အထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့ချိန်၌ COVID-19 ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ကျဆင်းခြင်းမရှိသေးဘဲ ၁၅ ရက်အတွင်း စစ်ဆေးမှုစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ရောဂါပိုးတွေ့ရှိနေ

အထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့ချိန်၌ COVID-19 ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ကျဆင်းခြင်းမရှိသေးဘဲ ၁၅ ရက်အတွင်း စစ်ဆေးမှုစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ရောဂါပိုးတွေ့ရှိနေ
အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ရောဂါကူးစက်မှုအရေအတွက်ကို ဖော်ပြထားခြင်းဖြစ်ပါသည်။
အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ရောဂါကူးစက်မှုအရေအတွက်ကို ဖော်ပြထားခြင်းဖြစ်ပါသည်။
Published 17 October 2020
ဇော်မင်းနိုင်

အထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့ချိန်၌ COVID-19 ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ကျဆင်းခြင်းမရှိသေးဘဲ ၁၅ ရက်အတွင်း စစ်ဆေးမှုစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းခန့်ရောဂါ ပိုးတွေ့ရှိနေသည်ကို ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် COVID-19 ရောဂါမှာ မြန်မာနိုင်ငံသို့ မတ် ၂၃ ရက်တွင် စတင်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ရောဂါပိုးတွေ့ရှိမှုမှာ ရပ်တန့်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့အပြီးတွင် ရောဂါကူးစက်ခံရသူ ဦးရေမှာ ဆက်တိုက် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

အောက်တိုဘာ ၁ ရက်မှ စတင်ပြီးရောဂါပိုးတွေ့ရှိမှုမှာ မြင့်တက်လာခဲ့သည်ကို တွေ့ရပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၀၀၀ ကျော် တွေ့ရှိနေခြင်းဖြစ်သည်။

COVID-19 စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လက်ရှိအချိန်ထိမြန်မာနိုင်ငံရှိ ရောဂါပိုးပျံ့နှံ့နေသည့် ဒေသများကို တွေ့ရစဉ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ အောက်တိုဘာ ၁၅ ရက်အထိ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူအရေအတွက် အများဆုံးရက်မှာ အောက်တိုဘာ ၁၀ ရက် ဖြစ်ပြီး ယင်းနေ့တွင် ရောဂါပိုးတွေ့ရှိမှုမှာ ၂၁၅၈ ဦးအထိရှိနေသည်ကို တွေ့ရသည်။

အောက်တိုဘာ ၁ ရက်မှ အောက်တို ဘာ ၁၅ ရက်မှ ရောဂါပိုးစစ်ဆေးခဲ့သူဦးရေ မှာ စုစုပေါင်း ၁၆၈၅၀၈ ဦးအထိရှိပြီး ပိုးတွေ့ သူဦးရေမှာ ၁၈၉၈၅ ဦးဖြစ်သည်။

ယခင်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် COVID-19 သံသ ယရှိသူများ၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် များကို ရယူပြီး ဓာတ်ခွဲခန်းများတွင် စစ်ဆေး ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 စစ်ဆေးနိုင်သည့်ဦးရေမှာ တစ်ရက်လျှင် ၅၀၀၀ ခန့်သာရှိခဲ့ပြီး ကိုရီးယားနိုင်ငံမှ မှာယူ ထားသည့် Test Kit များရောက်ရှိလာချိန် တွင် စစ်ဆေးနိုင်သည့်အရေအတွက်မှာ မြင့် တက်လာခဲ့သည်။

အောက်တိုဘာ ၂ ရက်မှ စတင်ပြီး COVID-19 စစ်ဆေးနိုင်သည့်ပမာဏမှာ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၁၅ ရက် အထိ တစ်ရက်လျှင်ပျမ်းမျှဦးရေ ၁၃၀၀၀ ခန့်ကို စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ၁၅ ရက်အတွင်း စစ်ဆေး နိုင်သည့်ပမာဏနှင့် ရောဂါပိုးတွေ့ရှိသည့် ပမာဏကို နှိုင်းယှဉ်ပါက ရောဂါပိုးစစ်ဆေးခံ ရသူ၏ ၁၁ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အောက်တိုဘာ ၆ ရက်မှ စတင်ကာ တစ်ရက်လျှင် လူ တစ်သောင်း ကျော်ကို စစ်ဆေးခဲ့ရာ၌ ရောဂါပိုးတွေ့ရှိမှု မှာလည်း လူတစ်ထောင်ခန့်တွင် ရောဂါပိုး တွေ့ရှိနေခြင်းကြောင့် ၁၀ ရာခိုင်နှုန်းခန့်မှာ ရောဂါကူးစက်ခံနေရသည်ကို တွေ့ရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရော ဂါပိုးတွေ့လူနာ အနည်းဆုံးရက်မှာ အောက် တိုဘာ ၁၄ ရက်ဖြစ်ပြီး ယင်းနေ့တွင် ပိုးတွေ့ လူနာ ၈၈၈ ဦးသာရှိခဲ့သည်ကို တွေ့ရသည်။ ယင်းအရေအတွက်မှာ COVID-19 သံသ ယလူနာ ၉၆၅၆ ဦးအား စစ်ဆေးခဲ့ခြင်းဖြစ် သည်။

စစ်ဆေးသည့် ဦးရေမြင့်တက်လာခဲ့ သည့်အချိန်တွင် ရောဂါပိုးတွေ့ရှိမှုမှာနည်း ပါးလာသည်ဟု ကိန်းဂဏန်းများအရ တွေ့ရှိ နိုင်သော်လည်း နေ့စဉ်တွေ့ရှိမှုဦးရေမှာ ပျမ်း မျှ တစ်ထောင်ကျော်အထိ ရှိနေသည်ကို တွေ့ရသည်။

အောက်တိုဘာ ၁ ရက်မှ အောက်တို ဘာ ၁၅ ရက်အထိ ရောဂါပိုးတွေ့ရှိသူဦးရေ မှာ ၁၈၉၈၅ ဦးရေရှိခဲ့သဖြင့် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၁၂၀၀ ကျော်ခန့်တွင် ရောဂါ ပိုးတွေ့ရှိနေခြင်းဖြစ်သည်။

သေဆုံးမှုကို တွက်ချက်မည်ဆိုပါက အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးလူနာဦးရေမှာ ၄၅၅ ဦးရှိ သဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၃၀ ဦးအထိ သေဆုံးလျက်ရှိသည်။

အဆိုပါ ၁၅ ရက်အတွင်း သေဆုံးမှုအ များဆုံးနေ့မှာ အောက်တိုဘာ ၁၁ ရက်ဖြစ် ပြီး ယင်းရက်တွင် သေဆုံးမှုမှာ ၄၈ ဦးရှိခဲ့ပြီး နာရီဝက်လျှင် တစ်ဦးသေဆုံးခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၏ COVID-19 ဖြစ်ပွား မှုကို ပညာရှင်များက ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင် လများအား COVID-19 ပထမလှိုင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဒုတိယလှိုင်းအား သြဂုတ်လ လယ်ပိုင်းမှ စတင်သတ်မှတ်ခဲ့သည်။

သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်စစ် တွေမြို့မှ အမျိုးသမီးတစ်ဦးထံတွင် COVID -19 ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ရခိုင်ပြည် နယ်မြောက်ပိုင်းတစ်ခုလုံးကို သြဂုတ်လတစ် လအတွင်းမှာပင် လျင်မြန်စွာပျံ့နှံ့ခဲ့သည်။

ဒုတိယလှိုင်းတွင် ရောဂါပိုးအများဆုံး ကူးစက်ခံနေရသည့်တိုင်းဒေသကြီးမှာ ရန် ကုန်တိုင်းဒေသကြီးဖြစ်ပြီး နေ့စဉ်ရောဂါပိုး တွေ့ရှိသူ၏ ရာခိုင်နှုန်း ၇၀ နှင့် ၈၀ ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်နေသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုး တွေ့ရှိသူဦးရေမှာ အောက်တိုဘာ ၁၅ ရက် အထိ နှစ်သောင်းခွဲကျော်ရှိနေသည်ကို တွေ့ ရပြီး ဒုတိယအများဆုံးဒေသကြီးမှာ ရခိုင် ပြည်နယ်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူဦးရေ ၂၅၀၀ နီးပါးရှိသည်။ တတိယအများဆုံးဒေ သမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ယင်းဒေသ တွင် ရောဂါပိုးတွေ့ရှိဦးရေ တစ်ထောင်နီးပါး ခန့်ရှိကာ စတုတ္ထအများဆုံးဒေသမှာ မန္တ လေးတိုင်းဒေသကြီးဖြစ်ပြီး ရောဂါပိုးတွေ့ရှိ သူဦးရေ ၈၅၀ ကျော်ရှိနေသည်ကိုတွေ့ရ သည်။

ရောဂါပိုးအများဆုံးတွေ့ရှိသည့် ရန် ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ အား Stay at Home အစီအစဉ်သတ်မှတ် ကြောင်း အစိုးရက စက်တင်ဘာလကုန်ပိုင်း တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုး ကူးစက်ခံရသူစုစုပေါင်းမှာ မတ်လမှစ တင်ရေတွက်မည်ဆိုပါက အောက်တိုဘာ ၁၅ ရက်အထိ ၃၂၃၅၁ ဦးရှိပြီး သေဆုံးသူအ ရေအတွက်မှာလည်း ၇၆၅ ဦး အထိရှိလာခဲ့ပြီ ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အ ထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေး ရန်နိုင်ငံရေးပါတီအချို့က တောင်းဆိုမှုများ ပြုလုပ်ထားသော်လည်း သတ်မှတ်ရက်အ တွင်းသာ ပြုလုပ်မည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်။

Stay at Home ပြုလုပ်ထားသည့်မြို့ နယ်များနှင့် တစ်စတုရန်းကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ငါးထောင်အထက်နေထိုင် သည့်မြို့နယ်များတွင် အသက် ၆၀ အထက် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင် ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအ နေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မဲရုံသို့ လာရောက်နိုင်ခြင်းမရှိသူများကို အိမ်တိုင် ရာရောက် လာရောက်ကောက်ခံနိုင်ရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်များက စီစဉ် ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် COVID-19 ရောဂါ ကြောင့် ရွေးကောက်ပွဲနေ့တွင် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် နေ ပြည်တော်တွင် ဇာတ်တိုက်လေ့ကျင့်မှုများ စီစဉ်လျက်ရှိနေသည်ကို တွေ့ရသည်။

ဇော်မင်းနိုင်