လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 September 2020

အီဘာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်၊ ည ၈:၃၀ နာရီ)



ဒီ(၂)သင်းထဲမှာ ဆယ်လ်တာဗီဂိုက ပြီးခဲ့တဲ့ရာသီသိမ်းခါနီးမှာ အရှိန်ရလာသလိုတွေ့ရပြီး အီဘာကတော့ ခြေမှန်မှန်းရခက်တဲ့အသင်းစာရင်းထဲမှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ အီဘာဟာ အိမ်ကွင်းပွဲတွေဆိုရင်တော့ ရဲရဲတင်းတင်းနဲ့ ပိုပြီးစုဖွဲ့ကစားနိုင်လေ့ရှိတာက အားသာမှုလိုဖြစ်နေနိုင်တယ်။ ဆယ်လ်တာဗီဂိုကလည်း တိုးတက်မှုပြလာပေမယ့် အနားပေးကာလမှာ အရှိန်တန့်သွားနိုင်တယ်။ ဒါ့အပြင် ရာသီအစ အဝေးကွင်းပွဲစဉ်ဖြစ်နေလို့လည်း ဆယ်လ်တာဗီဂိုတို့ ထင်တိုင်းပေါက်ဖို့ မလွယ်ကူနိုင်ပါဘူး။ အဖွင့်လှအောင်ကြိုးစားမယ့် အိမ်ရှင်အီဘာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ဂရန်နာဒါ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်၊ ည ၁၁:၀၀ နာရီ)



ပြီးခဲ့တဲ့ရာသီအဆုံးသတ်ပိုင်းမှာ ဂရန်နာဒါက ပိုပြီးခြေစွမ်းပြနိုင်ခဲ့သလိုပဲ။ ရလဒ်ပိုင်း အတက်အကျအနည်းငယ်ရှိပေမယ့် အဆုံးသတ်ပိုင်းမှာ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် လုပ်ပြထားနိုင်ခဲ့တယ်။ ဒါကြောင့် ဂရန်နာဒါရဲ့ ရာသီကြိုပြင်ဆင်မှုအားက ပြည်တွင်း၊ ပြည်ပပြိုင်ပွဲ (၂)ခုကြား အသင့်ဖြစ်အောင် ပိုအားထုတ်ထားလိမ့်မယ်။ ဘီလ်ဘာအိုကတော့ ထုံးစံအတိုင်း ပြင်ဆင်မှုမရှိသေးဘူး။ အိမ်ရှင်ဂရန်နာဒါနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။

ကာဒစ်ဇ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၃ ရက်၊ နံနက် ၁:၃၀ နာရီ)



ဆီဂန်ဒါမှာ ဒုတိယရပြီး လာလီဂါကိုရောက်လာပေမယ့် ကာဒစ်ဇ်ရဲ့ခြေစွမ်းကို မျှော်လင့်ထားလို့ မရသေးဘူး။ အိုဆာဆူ နာကတော့ တိုက်စစ်ပိုင်း တိုးတက်မှုလည်းပြနေတယ်။ အဝေး ကွင်းပေမယ့် အိုဆာဆူနာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

Most Read

Most Recent