COVID-19 ကာလ ကုန်စည်စီးဆင်းမှု အခက်အခဲနှင့် ထိုးတက်လာသည့် အချို့သော အခြေခံ စားသောက်ကုန်စျေးနှုန်းများ

COVID-19 ကာလ ကုန်စည်စီးဆင်းမှု အခက်အခဲနှင့် ထိုးတက်လာသည့် အချို့သော အခြေခံ စားသောက်ကုန်စျေးနှုန်းများ
ဒလမြို့နယ်အတွင်း စျေးတစ်စျေးတွင် လူသူအသွားအလာရှင်းနေသည်ကို အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆုဆုတေဇ)
ဒလမြို့နယ်အတွင်း စျေးတစ်စျေးတွင် လူသူအသွားအလာရှင်းနေသည်ကို အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆုဆုတေဇ)
Published 11 October 2020
နီလာ

(၁)

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်က COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်း နှင့် ယင်းသည်လူ့အဖွဲ့အစည်းများနှင့်စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှု ရှိကြောင်း သတိပေးခဲ့သည်။

ရောဂါကူးစက်ပျံ့နှံမှု၏ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကွဲပြား ခြားနားမည်ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင် ခြေ အများဆုံးဖြစ်စေနိုင်သည်။

လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့်  အားနည်းသောအုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့်ပတ်သက်သော  ရိုက်ခတ်ချက်ကို သုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည်နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျ လုပ်ဆောင်ရန်နှင့်အားထုတ်မှု တစ်ရပ်၌ မည်သူမျှ နောက်ကျကျန်ရစ်ခြင်း မရှိစေရန်တို့အတွက် အခြေခံကျသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံမှု နှင့်ယင်းနှင့်ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသောစိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ် လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက် စေလျက်ရှိသည်။

COVID-19 ဒုတိယလှိုင်းဒဏ် မြန်မာနိုင်ငံက ခံနေရချိန်တွင် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

ရောဂါကူးစက်ခံရသူများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမှအပ ကျန်မြို့နယ်များကို Stay at Home မိမိ နေအိမ်တွင်သာ နေထိုင်ရန် အစီအစဉ် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြားဒေသအသီးသီးသို့ ကုန်စည်စီးဆင်းမှုမပြတ်လပ် စေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit များ ဖြင့် စစ်ဆေး၍ COVID-19 ကင်းစင် ကြောင်းလက်မှတ်ဖြင့် ကုန်စည်ပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ၏ အောက်တိုဘာ ၇ ရက်က ကုန်တင်ယာဉ် များ  သွားလာမှုနှင့်စပ်လျဉ်း၍ စံသတ်မှတ်ချက် (SOP) များ လိုက်နာရန်ထုတ်ပြန်ခဲ့ သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန် -မန္တလေးအမြန်လမ်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ဆက်သွယ်ဖောက် လုပ်ထားသောလမ်းများကို အသုံးပြု၍ သွား လာမည့်ကုန်တင်ယာဉ်အားလုံး အဆိုပါ SOP ကို စနစ်တကျလိုက်နာမှုရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်သည်။

(၂)

COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားသည့်အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကုန်စည်ဝင်ရောက်မှုမှာ ယခင်ကထက် လေးပုံသုံးပုံလျော့ကျကြောင်း ဘုရင့် နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်က  အောက်တိုဘာ ၂ ရက်ကပြောကြားခဲ့သည်။

“အသွားအလာတွေကန့်သတ်ထားတဲ့အတွက် ဘုရင့်နောင်ကို ကုန်အဝင်က လေး ပုံတစ်ပုံပဲရောက်တော့တာ။ လေးပုံသုံးပုံက လျော့သွားတာ။ အရင်တုန်းက ကုန်ကားက ဘုရင့်နောင်မှာ တစ်နေ့ကို ၁၀၀၀၊ ၁၂၀၀ နဲ့ ၁၃၀၀ လောက်ဝင်တယ်။ အခုက အစီး ၃၅၀ နဲ့  ၄၀၀ ကြားလောက်ပဲဝင်တော့တယ်။ အ များကြီးလျော့သွားတယ်” ဟုဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်က ဆိုသည်။

“တိုင်းနဲ့ပြည်နယ်မှာ သူတို့ဘက်ကထွက်တဲ့ကားတွေလည်း စစ်ပေးလိုက်၊ ရန်ကုန်ကလည်း စစ်ပေးလိုက်ပေါ့။ သူ့ဟာသူ လည် သွားတဲ့အချိန်ကျရင် ပြန်ကောင်းသွားမှာပါ။ကျွန်တော်မြင်တာက လာမယ့် တနင်္လာ၊ အင်္ဂါလောက်ဆိုရင်တော့ ကုန်တွေပြန်များ လာမယ်။ များလာရင်အခြေအနေပိုကောင်း သွားမှာပါ။ အာလူးကလည်း တစ်နေ့ ငါးစီးခြောက်စီးလောက်ပဲအဝင်ရှိတော့တယ်။ တရုတ် အာလူးက ၉၀၀ စျေးပဲ။ စျေးမတက် ဘူး။ အရင်တုန်းက ကြက်သွန်ဆိုရင် ၂၀၊၂၅၊ ၃၀၊ အာလူးဆိုရင် ၁၅ စီး၊ အစီး၂၀၊ ၂၅ ပေါ့ နော်။ အဲဒီတော့ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သို့သော်လည်း အောက်တိုဘာ ၁၀ ရက် ဝန်းကျင်ခန့်တွင် ဘုရင့်နောင်သို့ ကုန်ဝင် ရောက်မှုမှာ ယခင်ရက်ပိုင်းထက်များလာခဲ့သည်။ ယခင်က ကုန်အဝင်လေးပုံသုံးပုံအထိ လျော့ကျခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကုန်ကားအဝင်ပိုများလာခဲ့ကြောင်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

“ခုရက်ထဲတော့ ပြန်များလာပြီ။တစ် ဝက်လောက်တော့ ပြန်ဝင်လာပြီ။ ဥပမာ နှစ် ပုံတစ်ပုံလောက်ပဲလျော့တော့တယ်။ပြီးခဲ့တဲ့ တနင်္လာနေ့ထက် နည်းနည်းပိုဝင်လာတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ အောက် တိုဘာ ၂ ရက်တွင် ကြက်သွန်နီဆိတ်ဖြူရှယ်  တစ်ပိဿာ ကျပ် ၁၂၅၀၊ ဆိတ်ဖြူလတ် သန့် တစ်ပိဿာ ကျပ် ၁၂၀၀ နှင့်ဆိတ်ဖြူလတ် ချောတစ်ပိဿာ ကျပ် ၈၀၀ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ် တစ် ပိဿာ ကျပ် ၁၇၅၀၊အောင်ပန်းထူး-၃ တစ် ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်းထူး-၄ တစ် ပိဿာ ကျပ် ၁၉၀၀ နှင့်အောင်ပန်း ထူး-၅ တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိကြောင်း သိရ သည်။

အောက်တိုဘာ ၁ ရက်တွင် ကြက် သွန်နီဆိတ်ဖြူရှယ်  တစ်ပိဿာ ကျပ် ၁၂၀၀၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ကျပ် ၁၁၀၀ နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၁၀၀၀ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ်တစ်ပိဿာ ကျပ် ၁၈၅၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့် အောင်ပန်းထူး-၅ တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်က ကြက်သွန်နီ ဆိတ်ဖြူရှယ်  တစ်ပိဿာ ကျပ် ၈၅၀၊ ဆိတ် ဖြူလတ်သန့် တစ်ပိဿာ ကျပ် ၈၅၀ နှင့် ဆိတ် ဖြူလတ်ချော တစ်ပိဿာ ကျပ် ၅၅၀  စျေးရှိ သည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ် ရှယ်တစ်ပိဿာ ကျပ် ၁၈၅၀၊အောင်ပန်း ထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊အောင်ပန်း ထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့်အောင် ပန်း ထူး-၅တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိ သည်။

စက်တင်ဘာ ၁၄ ရက်က ကြက်သွန်နီ ဆိတ်ဖြူရှယ် တစ်ပိဿာ ၅၂၅ ကျပ်၊ ဆိတ် ဖြူလတ်သန့်တစ်ပိဿာ ၅၂၅ ကျပ်နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ၄၂၅ ကျပ် စျေးရှိသည်။  ကြက်သွန်ဖြူအနေဖြင့် ကြူ ကုတ်ရှယ်တစ်ပိဿာကျပ် ၁၈၅၀၊ အောင် ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင် ပန်းထူး-၄ တစ်ပိ ဿာ ကျပ် ၁၉၀၀ နှင့် အောင်ပန်းထူး-၅ တစ် ပိဿာ ကျပ် ၂၁၀၀ စျေးရှိခဲ့သည်။

အထူးသဖြင့် ကြက်သွန်နီစျေးနှုန်းများ မှာ စက်တင်ဘာ ၁၄ ရက်က ဆိတ်ဖြူရှယ် တစ်ပိဿာ ၅၂၅ ကျပ်၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ၅၂၅ ကျပ်နှင့်ဆိတ်ဖြူလတ်ချော တစ်ပိဿာ ၄၂၅ ကျပ်သာရှိခဲ့သော်လည်း  အောက်တိုဘာ ၁၀ ရက်တွင်  ဆိတ်ဖြူရှယ် တစ်ပိဿာ ကျပ် ၁၁၀၀၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ကျပ် ၁၁၀၀ နှင့်ဆိတ်ဖြူ လတ် ချောတစ်ပိဿာ ကျပ် ၈၀၀ အထိ စျေးတက် ခဲ့သည်။

(၃)

ဘုရင့်နောင်အခြေစိုက်ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများမှ ပြည်နယ်နှင့်တိုင်း ဒေသကြီးများသို့ ကုန်စည်သယ်ယူပို့ဆောင် ရာတွင် ရောဂါပြန့်ပွားမှုထိန်းချုပ်ရန် ကို ဗစ်ကော်မတီ၏စံနှုန်းသတ်မှတ်ချက်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လုပ် ဆောင်လျက်ရှိသည့် ကန့်သတ်မှုများက ကုန်စည်စီးဆင်းမှုအပေါ် ရိုက်ခတ်မှုများရှိ ခဲ့သည်။

Stay at Home နှင့် အသွားအလာကန့် သတ်မှုများပြုလုပ်ချိန်တွင် တစ်နေရာနှင့် တစ်နေရာသွားလာရေး၊ ကုန်သွယ်ရေးအ ခက်အခဲများကြောင့် ကုန်စည်အချို့ စျေးတက်လာခဲ့ကြောင်း စျေးကွက်အတွင်းမှစုံ စမ်းသိရှိရသည်။

“သိသိသာသာ စျေးတက်တာကတော့ ကြက်သွန်နီပဲ။ အခုဆိုရင် တစ်ပိဿာ ၁၅၀၀ ဖြစ်သွားပြီ။ Stay at Home မတိုင်ခင်လေးက ဝယ်တာ တစ်ပိဿာ ၁၀၀၀ ပဲ ရှိသေးတယ်။ နှစ်ပတ်လောက်အတွင်းမှာ တစ်ပိဿာ ငါးရာလောက်တက်သွားတယ်” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ၊ကာကွယ်တားဆီးထိန်းချုပ်နိုင် ရေးဆောင်ရွက်ရာ၌  Stay at Home သတ်မှတ်ထားသော မြို့နယ်များရှိ စျေးများ၌ ရောင်းချမည့် ကုန်စိမ်း၊ သားငါးများကို ကုန် စိမ်းနှင့် သားငါးဒိုင်များမှ အဆိုပါ မြို့နယ် များသို့ တိုက်ရိုက်အရောက်ပို့ဆောင်ပေးပြီး ဖြန့်ဖြူးရောင်းချမည်ဖြစ်ပြီး မြို့နယ်များ အတွင်း နေထိုင်သည့်စျေးရောင်းသူများမှလည်း မြို့နယ်ကျော်လွန်၍ သွားရောက်ယူ ဆောင်ခြင်းမပြုရန်ထုတ်ပြန်ထားသည်။

လတ်တလောတွင် အသား၊ငါးစျေးနှုန်း များနှင့်ပတ်သက်၍ သိသိသာသာမြင့်တက် ခြင်းမရှိခဲ့သော်လည်း အချို့သော ခရမ်းချဉ် သီးကဲ့သို့သော ကုန်စိမ်း၊ ဟင်းသီးဟင်းရွက် အချို့မှာ စျေးအနည်းငယ်မြင့်တက်ခဲ့သည်။

“အသီးအနှံတွေ စျေးကြီးတယ်။ခရမ်း ချဉ်သီးက ၃၀ သား ၁၀၀၀ ကျပ်ပေးရတယ်။ ကန်စွန်းရွက်ဆိုလည်း တစ်စည်း ၃၀၀ ပဲ။ ချဉ်ပေါင်ရွက်တစ်စည်းကို ၁၀၀၊ ၁၅၀၊ ကြက်ဟင်းခါးသီးဆိုရင် တစ်လုံးကို  ၂၀၀ က နေ ၃၀၀ အထိရှိတယ်။ ဒါပေမဲ့ လမ်းတွေ ထဲမှာ လှည်းတွေနဲ့ လိုက်ရောင်းနေတဲ့သူတွေ ကတော့ စျေးထဲမှာထက် စျေးနည်းနည်း တင်ရောင်းကြတယ်။ အပြင်မထွက်ချင်တဲ့ သူတွေကလည်း ကိုယ့်အိမ်ရှေ့လာရောင်း တာပဲ ဝယ်ကြပါတယ်။ လမ်းတွေထဲမှာ အ သားတွေငါးတွေ လိုက်ရောင်းကြတယ်။ အ သား၊ ငါးစျေးက မတက်ပါဘူး။ ဝက်သား ၁၀၀၀ စျေး၊ အမဲသား ၁၅၀၀-၁၆၀၀ စျေး” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ ဒေါ်သန်း သန်းက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်တွင်ဖြစ်ပေါ်ခဲ့ သည့် သား၊ ငါး၊ ပုစွန်စျေးနှုန်းများမှာ ကြက်သား CP (အကောင်လိုက်)တစ်ပိဿာလျှင်  ကျပ် ၄၅၀၀၊ ဝက်သား (ပေါင်သား) တစ် ပိဿာလျှင် ကျပ် ၁၀၀၀၀၊ အမဲသား (အရိုး လွတ်) တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊ဆိတ် သား (အရိုးလွတ်) တစ်ပိဿာလျှင် ကျပ် ၂၇၀၀၀၊ ငါးခူ (ရေချို^အလတ်စား) တစ် ပိဿာလျှင် ကျပ် ၁၅၀၀၀၊ ငါးကျည်း (အ လတ်စား) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၊ ငါးသလောက် (အကောင်လိုက်၊ အလတ်စား) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၊ ငါးကြင်း (အကောင်လိုက်^အလတ်စား) တစ်ပိဿာ လျှင် ကျပ် ၉၀၀၀၊ ငါးမြစ်ချင်း (အကောင် လိုက်^အလတ်စား) တစ်ပိဿာလျှင် ကျပ် ၆ဝဝဝနှင့် ပုစွန်တုပ် (လတ်^၁၃ စင်တီမီ တာ) တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ စျေးရှိ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှသိရသည်။

 

(၄)

၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် စားသုံးသူ စျေးဆနှုန်း (CPI)  ၁၆၂ ဒသမ ၀၅ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၈၄ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေ အရ သိရသည်။

ယခင်လနှင့် နှိုင်းယှဉ်ပါက သြဂုတ်လ တွင် အစားအစာအုပ်စု၊  အဝတ်အထည်အုပ် စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံး အဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စုနှင့် ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ ဆောင်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ် ကျေးမှုအုပ်စုနှင့် ပြင်ပအစားအသောက် အုပ်စုတို့ အနည်းငယ်မြင့်တက်လာပြီး အ ထွေထွေကုန်ပစ္စည်းအုပ်စုမှာ သိသာစွာမြင့် တက်ခဲ့သည်။ ပညာရေးအုပ်စုမှာ ပြောင်းလဲ မှုမရှိ တည်ငြိမ်နေပြီး ဆေးလိပ်နှင့် အဖျော် ယမကာအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စုတို့ မှာ ယခင်လကထက် ကျဆင်းနေသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် အစား အစာအုပ်စု၏စျေးဆနှုန်းမှာ ၁၇၄ ဒသမ ၇၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၃ ဒသမ ၅၇ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၆၆ ရာခိုင် နှုန်း မြင့်တက်လာခဲ့သည်။ ဆန် (ဧည့် မထ)၊ စားအုန်းဆီ၊ ဘဲဥ၊ ကြက်ဥ၊ ငါးခူနှင့် ငါးရံ့ခြောက်စျေးနှုန်းများ အသီးသီးမြင့် တက်လာခဲ့သော်လည်း မြေပဲဆီ၊ နှမ်းဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးရံ့နှင့် ငါး မြစ်ချင်းစျေးနှုန်းများ ကျဆင်းလာသည်။ စား ဖိုဆောင်သီးနှံများဖြစ်သော ကုလားပဲခြမ်း နှင့် ကြက်သွန်ဖြူစျေးနှုန်းတို့မှာ အသီးသီး ကျဆင်းလာသည်။ သို့သော် အာလူး၊ ကြက် သွန်နီနှင့် ရာသီပေါ်သီးနှံဖြစ်သော ဂေါ်ဖီ ထုပ်နှင့် ခရမ်းချဉ်သီးစျေးနှုန်းများ သိသိသာ သာမြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် အစား အစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄  ဖြစ်သဖြင့် ယခင်လအခြေ အနေ ၁၄၃ ဒသမ ၆၆ နှင့်နှိုင်းယှဉ်ပါက သုညဒသမ ၄၀ ရာခိုင်နှုန်းမြင့်တက်လာ သည်။ ယင်းအုပ်စုအတွင်းရှိ ရွှေစျေးနှုန်း၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းများမှာ ယခင် လထက် မြင့်တက်လာသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း မြန် မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေလဲ လှယ်နှုန်းများမှာ ယခင်လကထက် ငါးကျပ် ခန့်ကျဆင်းလျက်ရှိပြီး လွန်ခဲ့သောနှစ် အ လားတူကာလထက် ၁၄၁ ကျပ်ခန့်ကျဆင်း နေသည်။ သို့သော် ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ယခင်လကထက် အနည်းငယ်မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း အ ခြေခံစားသောက်ကုန်များတွင် ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများဖြစ်သော ကန် စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ပဲတောင့်ရှည်သီး စျေးနှုန်းများ မြင့်တက်လာသည်။ အလားတူ ရာသီပေါ်သီးနှံဖြစ်သော ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးစျေးနှုန်းများ သိသိသာသာမြင့် တက်လာပြီး စားဖိုဆောင်သီးနှံဖြစ်သော ကုလားပဲနှင့် ကြက်သွန်ဖြူစျေးနှုန်းများ ကျ ဆင်းလာသည်။ ဆီစျေးနှုန်း၊ ဥစျေးနှုန်း၊ ငါး ခူစျေးနှုန်း၊ ရွှေစျေးနှုန်းနှင့် လောင်စာဆီ  စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စား သုံးသူစျေးဆနှုန်း မှာ ယခင်လထက် အနည်း ငယ်မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခြောက်လဆက်တိုက်ပြန်လည် ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန် ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန် စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆို လိုခြင်းဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက် တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက် ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နို ဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ် (ခြောက် လဆက်တိုက်)တွင် ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ပျမ်း မျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation – Core Inflation) မှာ ၁၁ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။

၂၀၁၉ ခုနှစ် သြဂုတ်မှ ၂၀၂၀ ပြည့် နှစ် သြဂုတ်အထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း များကို လေ့လာပါက ၂၀၁၉ ခုနှစ် သြဂုတ် တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ရာမှတဖြည်း ဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့် နှစ် ဖေ ဖော်ဝါရီတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ် ပေါ်ခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19ကူး စက်ရောဂါ သက်ရောက်မှုကြောင့် ဝယ်လိုအားလျော့ ကျလာပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ပျမ်း မျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာ ခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကု သရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အခြေခံရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်စသည့်အခြေခံရိက္ခာ လိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့  ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်ကုန်သည်အသင်းအဖွဲ့များ၏ လက်ဝယ်တွင်အခြေခံ ရိက္ခာ ပြည့်စုံစွာရှိသည့်အတွက် လက်ရှိ COVID-19ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက် သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေ ခံရိက္ခာ ပြည့်စုံလုံလောက်စွာ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှုမရှိစေလို ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများမှကုန်စည် များဝင်ရောက်သကဲ့သို့ ရန်ကုန်တိုင်းဒေသ ကြီးမှလည်း အခြားပြည်နယ်နှင့်တိုင်းဒေသ ကြီးများသို့ ကုန်စည်များဖြန့်ဖြူးလျက်ရှိ ကြောင်း၊ လုပ်ငန်းများဆိုင်ရာများပြားသည့် အတွက် အားနည်းချက်၊ချို့ယွင်းချက်များ ရှိသော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်း ဖြေ ရှင်းနိုင်ခဲ့ကြောင်း ၎င်းင်းက ဆက်လက်ပြော ကြားသည်။

ကိုဗစ်သည် ဒုတိယလှိုင်း၊တတိယလှိုင်း  စသဖြင့် ကူးစက်ပျံ့နှံမှုလှိိုင်းများ ရပ်တန့်မှု မရှိဘဲ နိုင်ငံအနှံ့အပြားတွင် ပြည်သူများကို ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လည်း ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုး ကူး စက်ပျံ့နှံ့မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေး ဘဲ နေ့စဉ်နှင့်အမျှ ရောဂါပိုးကူးစက်ခံရသူ နှင့် သေဆုံးနှုန်းမြင့်တက်လျက်ရှိနေသေး သည်။

COVID-19မပြန့်ပွားရေး အရေးကြီး သကဲ့သို့ ယင်းလုပ်ငန်းစဉ်များ ရှည်ကြာလာ သည်နှင့်အမျှ လူထူ၏ စားဝတ်နေရေးအ ကျပ်အတည်းအပေါ် သက်ရောက်မှုသည် လည်း ကြီးထွားလာနိုင်သည်မှာ အမှန်ပင် ဖြစ်နေသည်။ထို့ကြောင့် နိုင်ငံတကာတွင် လည်း ကို ဗစ်ထိန်းချုပ်တားဆီးရေးလုပ်ငန်း စဉ်တွင် ပြည်သူတို့၏ လူမှုစီးပွားဖြစ်လာနိုင် ခြေများကိုပါ ထည့်သွင်းတွက်ချက်၍ ကြို တင်စီမံ လုပ်ဆောင်ကြခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ COVID-19  ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရာ၌ ကန့် သ တ်ချက်စည်းမျဉ်းများနှင့်အတူ လူထု၏ စား ဝတ်နေရေးအပေါ် သက်ရောက်နိုင်မှုအား လည်း မလွဲမသွေထည့်သွင်းတွက်ချက်ထား ရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကိုဗစ်တိုက်ဖျက်ရေးသည် တာတိုအပြေးပြိုင်ပွဲကဲ့သို့ မဟုတ်ဘဲ ရေရှည်သက်ရောက်နိုင်သောကြောင့် ဖြစ်ပေသည်။                         

Most Read

Most Recent