မန်ယူကွင်းလယ်လူ ပယ်ရဲရားကို လာဇီယိုအသင်း စိတ်ဝင်စား

မန်ယူကွင်းလယ်လူ ပယ်ရဲရားကို လာဇီယိုအသင်း စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 28 September 2020

လာဇီယိုအသင်းသည် မန်ယူအသင်းကွင်းလယ်လူ ပယ်ရဲရားကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း နာမည်ကျော်အပြောင်းအရွှေ့ဂျာနယ်လစ် ဒီမာဇီယိုနှင့် ရိုမာနိုတို့က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မန်ယူအသင်းသို့ ဗန်ဒယ်ဘိခ် ရောက်ရှိလာခဲ့ပြီးနောက် ပယ်ရဲရား၏ အနာဂတ် ပိုမိုလှုပ်ခတ်လာခဲ့ပြီး ပွဲထွက်ကစားခွင့်ရရှိရန်လည်း အခွင့်အရေးနည်းပါးလာခဲ့သည်။

လာဇီိယိုုအသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီသည် အသင်း၏ ကွင်းလယ်ပိုင်းကို အားဖြည့်ရန်စိတ်ဝင်စားနေပြီး တိုက်စစ်မှူး အီမိုဘီလီကို ဖန်တီးပေးမှုများပြုလုပ်ပေးနိုင်မည့်သူအဖြစ်  ပယ်ရဲရားအား မျှော်လင့်ထားသည်။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူ ပယ်ရဲရားသည် မန်ယူအသင်းအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ဂရန်နာဒါနှင့် ဗလင်စီယာအသင်းများတွင် အငှားသွားကစားဖူးသူဖြစ်သည်။

ပြီးခဲ့သည့်ရာသီတွင် ပယ်ရဲရားသည် ပွဲပေါင်း (၄၀) ကျော် ကစားခွင့်ရခဲ့ပြီး (၂)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ခဲ့သည်။

Most Read

Most Recent