ဒူးဂလပ်စ်ကော်စတာကို ဂျူဗင်တပ်စ် ရောင်းချမည်

ဒူးဂလပ်စ်ကော်စတာကို ဂျူဗင်တပ်စ် ရောင်းချမည်
Photo: Getty Images
Photo: Getty Images
Published 15 September 2020

ဂျူဗင်တပ်စ်အသင်းသည် ဘရာဇီးလ်တောင်ပံကစားသမား ဒူးဂလပ်စ်ကော်စတာကို ယခုအပြောင်းအရွှေ့အတွင်း ရောင်းချရန် စီစဉ်နေသည်ဟု Goal.com က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဒဏ်ရာများနှင့် ရုန်းကန်နေရသော ကော်စတာကို စိတ်ကုန်လျက်ရှိနေပြီး ကမ်းလှမ်းမည့်အသင်းကို စောင့်ဆိုင်းနေကြောင်း သိရသည်။

ကော်စတာသည်  ဂျူဗင်တပ်စ်အသင်း၌ ကစားစဉ် ရာသီတိုင်းတွင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အတွက် (၂၁) ပွဲ လွဲချော်ခဲ့သည်။

လက်ရှိတွင်လည်း ပြီးခဲ့သည့်ရာသီကုန်၌ ရရှိခဲ့သည့် ပေါင်ကြွက်သားဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်ဦးမည်ဖြစ်သည်။

ကော်စတာ၏ အေးဂျင့်ကလည်း ၎င်းအား ရောင်းချရန် ပရီးမီးယားလိဂ်အသင်းများနှင့် ချိတ်ဆက်နေသည်။

ကော်စတာအား ခေါ်ယူရန် ဥရောပအသင်းများက စိတ်ဝင်စားခြင်းမရှိဘဲ ယူအေအီးကလပ်များကမူ ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း Goal.com က ဖော်ပြခဲ့သည်။

Most Read

Most Recent