မီလစ်ခ်အတွက် စျေးနှုန်းကို နာပိုလီ လျှော့ချ

မီလစ်ခ်အတွက် စျေးနှုန်းကို နာပိုလီ လျှော့ချ
Photo: Romapress
Photo: Romapress
Published 15 September 2020

နာပိုလီအသင်းသည် တိုက်စစ်မှူး မီလစ်ခ်အတွက် သတ်မှတ်စျေးနှုန်းကို  လျှော့ချပေးခဲ့ပြီး ဝယ်ယူမည့်အသင်းကို ဆက်လက်စောင့်ဆိုင်းနေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

မီလစ်ခ်သည် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး နာပိုလီအသင်းကလည်း သင့်တော်သည့်စျေးနှုန်း ရရှိပါက ရောင်းချမည်ဟု အတည်ပြုထားသည်။

ရိုးမားအသင်းသည် မီလစ်ခ်အတွက် အွန်ဒါ+ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မီလစ်ခ်က မပြောင်းရွှေ့လို၍ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည်။

မီလစ်ခ်သည် ဂျူဗင်တပ်စ်အသင်းထံသို့သာ ပြောင်းရွှေ့လိုနေပြီး သူ၏ရည်ရွယ်ချက်အတိုင်း မဖြစ်လာပါက နာပိုလီအသင်းတွင် ဆက်နေဖွယ်ရှိနေသည်။ 

Most Read

Most Recent