ရီးယဲလ်တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား

ရီးယဲလ်တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား
Photo: X
Photo: X
Published 5 April 2024

အာဆင်နယ်အသင်းသည် ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ရိုဒရီဂို(၂၃ နှစ်)သည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၀၇)ပွဲကစားကာ (၅၂)ဂိုး သွင်းယူပေးထားသူဖြစ်ပြီး PSG တိုက်စစ်မှူး ဘာပေ အသင်းသို့ ရောက်ရှိလာပါက နေရာပျောက်ဖွယ်ရှိနေသူဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်အသင်းတွင် အနာဂတ်မရေမရာဖြစ်နေသည့် ရိုဒရီဂိုကို အာဆင်နယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်ကြောင်း သိရသည်။

ရိုဒရီဂိုကို ခေါ်ယူရန် လီဗာပူးလ်၊ မန်ယူနှင့် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent