အင်တာမီလန်သို့ ဗီဒယ်လ် ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဘာစီလိုနာအားကစားဒါရိုက်တာ အတည်ပြု

အင်တာမီလန်သို့ ဗီဒယ်လ် ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဘာစီလိုနာအားကစားဒါရိုက်တာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 17 September 2020

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ရေမွန်ပလာနက်စ်က အင်တာမီလန်သို့ ဗီဒယ်လ် ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အပြောင်းအရွှေ့၏ ကိန်းဂဏန်းအတိအကျကိုမူ မထုတ်ဖော်လိုကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဗီဒယ်လ်သည် ဘာစီလိုနာအသင်း၏ ဟင်နက်စတစ်နှင့် ခြေစမ်းပွဲ လူစာရင်းတွင် မပါဝင်ခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းများကတည်းက အင်တာမီလန်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသူဖြစ်သည်။

ပလာနက်စ်က ဗီဒယ်လ်၏ အပြောင်းအရွှေ့ကိစ္စမှာ မပြီးပြတ်သေးသော်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပလာနက်စ်က ''ဗီဒယ်လ် ထွက်ခွာဖို့က ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဗိုင်းရပ်စ်ရိုက်ခတ်မှုခံထားရတဲ့ ဒီစျေးကွက်မှာ ကန့်သတ်ချက်တွေနဲ့ လှုပ်ရှားနေရတာပါ။ ဒီအခွင့်အရေးကနေပဲ ဗီဒယ်လ်ကို အသင်းမှာ ကြိုးစားခဲ့တာတွေအတွက် ကျေးဇူးတင်စကားပြောလိုပါတယ်။ သူက နှလုံးသားလှတဲ့သူပါ။ အပြောင်းအရွှေ့က အပြီးတော့ မသတ်သေးပါဘူး။ ဒီက ကိန်းဂဏန်းတွေအကြောင်းလည်း ကျွန်တော် မပြောပြနိုင်ပါဘူး''  ဟု ပြောကြားခဲ့သည်။

ဗီဒယ်လ်သည် ဘာစီလိုနာအသင်းအတွက် (၉၆)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၁၁)ဂိုးသွင်း၊ (၁၀)ကြိမ် ဂိုးဖန်တီးပေးခဲ့သည်။

အသက်(၃၃)နှစ်အရွယ် ချီလီဝါရင့်ကွင်းလယ်လူသည် အင်တာမီလန်အသင်း၌ ဆရာဟောင်းဖြစ်သူ ကွန်တီနှင့် ပြန်လည်လက်တွဲရမည်ဖြစ်သည်။

 

Most Read

Most Recent