၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ ၁၁ လအတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၀၃၅ ဒသမ ၉၂၁ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၂၉၂ ဒသမ ၇၄ အထိ ထုတ်လုပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ ၁၁ လအတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၀၃၅ ဒသမ ၉၂၁ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၂၉၂ ဒသမ ၇၄ အထိ ထုတ်လုပ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
Published 4 October 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ ၁၁ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၀၃၅ ဒသမ ၉၂၁ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၂၉၂ ဒသမ ၇၄ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ၊ ဇူလိုင် တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် သြဂုတ်တွင် ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်တွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန်တွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စ၊ ဇူလိုင်တွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စနှင့် သြဂုတ်တွင် ၁၂ ဒသမ ၆၈၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁  ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ ၈၀၀ ထရိုင်အောင်စ၊ ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စနှင့် သြဂုတ်တွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စဖြင့် စုစုပေါင်း ၇၀၃၅ ဒသမ ၉၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်လုပ်ကွက်အပါအဝင် ဓာတ်သတ္တုထုတ်လုပ်ရန် ၁၁၉၆ ကွက်အထိ ခွင့်ပြုမိန့်ထုတ်ပေးထားပြီး အသေးစားလုပ်ကွက် ၇၄၀ ကျော်အထိ ပါဝင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင်လကုန်အထိ ဓာတ်သတ္တုတူးဖော်ရန် လုပ်ကွက် ၁၁၉၆ ကွက် ခွင့်ပြုမိန့်ထုတ်ပေးထားမှုတွင် အကြီးစားလုပ်ကွက် ၁၄၄ ကွက်၊ အလတ်စားလုပ်ကွက် ၁၂၇ ကွက်၊ အသေးစားလုပ်ကွက် ၇၄၇ ကွက်၊ စမ်းသပ်လုပ်ကွက် ၁၂၅ ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် ၅၃ ကွက် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent