November 2020
ရွှန်းလဲ့ဝင်း

မြန်မာ့မီးရထားက ပြည်ပချေးငွေများဖြင့် လူစီးတွဲသစ်များ ဝယ်ယူသည့်အစီအစဉ်၌ ကိုရီးယားချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ နှင့် တရုတ်အတိုးမဲ့ချေးငွေဖြင့် တွဲသစ် ၂၈ တွဲ ဝယ်ယူထားပြီး ယင်းတွဲအားလုံး  ယခုနှစ် အတွင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံ ချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ဝယ်ယူသည့် ရထားတွဲ ၁၀၀ အနက် အထက်တန်းတွဲ ၄၀ မှာ ကိုရီးယားနိုင်ငံမှ မှာယူမည် ဖြစ်ပြီး ရိုးရိုးတန်းတွဲ ၆၀ မှာ မြစ်ငယ်ရှိ တွဲ တည်ဆောက်ရေးစက်ရုံတွင် တည်ဆောက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် သန်း ၈၀ ဖြင့် လူစီးတွဲသစ် ၂၈ တွဲဝယ်ယူသည့် စီမံကိန်းနှင့်စပ်လျဉ်းပြီး သဘောတူညီ မှုစာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက တရုတ်နိုင်ငံ အကြီးအကဲ၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ရာ တွဲအားလုံး ၂၀၂၀ ပြည့်နှစ်အ တွင်း ရရှိမည်ဟု သိရသည်။

“ကိုရီးယားနိုင်ငံက ဝယ်ယူတဲ့ လူစီးတွဲသစ် ၁၀၀ အနက် အထက်တန်းလူစီးတွဲ ၄၀ နဲ့ မြစ်ငယ်စက်ရုံမှာ တပ်ဆင်တည်ဆောက်မယ့် ရိုးရိုးတန်းလူစီးတွဲ ၆၀ အတွက် ပစ္စည်းတွေအားလုံး ရောက်ရှိပြီးဖြစ်ပါတယ်။ တွဲ တွေအားလုံး အခုနှစ်အတွင်းမှာ ရရှိမှာဖြစ်ပါတယ်” ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန်က ပြောကြားသည်။

မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် တွဲ ၁၀၀ ဝယ်ယူထားခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဝယ်ယူမည့် အထက်တန်းတွဲသစ် ၄၀ အနက် တွဲသစ် ၂၀ မှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ 

မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ ဝယ်ယူနိုင်ရန် ကိုရီးယား Dawonsysy ကုမ္ပဏီနှင့် ကန်ထရိုက် စာချုပ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်က က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထား လုပ်ငန်းသည် ကိုရီးယားနိုင်ငံ EXIM Bank ၏ EDCF ချေးငွေအမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် လူစီးရထားတွဲသစ် ၁၀၀ ကိုဝယ်ယူ သွားမည်ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာအခြေ ခံ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာန ဝန်ကြီး H.E Ms. Kim Hyun Mee နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ ပို့ဆောင်ရေး နှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ၂၀၁၉ ခုနှစ် မတ်လအတွင်းက  လာရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ကိုရီးယားသမ္မ တနိုင်ငံမှ ခေတ်မီလူစီးရထားတွဲများ ဝယ်ယူ ရေးဆိုင်ရာ ကိစ္စရပ်များ၊ မန္တလေး-မြစ်ကြီး  နား ရထားလမ်းအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ တွံတေးတူးမြောင်း ဖွံ့ ဖြိုးရေး ဆောင်ရွက်နေမှုများ၊ လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံ နှင့်သာမက ဂျပန်နိုင်ငံ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများလည်းရှိ ပြီး ယင်းစီမံကိန်းများမှာ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဘူတာများအဆင့်မြှင့်တင်ရေး စီမံကိန်းအပါ အဝင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်လျက် ရှိသည်။ ယင်းပြင် ဟံသာဝတီလေဆိပ်တည် ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ  JICA မှ ချေးငွေ ဂျပန်ယန်း ၁၂၄ ဒသမ ၆၆၃ ဘီလျံသုံးစွဲသွားမည်ဖြစ် ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ် စီမံကိန်းအဖြစ်သတ်မှတ် လုပ်ဆောင်သွား ရန် ကနဦးလျာထားသည်။