လူငယ်ကစားသမားများဖြစ်သည့် ပတ်ဒရီနှင့် ထရင်ချာအိုတို့မှာ ဘာစီလိုနာ၏ အကောင်းဆုံးခေါ်ယူမှုများဖြစ်သည်ဟု ရော်နယ်လ်ကိုးမန်း ချီးကျူး

လူငယ်ကစားသမားများဖြစ်သည့် ပတ်ဒရီနှင့် ထရင်ချာအိုတို့မှာ ဘာစီလိုနာ၏ အကောင်းဆုံးခေါ်ယူမှုများဖြစ်သည်ဟု ရော်နယ်လ်ကိုးမန်း ချီးကျူး
Published 15 September 2020

လက်ရှိတွင် ယင်းကစားသမား (၂)ဦးစလုံးမှာ ဘာစီလိုနာအသင်းကြီးနှင့်အတူ ပူးပေါင်းနေပြီဖြစ်ပြီး ကိုးမန်းက အသင်းအနေဖြင့် အကောင်းဆုံးခေါ်ယူမှုများကို ပြုလုပ်ထားနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ရော်နယ်လ်ကိုးမန်းက အသင်းမှ ခေါ်ယူထားသည့် လူငယ်ကစားသမား (၂)ဦးဖြစ်သော ပတ်ဒရီနှင့် ထရင်ချာအိုတို့မှာ အသင်းအတွက် အကောင်းဆုံးခေါ်ယူမှုများဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် စပို့တင်းဘရာဂါအသင်း၏ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ထရင်ချာအို (၂၀ နှစ်)အား ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ယူရို(၃၁)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ 

ထို့အတူ လက်စ်ပါမားစ်အသင်း၏ စပိန်ယူ-၂၁ ကွင်းလယ်တိုက်စစ်ကစားသမား ပတ်ဒရီ (၁၇ နှစ်)ကိုလည်း ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကတည်းက ယူရို (၅)သန်းဖြင့် ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ယင်းကစားသမား (၂)ဦးစလုံးမှာ ဘာစီလိုနာအသင်းကြီးနှင့်အတူ ပူးပေါင်းနေပြီဖြစ်ပြီး ကိုးမန်းက အသင်းအနေဖြင့် အကောင်းဆုံးခေါ်ယူမှုများကို ပြုလုပ်ထားနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးမန်းက "ပတ်ဒရီဟာ မြင့်မားတဲ့အရည်အသွေးရှိသူပါ။ သူ့ရဲ့အသက်ဟာ လက်ရှိမှာ (၁၇)နှစ်ပဲရှိသေးပြီး အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့ ခေါ်ယူမှုလည်းဖြစ်ပါတယ်။ ထရင်ချာအိုရဲ့ အရည်အသွေးကိုလည်း ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ အမြန်နှုန်းနဲ့ ဟန်ချက်ညီစွာ ကစားနိုင်မှုက သူ့မှာရှိတဲ့ အရည်အသွေးပါပဲ။ ထရင်ချာအိုကလည်း အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုပါ။ လက်ရှိမှာ ကျွန်တော်တို့တစ်သင်းလုံး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent