ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်း ဦးဆောင်နေပြီးအသုံးစရိတ်အများဆုံး ထိပ်ဆုံးငါးသင်းတွင် လိဒ်စ်၊ အဲဗာတန်နှင့် ဝုလ်ဗ်အသင်းများ ပါဝင်လျက်ရှိ

ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်း ဦးဆောင်နေပြီးအသုံးစရိတ်အများဆုံး ထိပ်ဆုံးငါးသင်းတွင် လိဒ်စ်၊ အဲဗာတန်နှင့် ဝုလ်ဗ်အသင်းများ ပါဝင်လျက်ရှိ
Photos : Getty Images
Photos : Getty Images
Published 9 September 2020

လက်ရှိစျေးကွက်တွင် ပြီးခဲ့သည့်နှစ်က အပြောင်းအရွှေ့ပိတ်ပင်ခံရသည့် ချယ်လ်ဆီးအသင်း၏ငွေသုံးမှုကို မည်သည့်အသင်းမျှ မယှဉ်နိုင်ဖြစ်ခဲ့ရပြီး ထပ်မံဝယ်ယူမည့်သတင်း အချို့လည်း ထွက်ပေါ်နေကြောင်း သိရသည်။ 

ယခုနွေရာသီ ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်း ဦးဆောင်နေပြီး ကစားသမားဝယ်ယူမှုအသုံးစရိတ်အများဆုံး ထိပ်ဆုံးငါးသင်းတွင် Big Six စာရင်းဝင် အသင်းများကိုကျော်လွန်ကာ လိဒ်စ်၊ အဲဗာတန်နှင့် ဝုလ်ဗ်အသင်းများ ပါဝင်လျက်ရှိသည်။

လက်ရှိစျေးကွက်တွင် ပြီးခဲ့သည့်နှစ်က အပြောင်းအရွှေ့ပိတ်ပင်ခံရသည့် ချယ်လ်ဆီးအသင်း၏ငွေသုံးမှုကို မည်သည့်အသင်းမျှ မယှဉ်နိုင်ဖြစ်ခဲ့ရပြီး ထပ်မံဝယ်ယူမည့်သတင်း အချို့လည်း ထွက်ပေါ်နေကြောင်း သိရသည်။ 

မန်စီးတီးအသင်းမှာ ပေါင် သန်း ၇၀ နီးပါး အသုံးပြုထားသော်လည်း ဂျူဗင်တပ်စ်နှင့် လူငယ်ကစားသမားချင်း လဲလှယ်မှုကို ငွေပမာဏကို ထည့်သွင်းထားပြီး နာသန်အကီ၊ ဖယ်ရန်တောရက်စ် နှစ်ဦးအတွက်ကုန်ကျမှုမှာ ပေါင် သန်း ၆၀ ဝန်းကျင်သာရှိခဲ့သည်။ အပြောင်း အရွှေ့စျေးကွက်တွင် အများစုသတိထားမိနေသည့် အသင်းနှစ်သင်းမှာ အဲဗာတန်နှင့် နယူးကာဆယ်အသင်းများဖြစ်သည်။ 

အဲဗာတန်အသင်းက အယ်လန်(ပေါင် ၂၂ သန်း)နှင့်  ဟာမီးစ်ရိုဒရီဂွက်ဇ်(ပေါင် သန်း ၂၀)ကို ခေါ်ယူထားပြီး ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကူဟေကိုလည်း ပေါင် ၂၃ သန်းဖြင့်ခေါ်ယူနိုင်ခဲ့သည်။ နယူးကာဆယ်အသင်းမှာလည်း ကာလမ်ဝီလ်ဆင်အတွက်သာ ပေါင် သန်း ၂၀ အသုံးပြုခဲ့ရပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ဖရေဆာ၊ ဂျက်ဖ်ဟန်းဒရစ်တို့ကို ပြောင်းရွှေ့ကြေးမဲ့ရရှိခဲ့သည်။

Most Read

Most Recent