ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 12 September 2020

ဖူလ်ဟမ် - အာဆင်နယ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်၊ ညနေ ၆:၀၀ နာရီ)

အာတီတာက FA ဖလားအောင်မြင်မှု၊ ကွန်မြူနတီဒိုင်း အောင်မြင်မှုတွေအတွက် အူဘာမီယန်းကို ကျေးဇူးတင်သင့်တယ်ဆိုပေမယ့် သူ့ရဲ့ Tactical Performance ကလည်း မဖြစ်မနေ ချီးကျူးရမယ့်ကိစ္စဖြစ်တယ်။ ဒီရာသီ အာဆင်နယ်ကို စောင့်ကြည့်ချင်စရာကောင်းတာက နိုင်သင့်တဲ့ပွဲတွေကို သူတို့ ဘယ်လိုကစားမလဲ၊ ဒီအသင်းက အသင်းကြီးတွေနဲ့ တွေ့တဲ့အချိန်မှာ Off The Ball Movement တွေကို ကောင်းကောင်းကစားပြီး အလုပ်ဖြစ်နေရုံလား။ ကိုယ်က အသာစီးက ကစားပြီး ဂိုးတွေသွင်းဖို့အတွက် လုံလောက်တဲ့အရည်အသွေး ရှိလားဆိုတဲ့အပိုင်းဖြစ်တယ်။ ဖူလ်ဟမ်က မီထရိုဗစ်နဲ့အတူ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေနဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး အခုအချိန်အထိတော့အားရစရာကောင်းတဲ့ ပြင်ဆင်မှုတွေကို မတွေ့ရသေးဘူး။ ဒီအခြေအနေက တန်းဆင်းဇုန်ကို ဦးတည်ပါတယ်။ အာဆင်နယ်အတွက်လည်း ဖူလ်ဟမ်နဲ့ စတွေ့ တာ ကျေနပ်စရာပါ။ နိုင်ပွဲနဲ့ တာထွက်နိုင်ပါလိမ့်မယ်။ 

ခရစ္စတယ်ပဲလေ့စ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်၊ ည ၈:၃၀ နာရီ)

ဟာဆန်ဟူတယ်လ်က သူ့အသင်းကို ဘာထပ်လုပ်နိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရမယ်။ အားထားရတဲ့ ကွင်းလယ်လူ ဟူဘယက်ထွက်သွားတာက ကွင်းလယ်ကိုအားနည်းစေပေမယ့် ပြန်အစားထိုးနိုင်တဲ့ ကစားသမားတွေရှိတယ်။ ပဲလေ့စ်က မနှစ်က တိုက်စစ်ပြဿနာတက်ခဲ့ပြီး အခုအချိန်အထိလည်း ရည်မှန်းချက်ကြီးတဲ့ ပြင်ဆင်မှု၊ အားဖြည့်မှုမတွေ့ရဘူး။ ဆောက်သမ်တန်ကို ပိုကြိုက်တယ်။ 

လီဗာပူးလ် - လိဒ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်၊ ည ၁၁:၀၀ နာရီ)

လီဗာပူးလ်က ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကြယ်ပွင့်တွေ မှန်ကန်စွာ ပေါင်းစပ်ထားတဲ့အတွဲအဖက်မျိုးဖြစ်တယ်။ ရာသီကြို ကွန်မြူနတီပြိုင်ပွဲမှာ အာဆင်နယ်ကို ရှုံးခဲ့ပြီး အကောင်းဆုံးပုံစံကို မပြနိုင်သေးပေမယ့် အခုအချိန်မှာ အဆင်သင့်ဖြစ်လောက်ပါပြီ။ အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ ကွင်းလယ်လူ ချိန်ဘာလိန်တို့ မကစားနိုင်သေးဘူး။  လိဒ်စ်က တိုက်စစ်ပိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ ရိုဒရီဂိုနဲ့ ပြီးခဲ့တဲ့ ရာသီတုန်းက ဂိုးအများဆုံးသွင်းခဲ့တဲ့ ဘမ်းဖို့ဒ်တို့ကို တွဲသုံးနိုင်တယ်။ ကွင်းလယ်မှာလည်း ဘီယဲလ်ဆာလက်ထက်မှာ လွွှမ်းမိုးမှုအကြီးဆုံးကစားသမားဖြစ်တဲ့ စပိန်ကစားသမား ဟာနန်ဒက်ဇ်က ဦးဆောင်လိမ့်မယ်။ လိဒ်စ်က လာမယ့်ရာသီမှာ စောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်လာမှာပါ။ ဒါပေမဲ့ လီဗာပူးလ်အတွက် ရာသီအဖွင့်ပွဲက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အရေးကြီးတဲ့ပွဲမျိုးဖြစ်နေတယ်။ ဒီလိုအခြေအနေတွေက ဖိအားရော၊ တွန်းအားရော ဖြစ်သွားတတ်ပေမယ့် လီဗာပူးလ်က ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ လီဗာပူးလ်နိုင်မယ်။ 

ဝက်စ်ဟမ်း - နယူးကာဆယ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၃ ရက်၊ နံနက် ၁:၃၀ နာရီ)

စိတ်ဝင်စားစရာကောင်းတဲ့ပွဲပါ။ ဝက်စ်ဟမ်းရဲ့မနှစ်က ရာသီပိတ်ရလဒ်နဲ့ ခြေစွမ်းက အားရစရာကောင်းပြီး၊ ဒီရာသီမှာ အရှိန်ရလာနိုင်တယ်လို့ ယူဆရတယ်။ နယူးကာဆယ်ကလည်း ဒီရာသီမှာ အားကောင်းတဲ့ ပြင်ဆင်မှုတွေလုပ်ထားပြီး ကာလမ်ဝီလ်ဆင်၊ ဖရေဇာ၊ ဂျမားလ်လူးဝစ်တို့က အသင်းကို ပိုတောင့်တင်းလာစေမှာသေချာတယ်။ တိုက်စစ်အားပြိုင်မယ့်ပွဲမျိုးဖြစ်နိုင်ပြီး နယူးကာဆယ် သရေတော့ ကစားနိုင်လိမ့်မယ်ထင်တယ်။ 

Most Read

Most Recent