ကမ္ဘာ့ရွှေစျေး ၁၉၂၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၁၂၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေစျေး ၁၉၂၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၁၂၀၀၀ ဝန်းကျင်ရှိနေ
ရန်ကုန်မြို့လယ်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 12 October 2020

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၉၂၅ ဒေါ်လာဝန်း ကျင်ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၁၂၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေရောင်း ဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်  ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့် တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက် တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက် တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက် တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့် နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်သစ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေး        နှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ကျပ် ၁၁၄၅၀၀၀-၁၁၉၄၀၀၀၊ မေတွင် ကျပ် ၁၁၆၉၅၀၀- ၁၂၃၆၀၀၀၊ ဇွန်တွင် ကျပ် ၁၂၀၇၅၀၀-၁၂၂၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၂၁၆၀၀၀-၁၃၀၂၀၀၀၊ သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀ ဖြစ်သည်။

Most Read

Most Recent