မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘေးကင်းသော ကောင်းမွန်သော ရွေးချယ်မှု မရှိ

မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘေးကင်းသော ကောင်းမွန်သော ရွေးချယ်မှု မရှိ
Photo: AP
Photo: AP
Published 12 October 2020
မြတ်သစ်

မဲပေးရန် ထိတ်လန့်တုန်လှုပ်မှုများ၊ တွန့်ဆုတ်မှုများ၊ စိတ်ပါဝင်စားမှုများ ဖြစ်ပေါ်ချိန်တွင် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲဆီသို့ ဦးတည်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက အနိုင်ရခဲ့သော ၂၀၁၅ ရွေးကောက်ပွဲသို့မဟုတ်ဘဲ  ဒီမိုကရက်တစ် အကောင်းမြင်မှုများမှနေ၍ သွေဖီစေသည်။

၂၀၁၅ သမိုင်းဝင်ရွေးကောက်ပွဲသည် ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး တစ်ဝက်တစ်ပျက်၊ အတုအယောင် ဒီမိုကရေစီကို ပြန်လည်ရရှိသည့် အမှတ်လက္ခဏာဖြစ်ပြီး တစ်ချိန်က နိုင်ငံ ရေးအကျဉ်းသားဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ပြိုကမ်းပြိုအနိုင်ရရှိကာ အမျိုးသားခေါင်းဆောင်အဖြစ် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အ ထည်မဖော်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါလျင် မြန်စွာပျံ့နှံ့မှုကို တားဆီးနိုင်ခြင်းမရှိခြင်းတို့ ကြောင့် မဲဆန္ဒရှင်ပြည်သူများသည် မဲပေးရန် တွန့်ဆုတ်မှုများရှိလာသည်ဟု ဆိုရမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ရှိ အထက်တန်းကျောင်း တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုရိုနာဗိုင်း ရပ်စ် တားဆီးကာကွယ်ရေးဆိုင်ရာ စည်း ကမ်းချက်များနှင့်အညီ မဲပေးနည်းများကို ပြသခဲ့သည်။

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဌာနဆိုင်ရာဝန်ကြီးများသည် မဲ မည်သို့ပေးရမည်ဆိုသော သရုပ်ပြပွဲ တက်ရောက်ခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ သည်။ မဲပေးသူများ၏ အပူချိန်များ တိုင်း တာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ထား ခြင်း၊ လက်သန့်ဆေးရေများ အသုံးပြုစေခြင်း နှင့် မဲပေးသူများ တစ်ယောက်နှင့်တစ် ယောက် ခပ်ခွာခွာနေခြင်းများကို စစ်ဆေးခဲ့ ကြသည်။

နိုဝင်ဘာ ၈ ရက် မဲပေးသည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မဲပေးခွင့်ရှိသူ ၃၇ သန်းတို့ သည် မဲပေးကြမည်ဖြစ်သည်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသ ကြီးနှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်များကို ဆန္ဒမဲပေး၍ ရွေးချယ်ရတော့ မည်ဖြစ်သည်။ တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ကတော့ ဝင်ရွေးခံစရာမလိုပေ။

အတိုက်အခံနိုင်ငံရေးပါတီတွေက ရွေး ကောက်ပွဲရက် ရွှေ့ဆိုင်းရန် တောင်းဆိုနေ ကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ကျောထောက်နောက်ခံပြုထား သော ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကမူ နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည်။ ပြည်ပရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးခြင်း များကို စတင်နေပြီဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၄၀၀၀ ခန့် ရှိနေပြီး စက်တင်ဘာ ၁ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူမှာ ၈၈၇ ဦးသာရှိခဲ့သော မြန်မာနိုင်ငံသည် ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်တက်လာပြီး အရှေ့တောင်အာရှတွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှု စတုတ္ထအများ ဆုံးဖြစ်လာခဲ့သည်။ ရောဂါကူးစက်မှုနှုန်း မြင့်တက်မှုသည် မလေးရှားနိုင်ငံကို ကျော် ဖြတ်ခဲ့သည်။ စီးပွားရေး ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး ရောဂါကူးစက်မှု၏ သုံးပုံနှစ်ပုံ ရှိလာသည်။

စစ်ဘေးဖြစ်ပွားနေသော အရပ်ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပရန် ခက်ခဲမည်ဟု ပြောကြားထားသည်။

အေအေလက်နက်ကိုင် တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်မဟုတ်သလို ရခိုင်ပြည်နယ် တွင်ရှိနေသော လူတစ်သန်းကျော်သည် အင်တာနက် 3G နှင့် 4G များ ကို အစိုးရက ပိတ်ထားလျက်ရှိသည်။ သို့ဖြစ်၍ တိုက်ပွဲ များကြောင့် ရခိုင်ပြည်နယ်နေရာ အတော် များများတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ဖွယ် မရှိပေ။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ စောင့် ကြည့်မည့် ပြည်ပမှ ဂျာနယ်လစ်များနှင့် စောင့်ကြည့်လေ့လာသူများ ဝင်ရောက်ခွင့် မရသေးပေ။ အစိုးရသတင်းမီဒီယာများ မဟုတ်သော ပြည်တွင်းသတင်းထောက်များ သည်ပင် ကိုဗစ် ၁၉ ဆိုင်ရာ တားမြစ်ကန့် သတ်ချက်များကြောင့် သွားလာမှုကန့်သတ် ချက်များနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ် သော ရန်ကုန်မြို့သည် အစိုးရက ကိုဗစ် ၁၉ ဆိုင်ရာ အမိန့်ထုတ်ပြန်ချက်များကြောင့် ခြောက်ကပ်လျက်ရှိသည်။ အစိုးရအာဏာ ပိုင်များအနေဖြင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ မလုံလောက်သဖြင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် အခက်အခဲကြုံ နေရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသတွင်းရှိ အထည်ချုပ်စက်ရုံများကို မူလက အောက်တိုဘာ ၇ ရက်တွင် ပြန်ဖွင့် ရန် ထုတ်ပြန်ချက်များကို ရုပ်သိမ်းပြီး အောက် တိုဘာ ၂၁ ရက်အထိ ပိတ်ထားရန် ကြေညာ ထားသည်။ လော့ခ်ဒေါင်း လုပ်ထားမှုကြောင့် နိုင်ငံတွင်းရှိ နေရာဒေသအချို့တွင် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများလုပ်ရန် အခက်အခဲ များရှိနေသည်။ လူစုလူဝေးနှင့် မဲဆွယ်ခြင်း၊ မော်တော်ယာဉ်များဖြင့် လှည့်လည်စည်းရုံး ခြင်းနှင့် မဲဆွယ်ဟောပြောခြင်းတွေကို ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်စေရေး ကန့်သတ် ချက်များဖြင့် တားဆီးထားသည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် အတိုက်အခံနိုင်ငံရေးပါတီ များသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ကို မီဒီယာနှင့် ဖေ့စ်ဘွတ်မှနေ၍ လုပ်ဆောင် ဖို့ ကြိုးပမ်းနေကြသည်။

နိုင်ငံရေးပါတီများအနေဖြင့် အစိုးရပိုင် ရုပ်သံမှနေ၍ မိမိတို့ပါတီနှင့်ပတ်သက်ပြီး မဲ ဆွယ်မှုတွေကို ယခုရက်သတ္တပတ်တွင် စတင် လုပ်ဆောင်ခဲ့ကြပြီး တချို့ပါတီများ၏ ပြော ကြားချက်များကို ရွေးကောက်ပွဲကော်မ ရှင်က  ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်ခဲ့ သည်။ ဆင်ဆာဖြတ်တောက်ရခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ထုတ်ဖော်ပြောဆို ခြင်း မရှိ ပေ။

တစ်ချိန်က တပ်မတော်အကြီးအကဲ ဖြစ်သူ သူရဦးရွှေမန်း၏ ပြည်သူ့ကောင်းကျိုး ဆောင်ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် စစ်တပ်ကျောထောက်နောက်ခံပြုထား သော ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့ ကြား အလယ်မှ ရပ်တည်သော ပါတီဖြစ် ကြောင်း ပုံဖော်ဖို့ ကြိုးစားနေသည်။

စီးပွားရေးလုပ်ငန်းရှင်နှင့် လွှတ်တော် အမတ် ဒေါ်သက်သက်ခိုင်မှာ တစ်ချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ ကို တည်ထောင်ခဲ့သည်။ စီးပွားရေးကို အဓိက ထားဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထု၏  တစ်ဦးချင်းဝင်ငွေ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေး မည်ဖြစ်ကြောင်းနှင့် အကယ်၍ မိမိပါတီ အနိုင်ရပါက ပါတီက ထုတ်ပြန်ထားသည့် ကတိကဝတ်တွေ အကောင်အထည်ဖော် ပေးမှာဖြစ်ကြောင်း ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရ ပါတီသည် စီးပွားရေးကျဆင်းမှု စံချိန်တင် စေခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ရှင်း လင်းစွာ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် မြို့တွင် ပြီးခဲ့သည့်လက ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်ဖြစ်လာသ ဖြင့် မဲဆွယ်စည်းရုံး  ရေးကို မပြုလုပ်ဖို့ ပိတ်ပင်ခဲ့သည်။ ယခုအခါ တွင် နေပြည်တော်တွင် အနိုင်ရရှိရေးအတွက် အရပ်ဘက်ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အခြားသော အစိုးရဝန်ထမ်းများကို အခွန်လွတ်မော်တော်ကား တင်သွင်းခွင့် နှင့် လိုင်စင်ထုတ်ပေးမည်ဟု ကတိပေးခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဖြစ် တစ်ခုဖြစ်သော မော်တော်ကားတင်သွင်းခွင့်  သည် ယခုနှစ်အစောပိုင်းတွင် ပြည်သူလူထု နှင့် မော်တော်ကား တင်သွင်းနေသည့်လုပ် ငန်းရှင်များ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်း ခဲ့ရသည်။ ဤခွင့်ပြုချက်သည် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်၏ သန့်ရှင်းသောအစိုးရ မူဝါဒနှင့် ကားတင်သွင်းခွင့်မူဝါဒနှင့် ဆန့် ကျင်နေခြင်းကြောင့် ကန့်ကွက်ခဲ့ကြခြင်းဖြစ် သည်။

အောက်တိုဘာ ၉ ရက်နေ့က ပြည် တွင်းရှိ မော်တော်ယာဉ်အစည်းအရုံးနှင့် ဥရောပကုန်သွယ်ရေးအသင်းတို့က သတင်း စာရှင်းလင်းပွဲလုပ်ပြီး အစိုးရ၏ ကားတင် သွင်းခွင့်မူဝါဒကို ဝေဖန်မှုပြုလုပ်ခဲ့ရာ ဤ လုပ်ဆောင်မှုမှာ ကြုံတောင့်ကြုံခဲဟု ဆိုရ မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ အစိုးရ မဖြစ်မီအချိန်က အစိုးရအရာရှိတွေ ကား ဝယ်ယူခွင့်ပါမစ် မထုတ်ပေးရန် ပြောကြားခဲ့ ဖူးသည်။ ကားတင်သွင်းခွင့်ပါမစ်ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ် ဦးသန်းမြင့်ခေါင်းဆောင်သော ကုန် သွယ်ရေးဝန်ကြီးဌာန၏ စီမံချက်ဖြစ်ပြီး အ ငြင်းပွားဖွယ်ကိစ္စတွေ များစွာထွက်ပေါ်ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဲ ပေးသူဦးရေ လျော့နည်းသွားခြင်းသည် ကို ဗစ် ၁၉ ကြောင့်ထက် သူမ၏ စီးပွားရေးဆိုင် ရာ မူဝါဒများကြောင့် စိတ်ပူပန်စရာဖြစ်နေရ မည့်အနေအထား ဖြစ်သည်။

နိုင်ငံရေးလေ့လာသူများက ဒေါ်အောင် စုကြည်အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင် ရရေးအတွက် အရေးကြီးသော ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ရန် လိုနေကြောင်း ထောက် ပြထားသည်။ အရေးကြီးသော ပြုပြင်ပြောင်း လဲရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး၊ လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လျှော့ချရေးနှင့် သူမအနေဖြင့် ဒီ မိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမား အမွေအနှစ်ကို ခိုင်ခိုင်မာမာ ချထားနိုင်ရေး ဖြစ်သည်။ အသက် ၇၅ နှစ်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၅ ခုအ လွန်တွင် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖို့ဆိုတာ မသေချာတော့ပေ။

အောက်တိုဘာ ၆ ရက်နေ့က ရုပ်သံမှ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးအနေဖြင့် မဲပေးရခြင်း အရေးကြီးပုံ ကို ထည့်သွင်းပြောကြားခဲ့သည်။

“ပြည်သူတွေ နားလည်သဘောပေါက် စေချင်တာက အထွေထွေရွေးကောက်ပွဲမှာ မဲပေးတာဟာ ပြည်သူတွေရဲ့ တာဝန်ပဲဖြစ်ပါ တယ်။ အဲဒီလိုပဲ ကိုဗစ်-၁၉ ကာကွယ်ဖို့ ကျန်း မာရေးဝန်ကြီးဌာနက ချမှတ်ပေးထားတဲ့ စည်းကမ်းနဲ့ ဥပဒေတွေ လိုက်နာတာဟာ လည်း နိုင်ငံသားရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို့ပြင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အကြောက်မလွန်  ကြဖို့ ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစု ကြည်သည် အွန်လိုင်းမှတစ်ဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၏ အနာဂတ်အတွက် ရွေးကောက်ပွဲ တွင် စည်းလုံးညီညွတ်မှုများသည် ကိုဗစ် ၁၉ ကာကွယ်ရေးထက် ပိုအရေးပါကြောင့် ထည့် သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ မဲဆန္ဒရှင်များ မည်သို့ခံ စားနေကြရသည်မှာ ရှင်းရှင်းလင်းလင်း မရှိ သေးပေ။ ပြည်တွင်းရှိ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ ရွေး ကောက်ပွဲအကြိုစစ်တမ်းအရ ၂၀၁၅ ခုနှစ်  ကတည်းက မဲဆန္ဒရှင်များသည် နိုင်ငံရေး စိတ်ဝင်စားမှုနည်းလာကြောင်း ဖော်ပြထား သည်။

မဲဆန္ဒရှင် ၃၀ ရာခိုင်နှုန်းက နိုင်ငံရေး စိတ်ဝင်စားကြောင်း ပြောကြားခဲ့ရာ ငါးနှစ်အတွင်း ရာခိုင်နှုန်းအနိမ့်ဆုံးဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြိုနိုင်ခဲ့ သော ၂၀၁၅ ခုနှစ်က နိုင်ငံရေးစိတ်ဝင်စားသူ  ရာခိုင်နှုန်းက ၄၃ ရာခိုင်နှုန်းရှိခဲ့သည်။ ပြည် သူလူထုသဘောထား ကောက်ခံမှုကို သြဂုတ် ၃ ရက်နှင့် ၅ ရက်တွင် မြန်မာနိုင်ငံအတွင်းမှ လူပေါင်း ၂၅၇၇ ကို တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တွေ့ဆုံမေးမြန်းမှု၌ တိုင်းရင်းသားများ မပါခဲ့ပေ။ စစ်တမ်းအရ ကိုဗစ် ၁၉ သည် မဲပေးရေးကို စိတ်ဝင်စားမှု လျော့နည်းစေသည်ဟု တွေ့ရှိခဲ့သည်။

ဖြေကြားသူထက်ဝက်ခန့်က ‘သူတို့ မုချ မဲပေးမည်’ဟု ဖြေခဲ့ကြသည်။ ကျန်တစ်ပုံ လူ တွေက ရွေးကောက်ပွဲနှင့် ကိုဗစ် ၁၉ ဆက် စပ်မှုကို စိုးရိမ်ကြောင်း ဖြေဆိုခဲ့ပြီး တစ်ပုံက တော့ မဲပေးဖို့အတွက် ဘာအတားအဆီးကို မှ ဂရုမစိုက်ကြောင်း ပြောကြားခဲ့ကြသည်။

အတိုက်အခံပါတီများ၊ တိုင်းရင်းသား ပါတီကိုယ်စားလှယ်များက ကိုဗစ် ၁၉ သည် မဲဆန္ဒရှင်များကို မဲပေးခြင်းမပြုနိုင်အောင် အတားအဆီးဖြစ်နေကြောင်း၊ လော့ခ်ဒေါင်း လုပ်ထားမှုများသည် တာဝန်ထမ်းဆောင်ဆဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် အမတ်လောင်းတွေအတွက် အသာစီးရနေ စေကြောင်း၊ သူတို့သည် အစိုးရက ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ကာကွယ်ကန့်သတ်မှု အစီအစဉ်များကြားထဲမှ သူတို့ ယှဉ်ပြိုင်မည့် နေရာများသို့ မဲဆွယ်စည်းရုံးခွင့်များရနေကြောင်း ဝေဖန်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဲဆန္ဒ ရှင်များ၏ အမှန်ကို သိမြင်လာမှုနှင့် ကျန်းမာရေးနှင့်ပတ်သက်သော ထိတ်လန့်မှုတွေ ကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းချက်တွေသည် အချည်းနှီးဖြစ်နေသည်။ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲပေးသူတွေ နည်းပါးသည်က သဘာဝကျကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်အောင် မဲပေးခဲ့ကြသူ များအနေဖြင့် မျှော်လင့်ချက်ကြီးစွာ မဲပေးခဲ့ ကြပြီးနောက် အစိုးရအနေဖြင့် ကတိကဝတ် တွေကို မဖြည့်ဆည်းနိုင်သဖြင့် စိတ်ပျက်နေ ကြောင်း ထောက်ပြကြသည်။

လူစုလူဝေးဖြင့် မဲဆွယ်မှုများမပြုရဟူသော တားဆီးမှုများသည် ဒေါ်အောင်စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူအများစု ထောက်ခံရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ တိုင်းရင်းသားများ နေထိုင်သည့် အရပ်ရှိ ဗမာအများစုများကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထု ထောက်ခံမှုရနေပြီး သူ့ပါတီကို ဆက်လက် မဲပေးကြဦးမည်ဖြစ်သည်။ သူနှင့်အတူ ပထမ ငါးနှစ်သက်တမ်းကို ကြံ့ကြံ့ခံရပ်တည်သလို  ဆက်ထောက်ခံကြမည်ဖြစ်သည်။

တိုင်းရင်းသားစုများ နေထိုင်ရာ  ပြည်နယ်များနှင့် လူလတ်တန်းစားများ နေ ထိုင်ရာ အရပ်ဒေသများကမူ ဒေါ်အောင် ဆန်းစုကြည် အုပ်ချုပ်မှုအပေါ် ထောက်ခံမှု လျော့နည်းသွားကြသည်။ ဤသို့ဖြစ်ရသည် က အုပ်ချုပ်မှုညံ့ဖျင်းမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှု နှေးကွေးမှုနှင့် ကာလရှည်ကြာ စွာ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်မှုနှင့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အမျိုး သားရေးမူဝါဒတို့ကြောင့် ဖြစ်သည်။

ပကတိအခြေအနေမှန်ကို သိနားလည် မှုသည် အတိုက်အခံနိုင်ငံရေးပါတီများကို ထောက်ခံမှုရရှိစေမည်ဟု ပြောဆိုမရနိုင် သေးပေ။ ဤအချက်သည် မြို့ကြီးများတွင်  တစ်စုံတစ်ရာ မှန်ကန်နေသည်။ အတိုက် အခံနိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီသည် လူကြိုက်မများသည် မှာ ယုံမှားဖွယ်မရှိပေ။

မည်သည့်ပါတီကို ပြည်သူလူထုက အ များဆုံး စိတ်ဝင်စားသလဲဟု ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)  က ကောက်ခံခဲ့သော ပြည်သူ့သဘောထားများ အရ ၃၉ ရာခိုင်နှုန်းက အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီကို ရွေးချယ်ခဲ့ကြပြီး ခုနစ်ရာ ခိုင်နှုန်းသာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ရွေးချယ်ခဲ့ကြသည်။ ပါတီ ၁၆ ခုအ နက် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီသည် ‘လူ ကြိုက်အနည်းဆုံးပါတီ’အဖြစ် ထိပ်ဆုံးမှ ရပ် တည်နေသည်။ တွေ့ဆုံမေးမြန်းခံရသူ ၂၁ ရာခိုင်နှုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ကို အဆိုးမြင်ထားကြသည်။ ကျန် ၁၅ ပါတီ ကို ထောက်ခံသူက ငါးရာခိုင်နှုန်းမှ ရှစ်ရာ ခိုင်နှုန်းရှိသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များစွာက အာဏာရှင်အစိုးရနှင့် အာဏာအလွဲသုံးစားလုပ် ခဲ့သော စစ်အစိုးရများသည် နိုင်ငံ၏ စီးပွား ရေးကို ကျဆင်းစေခဲ့ပြီး ပြည်သူလူထုကို ဆင်းရဲတွင်းနက်စေခဲ့သည်ဆိုသော အမြင် တွေ ပြည်သူတွေမှာ ရှိနေဆဲဖြစ်သည်။

သို့သော် ကောင်းမွန်သော ဒီမိုကရေစီ စနစ်မရရှိသေးဟူသော ပြည်သူတွေ ဆွဲကိုင် ထားကြလျက်ရှိသည်။ ရွေးကောက်ပွဲမဲ မထည့်ရေးလှုပ်ရှားမှု အွန်လိုင်းတွင် ပေါ် ပေါက်ခဲ့သည်။ လူမှုမီဒီယာတွင် ယင်းလှုပ် ရှားမှုအသံများ ထွက်ပေါ်လာခြင်းကြောင့် ထိပ်တန်းနိုင်ငံရေးသမားများ၊ ဒေါ်အောင် ဆန်းစုကြည်နှင့် ပါတီဒုတိယဥက္ကဋ္ဌ ဒေါက် တာဇော်မြင့်မောင်တို့က သူတို့၏ မဲဆွယ် စည်းရုံးမှုများတွင် မဲမထည့်ရေးလှုပ်ရှားမှု များကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေး ကောက်ပွဲ မဲမထည့်ရေး၊ သပိတ်မှောက်ရေး လုပ်ဆောင်သူများကို ဥပဒေကြောင်းအရ အရေးယူမည်ဟု ပြောကြားခဲ့သည်။ သို့ သော် ဤလှုပ်ရှားမှုသည် ရွေးကောက်ပွဲဥပ ဒေကို မည်သို့ချိုးဖောက်သလဲဆိုတာကို ကော်မရှင်အနေဖြင့် ရှင်းလင်းစွာ မဖော်ပြ နိုင်ပေ။ ဒေါ်အောင်ဆန်းစုကြည်က ရွေး ကောက်ပွဲ သပိတ်မှောက်ရေးစကားစစ်ထိုး ပွဲကို ပြောင်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“ဒါ မကြိုက်ဘူး၊ ဟိုဟာ မကြိုက်ဘူး ပြောတာတွေ၊ မဲမပေးရေး လုပ်ဆောင်တာ တွေဟာ အလွန်တရာ တာဝန်မဲ့တဲ့လုပ်ရပ် ဖြစ်တယ်” ဟု သြဂုတ်လအစောပိုင်းက အွန် လိုင်းမှတစ်ဆင့် အစိုးရအရာရှိကြီးများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြ ခဲ့သည်။

သြဂုတ် ၈ ရက်နေ့သည် ရှစ်လေးလုံး အရေးတော်ပုံ ၃၂ နှစ်မြောက် အထိမ်းအ မှတ်ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂက မဲမပေးရေး ကမ်ပိန်းကို စတင်ခဲ့သည်။ ဤကမ်ပိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂက  ထောက်ခံသည်က ဒေါ်အောင်ဆန်းစုကြည်  နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အ တွက်တော့ အလွန်ထိရောက်ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။

စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွှတ်တော်ထဲ တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင် ခွင့်ရနေသည့်အတွက် ပြင်ဆင်ရန်လိုနေ ကြောင်း၊ အခြေခံဥပဒေပြင်ဆင်မှသာလျှင်  ဒီမိုကရက်တစ်စံနှုန်းတွေနှင့်ညီမှာဖြစ် ကြောင်း၊ သို့ဖြစ်၍ အခြေခံဥပဒေအောက် တွင်ရှိနေသော ရွေးကောက်ပွဲကို သပိတ် မှောက်ဖို့ ကျောင်းသားများက တောင်းဆိုနေ ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးစားခဲ့ပေ မယ့် တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့သဖြင့် မအောင်မြင်ဘဲ ရှိနေခဲ့ သည်။

သိသာထင်ရှားသောအချက်တစ်ချက် မှာ မည်သည့်အဓိကပါတီကြီးကမှ ခွဲခြား ဆက်ဆံခံနေရသော တိုင်းရင်းသားများ အရေးနှင့်ပတ်သက်၍ ပြောင်ပြောင်တင်း တင်း ဝေဖန်မှုတွေ မရှိကြပေ။ ဘင်္ဂါလီမွတ် စလင်များ (မူရင်းဆောင်းပါးတွင် ရိုဟင်ဂျာ) အရေးကိုလည်း ထုတ်မပြောကြ။ မြန်မာ နိုင်ငံတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ) အရေအတွက် မှာ ခြောက်သိန်းခန့်ရှိနေပြီး သူတို့သည် ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေကြရပြီး သူတို့ မဲပေးခွင့်မရသလို ဝင်ရောက်ရွေးချယ်ခွင့် လည်း မရှိကြပေ။

“လက်ရှိအချိန်မှာ ကျွန်တော်တို့မှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ၂၀၁၅ ခုနှစ် တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ ပေါ် မျှော်လင့်ချက်ထားခဲ့တယ်” ဟု ဒုက္ခ သည်စခန်းတွင် နေထိုင်ခဲ့သူ ဘရိုက်အစ္စလမ် က ပြောသည်။ သူက ဘင်္ဂါလီ(ရိုဟင်ဂျာ) ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရမည်ဟု မျှော်လင့်ထားပေမယ့် ဤ ရွေးကောက်ပွဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ကြရသော ဘင်္ဂါလီ(ရိုဟင်ဂျာ)ဒုက္ခသည်တစ်သန်းအ တွက် ထူးခြားမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဘရိုက်အစ္စလမ်သည် စစ်အစိုးရက ဦးစီးကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူဖြစ်သည်။ သူနှင့်အတူ တခြား ဘင်္ဂါလီမွတ်စလင်(ရိုဟင်ဂျာ)တွေလည်း မဲ ပေးခဲ့ကြသည်။ သို့သော် သူတို့ကို ထိုစဉ်က သမ္မတဦးသိန်းစိန်သည် သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)က မဲပေးခွင့်မပြုခဲ့ပေ။ ယခုလည်း ဒေါ်အောင် ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက သူတို့ကို မဲပေးခွင့်မပြုပေ။

“ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ  မွတ်စလင် (ရိုဟင်ဂျာ) အရေးကို သူ တတ် နိုင်သလောက် ဖြေရှင်းပေးမယ်ပြောပါ တယ်။ ကျွန်တော်တို့ အများကြီး မျှော်လင့်နေ ပါတယ်။ ကျွန်တော်တို့ အနာဂတ်ဟာ တ ကယ်ပဲ မှောင်မိုက်နေပါတယ်”ဟု ရခိုင် ဇာတိ ဘရိုက်အစ္စလမ်က တမ်းတမ်းတတ ကြေကြေကွဲကွဲ ပြောလိုက်သည်။

Ref: Rony Wallace: No good or Safe Choices at Myanmar's Election

Most Read

Most Recent