တိုက်စစ်မှူး ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၀ ရရှိမှ PSG အသင်း လက်လွှတ်ဖွယ်ရှိနေ

တိုက်စစ်မှူး ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၀ ရရှိမှ PSG အသင်း လက်လွှတ်ဖွယ်ရှိနေ
Photos: Getty Images,AFP
Photos: Getty Images,AFP
Published 15 September 2020

PSG အသင်းသည် အသင်းမှ ပြင်သစ် လူငယ်တိုက်စစ်မှူး ဘာပေအတွက် ပြောင်း ရွှေ့ကြေး ယူရို သန်း (၃၀၀) ဝန်းကျင် အလို ရှိနေပြီး ယင်းပမာဏဖြင့်ကမ်းလှမ်းလာလျှင် အသင်းမှ ထွက်ခွာခွင့်ပေးဖွယ်ရှိကြောင်း သိ ရသည်။ 

(၂၁) နှစ်အရွယ်သာရှိသေးသူ ဘာပေ ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်း အများအပြားက စိတ်ဝင်စားနေပြီး ရီးယဲလ် မက်ဒရစ်အသင်းမှာမူ သတင်းအထွက်ဆုံး ဖြစ်နေသည်။ 

သို့သော် ဘာပေ၏ပြောင်းရွှေ့ကြေးအ တွက် PSG အသင်း အလိုရှိသည့်ပမာဏမှာ မြင့်မားနေသောကြောင့် ခေါ်ယူလိုသည့် အသင်းများအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ရန် မလွယ်ကူနိုင်ကြောင်း The Sun သတင်းစာ က ဖော်ပြခဲ့သည်။ 

ယင်းပမာဏသည် မန်စီး တီးအသင်းအပါအဝင် ဥရောပထိပ်တန်းအ သင်းများအတွက် ပေးချေရန် မဖြစ်နိုင်ဟု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။ ဘာပေသည် PSG အသင်းနှင့်ချုပ်ဆိုထား သည့်စာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘာပေကို လာမည့်နှစ်နွေရာ သီတွင် ပြောင်းရွှေ့ကြေး ယူရို သန်း (၁၀၀) ဖြင့် ခေါ်ယူသွားရန် စီစဉ်နေပြီး ယင်းကမ်းလှမ်းမှု ကို PSG အသင်းက လက်မခံလျှင် ဘာပေ၏ စာချုပ်သက်တမ်းကုန်ဆုံးချိန်ရောက်မှ လက် မှတ်ထိုးကြေး အမြောက်အမြားပေးကာ စာ ချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။

ဘာပေသည် PSG အသင်းတွင် စာချုပ် သက်တမ်းကုန်ဆုံးသည်အထိ ကစားလိုခြင်း မရှိဘဲ လာမည့်နှစ်နွေရာသီတွင် ထွက်ခွာ ခွင့်ပြုရန် အသင်းတာဝန်ရှိသူများထံ တောင်း ဆိုထားကြောင်း စပိန်အားကစားသတင်းစာ က Marca က ဖော်ပြခဲ့သည်။ AS သတင်း တွင် ဘာပေသည် တစ်နိုင်ငံတည်းသား ဇီဒန်း ကို လေးစားနှစ်သက်ခြင်းကြောင့် ရီးယဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့လိုနေသည်ဟု ရေးသားထားသည်။

Most Read

Most Recent